မယ်စဲ့ စစ်ရှောင်ဦးရေ ၅၀၀၀ ထိရှိလာ၊ စားနပ်ရိက္ခာလိုအပ်နေဆဲဖြစ်

မယ်စဲ့ စစ်ရှောင်ဦးရေ ၅၀၀၀ ထိရှိလာ၊ စားနပ်ရိက္ခာလိုအပ်နေဆဲဖြစ်

ကရင်နီပြည် မယ်စဲ့မြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်နေရသူ စစ်ရှောင် ၅၀၀၀ ကျော်ထိ ရှိသွားပြီ ဖြစ်ပါတယ်။

ဇွန်လ ဒုတယပတ်ကစပြီး ဖြစ်ပွားလာခဲ့တဲ့ တိုက်ပွဲတွေရဲ့ နောက်ဆက်တွဲ အနေနဲ့ စစ်ပွဲကြောင့် ထွက်ပြေး တိမ်း ရှောင်နေကြတဲ့ စစ်ရှောင်ဦးရေတွေ တိုးလာပြီး လက်ရှိမှာ ၅၀၀၀ ကျော်အထိရှိနေပြီလို့ ကရင်နီ လူ့အခွင့် အရေး အဖွဲ့ တည်ထောင်သူ ဦးဗညား ကပြောပါတယ်။

“မယ်စဲ့မှာ နှစ်ထောင်ကျော် အစကတည်းက ရှိထားပြီးသားပဲ။ အခု နယ်ခံနဲ့ပေါင်းလိုက်ရင် သုံးထောင်ကျော်နဲ့ လေးထောင်။ အခုထိုင်းနိုင်ငံထဲ ပေါင်းလိုက်ရင် သုံးထောင်နဲ့ ခုနစ်ရာ ရောက်သွားပြီပေါ့နော။ ကျနော် update သိရသလောက်တော့ နောက်ပြီးတော့ တောထဲမှာလည်း ရှောင်သွားတဲ့လူတွေလည်းရှိတယ်ပေါ့နော်။ မယ်စဲ့ မြို့နယ်ထဲမှာတော့ ၅ ထောင် မအောက်တော့ဘူးပေါ့နော်။ အသစ်အဟောင်းပေါင်း ပေါ့နော်” လို့ ဦးဗညားက ပြောပါတယ်။

လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်သူတွေထဲက ၃၆၆၉ ဦးဟာ ထိုင်းနယ်စပ်မှာရှိတဲ့ မယ်စရင်းနဲ့ ခွန်ယွန်း စတဲ့ မယ်ဟောင်ဆောင် ခရိုင်တွေကို ရောက်ရှိနေပြီလို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ လက်ရှိမှာ ထိုင်းအာဏာပိုင်တွေက သူတို့ကို ယာယီနေထိုင်ဖို့ နေရာထိုင်ခင်းနဲ့ အစားအစာတွေကို ထောက်ပံ့ထားတယ်လို့ လည်း သတင်းထဲမှာ ဖော်ပြထားပါတယ်။

စစ်ရှောင်လူထုတွေအတွက် အရေးပေါ်စားနပ်ရိက္ခာ၊ နေရာထိုင်ခင်း၊ ဆေးဝါး လိုအပ်နေဆဲဖြစ်တယ်လို့ စစ်ရှောင်ကူညီပေးသူတွေက ပြောပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်၊ ကလေးမိခင်နဲ့ ကလေးငယ်တွေအတွက် ဆေးဝါးအထူးလိုအပ်နေတယ်လို့ သိရပါတယ်။

မယ်စဲ့မြို့နယ်အတွင်းနဲ့ ထိုင်းနယ်စပ်တွေမှာ စစ်ကောင်စီက လူအင်အားနဲ့စားနပ်ရိက္ခာဖြည့်တင်းမှုရှိနေပြီး လက် နက်ကြီးပစ်ခတ်မှု၊ လေယာဉ်ပစ်ခတ်မှုနဲ့ လေယာဉ်ကင်းထောက်တာတွေ ပြုလုပ်နေတဲ့အတွက် ဒေသခံတွေဟာ မနေရဲကြတော့ဘဲ ကြိုတင်တိမ်းရှောင်နေကြတာတွေရှိနေပါတယ်။

ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်းမှာ မယ်စဲ့မြို့နယ် အနီးက စစ်ကောင်စီတပ်စခန်း ၃ ခု နဲ့ မယ်စဲ့မြို့နယ် မြို့မ ရဲစခန်း ကို ကရင်နီတပ်မတော် KA၊ KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်သိမ်းယူခဲ့ပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ ဒီနေ့အချိန်ထိလည်း စစ်ရေးတင်းမာမှုတွေရှိနေပြီး လူထုတွေအတွက်လည်း လုံခြုံမှုမရှိလို့ ဇွန်လ တတိယပတ်ထိ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ဖြစ်ချင်းနေ့မှာတော့ ထိုင်းနယ်စပ်ဖက်ကို ထွက်ပြေးတိမ်းရှောင်နေကြသူတွေထဲမှာ မယ်စဲ့မြို့ခံတွေနဲ့ ဒီးမော့ဆို၊ ဖရူဆိုကနေ နယ်စပ်အမှတ် ၁၄ (BP 14) ကို လာရောက်တိမ်းရှောင်နေကြသူတွေ ပါဝင်တယ်လို့ ကူညီပေးနေသူတွေက ဆိုပါတယ်။

ဒါ့အပြင် မယ်စဲ့မြို့အနီး ဖားဆောင်းမြို့နယ် သံလွင်အရှေ့ဘက်ခြမ်းမှာလည်း အခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ် ပွားနေတဲ့ အတွက် လူထုတွေအနေနဲ့ သတိထားသွားလာကြဖို့ ဖားဆောင်း PDF က တိုက်တွန်းထားပါတယ်။

Most read this week

November 8, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာသုံးရွာက တောင်ယာစပါး...
November 8, 2024
တိုက်ပွဲဖြစ်ပွားနေတဲ့ ပင်လောင်းမြို့နယ်နဲ့ နီးစပ်တဲ့ ဖယ်ခုံမြို့နယ်ထဲက ကျေးရွာဒေသခံတွေဟာ...
November 7, 2024
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းက ရွှေညောင်ကုန်းစစ်ရှောင်စခန်းမှာ...
November 7, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ စက်တင်ဘာလအတွင်း ရေကြီးရေလျှံမှုဖြစ်ပြီးနောက်ပိုင်းကစလို့...