မြိုတိုင်းရင်းသားပါတီ ပေါ်ပေါက်လာမူကို ရတပပါတီကြိုဆို

မြိုတိုင်းရင်းသားပါတီ ပေါ်ပေါက်လာမူကို ရတပပါတီကြိုဆို
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်မှ လူနည်းစု မြိုတိုင်းရင်းသား ပါတီ တစ်ခု ထပ်မံ ပေါက်ပေါက် လာသည့် အပေါ် မိမိတို့မှ ကြိုဆိုကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ပြောသည်။

မြိုတိုင်းရင်းသားပါတီ ပေါ်ပေါက်လာမူကို ရတပပါတီကြိုဆို
ဖေဖေါ်ဝါရီ ၂၈ ရက်နေ့က ပြည်ထောင်စု ရွှေးကောက်ပွဲ ကော်မရှင်က မြိုတိုင်းရင်းသား ပါတီအား ကြေညာ ချက် အမှတ် (၁၃မျဉ်းစောင်း ၂၀၁၂)ဖြင့် နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့် ပြုကြောင်း ကျေညာခဲ့သည့့် နောက်ပိုင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ထိုသို့ ကြိုဆိုလိုက်ခြင်း ဖြစ်သည်။

" ကျွန်တော်တို့ အနေနဲ့ ရခိုင်ပြည် နယ်မှာ နောက်ထပ် တိုင်းရင်းသား ပါတီ တစ်ခု ပေါ်ပေါက်လာတဲ့ အတွက် ၀မ်းသာပါတယ်။ ကျွန်တော်တို့ ပါတီအနေနဲ့ကလည်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီပါ။ ကျွန်တော်တို့ ရခိုင်ပြည်မှာ ရှိတဲ့ ရခိုင်တဦးတည်းနဲ့ ဖွဲ့စည်းထားတဲ့ ပါတီမဟုတ်ပါဘူး။ မြို၊ ဒိုင်းနက်၊ သက်၊ ခမီး စတဲ့ အားလုံးသော လူမျိုးတွေ တန်းတူအခွင့်အရေး ရရှိရေးအတွက် ဖွဲ့စည်းထားတဲ့ ပါတီတခုဖြစ်တဲ့ အတွက်ကြောင့် ညီနောင် ပါတီတခု ပေါ်လာတယ် လို့ဘဲ မှတ်ယူပါတယ်။ ကျွန်တော်တို့ ကြိုဆိုပါတယ်" ဟု ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောကပြောသည်။

၎င်းပြင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီ အနေဖြင့် ရခိုင်ပြည်နယ် အတွင်းမှ တခြား တိုင်းရင်းသား ပါတီများနှင့် အနာဂတ်တွင် လက်တွဲ ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ယခုလို ပြောသည်။

" ကျွန်တော်တို့က ဥပမာအားဖြင့် လက်တွေ့ပြဿနာဆိုရင် ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ချင်း အနွယ်ဝင်တွေ ဖွဲ့စည်းပုံအားဖြင့် ရာခိုင်နှုန်းပြည့်တဲ့ အတွက်ကြောင့် တိုင်းရင်းသားရေးရာဝန်ကြီး တစ်နေရာ ရရှိပါတယ်။ အဲဒီ တိုင်းရင်းသားရေးရာ ၀န်ကြီးဟာ အခုတောာ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ဖြစ်ပါတယ်။ ကျွန်တော်တို့က အဲဒီလို မဟုတ်ဘဲနဲ့ တကယ့် ချင်း တိုင်း ရင်းသားပြည်သူတွေ အမှန်တကယ်ကိုယ်စားပြု တဲ့ ခေါင်းဆောင်တွေ ပေါ်ထွန်းလာဖို့အတွက် ကျွန်တော်တို့က အားပေး ရမယ်။ မြေတောင် မြှောက်ပေး ရမယ်။ အဲဒါကြောင့် ဒီလို ပါတီတွေ ပေါ်လာတာကို ကျွန်တော်တို့ အားပေးပါတယ်။ လက်တွဲပြီးတော့ သူတို့ရဲ့ ရသင့်ရထိုက်တဲ့ ရပိုင်ခွင့်တွေကို တောင်း ဆိုသွားဖို့ အသင့်ရှိပါတယ်" ဟု ပြောသည်။

မြိုတိုင်းရင်းသားများ ပါတီသည် ဘူးသီးတောင်မြို့ အမှတ် (၄) ရပ်ကွက်သစ်တွင် ပါတီရုံးချုပ်အား ဖွင့်လှစ် ထားပြီး ရခိုင်ပြည်နယ် အတွင်းမှီတင်းနေထိုင်ကြသောမြိုတိုင်းရင်းသားများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲတွင် ရခိုုင်ပြည်နယ်မှ မြို (ခေါ်)ခမီး အမျိုးသားပါတီမှာ အမတ် တစ်နေရာ အနိုင်ရရှိခဲ့ပြီး ယခု မြိုတိုင်းရင်းသား ပါတီမှာ မြိုလူမျိုးများသက်သက်ဖြင့် ဖွဲ့စည်းထားကြောင်း သတင်း ရရှိသည်။ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တောင်ပိုင်းတွင် နေထိုင်ကြသော မြိုလူနည်းစု တိုင်းရင်းသားများ လူဦးရေကို မခန့်မှန်းနိုင်သော်လည်း အနည်းဆုံး လူဦးရေ (၂) သောင်းကျော်ခန့်ရှိနိုင်သည်ဟု လေ့လာသူ များက ပြောသည်။

Most read this week