ရခိုင်ကလေးငယ်် တစ်ဦး စစ်သားအဖြစ် စုဆောင်းခံရမူ အိုင်အယ်လ်အိုသို့ တိုင်ကြား

ရခိုင်ကလေးငယ်် တစ်ဦး စစ်သားအဖြစ် စုဆောင်းခံရမူ အိုင်အယ်လ်အိုသို့ တိုင်ကြား
by -
နိရဥ္စရာ

အသက် မပြည့်သော ကလေးငယ် တစ်ဦးကို စစ်သား အဖြစ် စုဆောင်းပြီး တပ်ထဲကို သွင်းလိုက်သည့်အပေါ် မိဘများက လူ့အခွင့်အရေး အဖွဲဲ့တစ််ခုမှ တဆင့် ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် အိုင်အယ်လ်အို သို့တိုင်ကြား လိုက်ကြောင်း သတင်း ရရှိသည်။

မြန်မာနိုင်ငံမှ ကလေးစစ်သား တစ်ဦးကို တွေ့ရစဉ် (ဓါတ်ပုံ- ဧရာဝတီ)
" ကျွန်တော်တို့ သက်သေ အထောက်အထားတွေနဲ့ တကွ မောင်ဦးလှဝင်းကို စစ်သား အဖြစ် စုဆောင်း သွားတာကို အခုအခါ အိုင်အယ်အို ရန်ကုန်ရုံးကို တိုင်ကြားလိုက်ပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကိုုလည်း တိုုင်ကြားထားပါတယ်။ များမကြာမှီမှာ အရေးယူ ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး လူပ်ရှားသူများ ကွန်ယက် (HRDP) တာဝန်ခံ ဦးမောင်မောင်လေးက ပြောသည်။

စစ်သားအဖြစ် စုဆောင်းခံရသူ မောင်ဦးလှဝင်းမှာ အသက် ၁၆ နှစ်သာ ရှိသေးပြီး ရခိုင်ပြည်နယ် ပေါက်တော မြို့နယ် တောင်ဖူးကျေးရွာမှ ဦမောင်စံဝင်း၏ သားဖြစ်သည်။

မောင်ဦးလှဝင်းအား လွန်ခဲ့သောနှစ်က ပွဲစား တစ်ဦးက လှည့်စား ခေါ်ယူသွားပြီးနောက်ပိုင်း စစ်တပ်ထဲကို သွင်းလိုက်သည်ဟု သိရသည်။

" အခု အဲဒီကလေးက လေ့ကျင့်ရေး ကျောင်းအမှတ် (၁၀)၊ အရာတော် မြို့နယ်၊ စစ်ကိုင်းတိုင်က သင်တန်းဆင်းပြီး အခု ထားဝယ် ခမရ (၄၀၉) မှာ တာဝန်ကျနေတယ်လို့ သိရပါတယ်။ သူ့ရဲ့ အသက် လက်ရှိ နေရပ်လိပ်စာ အပြည့် အစုံကိုလည်း အိုင်အယ်လ်အို ပို့ထားတယ်။ အခုကြားတာက ကလေးရဲ့ နာမည်ရင်းကို ၀ှက်ထားပြီး တစ်ခြား နာမည် အသစ်နဲ့ တပ်ထဲမှာ ထားတယ်လို့ သိရပါတယ်" ဟု သူက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် ကလေးစစ်သား စုဆောင်းမူမှာ ဆက်လက် တည်ရှိနေပြီး အများစု ကလေးငယ်များမှာ အကျပ်ကိုင် ခြိမ်းခြောက်၍၎င်း၊ လိမ်လည် လှည့်စား၍၎င်း၊ မက်လုံုးများ အမျိုးမျိုးပေး၍ စစ်တပ်ထဲကို သိမ်းသွင်းခံနေကြရပြီး မောင်ဦးလှဝင်းမှာ ခြိမ်းခြောက် အကျပ်ကိုင်ပြီး စစ်တပ်ထဲသို့ သိမ်းသွင်းခံရသည်ဟု ဦးမောင်မောင်လေးက ပြောသည်။

ကလေးစစ််သား အဖြစ် စုဆောင်းခံရသူများကို အိုင်အယ်လ်အို ဆောင်ရွက်ပေးမူကြောင့် ပြန်လည် လွှတ်မြောက်လာသော်လည်း သက်ဆိုင်ရာ မိဖများလက်သို့ ရောက်ရန် ၆ လ (သို့မဟုတ်) တနှစ်မှ ၂ နှစ်ထိ အချိန်ယူရသည်ဟု ဦးမောင်မောင်လေးက ပြောသည်။

" ကျွန်တော်တို့ အဖွဲဲ့အနေနဲ့ရော၊ အိုင်အယ်လ်အိုကပါ ဒီကိစ္စ တိုင်းတန်းလာရင် ချက်ချင်း အရေးယူ ဆောင်ရွက်ပေမယ့် တပ်မတော်ပိုင်းက ဆောင်ရွက်တဲ့ အပိုင်းမှာ အလွန်နှေးကွေးပါတယ်။ တရားဝင် ကလေး စစ်သား တစ်ဦး တပ်က ထွက်ခွင့်ရဖို့ ဆောင်ရွက်ရတာ အနည်းဆုံး ၆ လ (သို့မဟုတ်) တနှစ်ကနေ ၂ နှစ်ထိ ကြာတတ်ပါတယ်။ အစိုးရပိုင်းနဲဲ့ တပ်မတော်ပိုင်းက ဆောင်ရွက်တာမှာ အားနည်းနေတဲ့ သဘောမျိုး ဖြစ်ပါတယ်" ဟု ပြောသည်။

ယခု မောင်ဦးလှဝင်း အရေးကို ဆောင်ရွက်နေသည့် မြန်မာ နိုင်ငံ လူ့အခွင့်အရေး မြှှင့်တင်သူများ ကွန်ယက်မှာ တရားဝင် မှတ်ပုံတင် ခွင့် မရရှိသေးသော်လည်း မြန်မာနိုင်ငံမှ ကလေးစစ်သားများ အရေးကိစ္စများ အပါအဝင် လူ့အခွင့်အရေး ကိစ္စများကို ဆောင်ရွက်နေသော အဖွဲ့ဖြစ်သည်။

မြန်မာ နိုင်ငံ လူ့အခွင့်အရေး မြှှင့်တင်သူများ ကွန်ယက်ကို ရခိုင်ပြည်နယ်တွင်လည်း ဖွဲ့စည်ထားပြီး ယခုကဲ့သို့ အသက်မပြည့်သူ မောင်ဦးမောင်လှဝင်းအား ကလေးစစ်သား အဖြစ် စုဆောင်းထားသွားခြင်း အပေါ် ရခိုင်ပြည်နယ် ကွန်ယက် က ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့က စာအမှတ် ၁ မျဉ်းစောင်း ၂၀၁၂ ဖြင့် ကျေညာချက် ထုတ်ပြန်ပြီး မြန်မာ အစိုးရအား ပြင်းပြင်းထန်ထန် ကန့်ကွက်ထားသည်။

" မြန်မာနိုင်ငံမှာ အစိုးရသစ်မှ ကလေးစစ်သား စုဆောင်းမူ မရှိတော့ပါဘူးဟု ပြောဆိုပြီး ကလေးစစ်သားများ စုဆောင်းနေခြင်းမှာ ကမ္ဘာ ပြည်သူများနှင့် မြန်မာ ပြည်သူများအား ဗြောင်ကျကျ လိ်မ်ညှာနေမူသာ ဖြစ်ကြောင်း" ကျေညာချက်တွင် ဖေါ်ပြသည်။

Most read this week