တဦးတည်း ကိုယ်စားလှယ် တင်ဒါပွဲ အပြီး မောင်တော ပြည်သူများ လန့်နေ

တဦးတည်း ကိုယ်စားလှယ် တင်ဒါပွဲ အပြီး မောင်တော ပြည်သူများ လန့်နေ
by -
ကုလားတန်

၂၀၁၂ ခုနှစ်၊ မတ်လ ၃ နေ့တွင် ကျင်းပသည့် တဦးတည်း ကိုယ်စားလှယ် တင်ဒါပွဲ အပြီး မောင်တောမြို့နေ ပြည်သူ လူထု များသည် ၎င်းတို့၏ စားဝတ်နေရေးအတွက် လှုပ်ရှားရာတွင် အခက်အခဲ့များ ရှိနိုင်မည် ဟု စိုးရိမ် ပူပန် ကြောက်လန့် နေကြောင်း၊ မောင်တောမြို့မှ ကုန်သည်တဦး၏ ပြောပြချက်အရ သိရသည်။

ယခုနှစ် တဦးတည်း ကိုယ်စားလှယ် တင်ဒါပွဲတွင် ယခင်နှစ်ထက် စျေးနှုန်းမှာလည်း နှစ်ဆ မြင့်တက် သွားသည့် အတွက် ကိုယ်စားလှယ်များ ကလည်း သူတို့၏ အခွန်များကိုလည်း နှစ်ဆ ကျော်တိုးမြင့် နိုင်သည့် အတွက် စားသုံးသူ ပြည်သူများလည်း ၎င်းတို့၏ စားသုံးစရိတ်မြင့်တက်သွားမည်ဖြစ်သည်။

သားသတ် လိုင်စင် ကိုယ်စားလှယ် အတွက် ယခုနှစ်တွင် ၁၂ သိန်း ပေးရ သော်လည်း ယခင်နှစ် နှင့်နှိုင်းယှဉ် လျှင် သိပ်မကွာ သော်လည်း၊ စျေးနှင့် လမ်းနှင့် ဘီးခွန် တွင်မူ ယခင်နှစ်ထက် နှစ်ဆ မြင့်တက်သွား ကြောင်း သိရသည်။

သားသတ် လိုင်စင် ကိုယ်စားလှယ် အဖြစ် မောင်မောင်သိန်း၊ စျေးအတွက် သံခဲ ခေါ် ပေါင်မဲ နှင့် လမ်းနှင့် ဘီးခွန် အတွက် မောင်ဇော်တို့ဖြစ်ကြောင်း သိရသည်။

တဦးတည်း ကိုယ်စားလှယ် တင်ဒါပွဲတွင် ယခင် စစ်ထောက်လှမ်းရေးဟောင်း (ဦးခင်ညွန့် လက်အောက်) တဦးဖြစ်သူ ကျော်စောသည် စျေးနှင့် လမ်းနှင့် ဘီးခွန် ကိုယ်စားလှယ် များ၏ လေလံတင်ပွဲတွင် မ ပါ၀င် လိုပါက ငွေ ကျပ် သိန်း ၁၀၀ ပေးရမည်ဖြစ်ကြောင်း ယခင်နှစ် ကိုယ်စားလှယ် ဟောင်း သံခဲ ခေါ် ပေါင်မဲ နှင့် မောင်ဇော်တို့မှ တောင်းဆိုခဲ့ကြောင်း ၎င်းလေလံတင်ပွဲတွင်ပါ၀င်သော အရာရှိတဦးမှ ပြောပြသည်။

ကျော်စောသည် မောင်တောတောင်ပိုင်းတွင် ငါးလုပ်ငန်း ကိုယ်စားလှယ်အဖြစ်လုပ်ကိုင်နေသူတဦးဖြစ်ပြီး တံငါးလုပ်ငန်းဖြင့် အသက် မွေးဝမ်း ကျောင်းနေသူများ အား အခွန် တိုးကောက် မှုကြောင်း ၎င်းတို့၏ ဘဝပျက်စီးသွားသည်။ ထို့နည်းတူ ယခု အချိန် တွင်လည်း  စျေးနှင့် လမ်းနှင့်ဘီးခွန် ကိုယ်စားလှယ် အဖြစ် လုပ်ကိုင်လိုသူတဦးဖြစ်ပြီး၊ မောင်တော စီးပွါးရေးကို တဦး ဦးပိုင်သဖွယ် ပြုလုပ်လိုသူ နှင့် မောင်တောရှိ လူများစု ရိုဟင်ဂျာများ အား တဦးတည်း ကိုယ်စားလှယ် စံနစ် မှ နှိပ်စက်လိုသူတဦးဖြစ်ကြောင်း သိရသည်။

တဦးတည်း ကိုယ်စားလှယ်လေလံတင်ပွဲကို ရခိုင်ပြည်နယ် စီးပွါးရေးဝန်ကြီး၊ စစ်တွေ စည်ပင်သာယာဦးစီးမှုး နှင့် အတူ တခြားအရာရှိများဖြင့် မောင်တောမြို့၊ သီရီမင်္ဂလာခန်းမဆောင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

Most read this week