မူစယ်ဒေသတွင်း ကုန်သယ်ယူခွင့် မသမာမှုရှိဟုဆို

မူစယ်ဒေသတွင်း ကုန်သယ်ယူခွင့် မသမာမှုရှိဟုဆို
by -
သျှမ်းသံတော်ဆင့်

မူစယ်အုပ်ချုပ်ရေးအာဏာပိုင်များ အမိန့်ဖြင့် ခွင့်ပြုထားသော တရုတ်နယ်စပ်မှ ကုန်ပစ္စည်းများ ဒေသတွင်း သယ်ယူရာတွင် မသမာမှုများ ရှိနေကြောင်း မူစယ်ကုန်သည်အသိုင်းအဝိုင်းက သျှမ်း သံတော်ဆင့်သို့ ပြော သည် ။

musae_105_mile
အကောက်အခွန်ဋ္ဌာန၌ ဂျူတီခွန်ဆောင်စရာမလိုပဲ ယာဉ်တစ်စီး သယ်ယူခွင့်အတွက် မူစယ် အုပ်ချုပ်ရေးအဖွဲ့ သို့ ကျပ်သိန်း ၂၀ ပေးဆောင်ရသည့် ၎င်းအစီအစဉ်ကို လွန်ခဲ့သည့် ၂ လ ခန့်က စတင်ခဲ့ကြောင်း သိရသည် ။

မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ဖြတ်ကျော်ခွင့်မပြုပဲ ဒေသတွင်း၌သာ သယ်ယူခွင့်ပြုထားရာ သယ်ယူသူ များက ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ဖြတ်ကျော် သယ်ယူကာ ခွင့်ပြု ပစ္စည်းအမျိုး အစားနှင့် သယ်ယူသည့် ပစ္စည်းကွဲလွဲမှုရှိကြောင်း ကုန်သည်တစ်ဦးက ထောက်ပြပြောဆိုသည်။

“တရုတ်ပြည် ကျယ်ဂေါင်ကနေ  မန်ဝိန်းပေါက် ဆင်ဖြူပေါက်တွေက တဆင့် မူစယ်ဘက်ကို သယ်တာပေါ့နော် အဲလိုသယ် တဲ့အခါ ခွင့်ပြုပစ္စည်းကို အပေါ်ကနေ ဖုံးပြီး အောက်မှာ စာရင်း ထဲမပါတဲ့ ကုန်တွေသယ်တယ် ခွင့်ပြုချက်က ၁၀၅ မိုင် မကျော်ရဘူး ဒါပေမဲ့  ၁၀၅ မိုင်ကျော်ပြီး အတွင်းထဲအထိသယ်တယ် မူစယ်ခရိုင်နဲ့မြို့ နယ်အုပ်ချုပ်ရေးမှူး အမိန့်နဲဆိုတော့ ဘယ်သူမှ မဖမ်းဘူးပေါ့နော် အဲလိုမျိုးတွေဖြစ်နေတယ် ” ဟု ဆိုသည်။

အဆိုပါ ခွင့်ပြုချက်ဖြင့် ဒေသတွင်းပစ္စည်းများ သယ်ယူရာတွင် အမြတ်အစွန်းရသည့် ဆောက် လုပ်ရေးသုံး ပစ္စည်းများ အများဆုံး သယ်ယူနေကြောင်း သိရသည်။

Most read this week