ရွှေသဘာဝ ဓါတ်ငွေ့ အကျိုး ခွဲဝေခံစားခွင့် ရရှိရေး ကျောက်ဖြူတွင် လူပ်ရှားမူ ပြုလုပ်

ရွှေသဘာဝ ဓါတ်ငွေ့ အကျိုး ခွဲဝေခံစားခွင့် ရရှိရေး ကျောက်ဖြူတွင် လူပ်ရှားမူ ပြုလုပ်
by -
နိရဥ္စရာ

ရခိုင်က ထွက်သော သဘာဝဓါတ်ငွေ့ကို ရခိုင်ပြည်နယ် အတွက် အကျိုးတူ ခွဲဝေ သုံးစွဲခွင့် ရရေး အတွက် ငြိမ်းချမ်းစွာ တောင်းဆိုပွဲ တစ်ခုကို ကျောက်ဖြူမြို့တွင် ယနေ့ နံနက်က ပြုလုပ်ခဲ့ကြကြောင်း သတင်း ရရှိသည်။

kyauk-phyu-protest-against-Arakan-Shwe-gas-2
" ဟုတ်ပါတယ်။ လူငယ် ၅၀ ခန့်က ဦးဥတ္တမလမ်းက နဂါးကွင်းမှာ နံနက် ရ နာရီခွဲခန့်မှာ စုဆုံပြီးတော့ ကားနှစ်စီးနဲ့ အတူ ကံ့ကော်တော ဘုရားကို သွားကြပါတယ်။ ကံ့ကော်တော ဘုရားက ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းရုံးနဲ့လည်း ကပ်နေတော့ အဲဒီမှာ သွားပြီး ဆုတောင်းပွဲသွားလုပ်ကြတာ ဖြစ်ပါတယ်" ဟု ဦးဆောင် လူပ်ရှားတွင် ပါ၀င်သူ ကျောက်ဖြူ လူငယ် တစ်ဦးက ပြောသည်။

ရခိုင်က ထွက်သော သဘာဝဓါတ်ငွေ့ကို ရခိုင်ပြည်နယ် အတွက် အကျိုးတူ ခွဲဝေ သုံးစွဲခွင့် ရရေး လူပ်ရှားသူ လူငယ်များသည် Our Gas, Our Future ဟု စာတန်းများရေးထိုးထားသော တီရှပ် အကျီ်များကို ဆင်တူ ၀တ်ဆင်ပြီး လူပ်ရှားမူ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ ယနေ့ မတ်လ ၁ ရက်နေ့သည့် ကမ္ဘာလုံးဆိုင်ရာ ရွှေသဘာဝ ဓါတ်ငွေ့ ဆန့်ကျင် ကန်ကွက်မူ ပြုလုပ်သည့်နေ့လည်း ဖြစ်သည်။

" ကျွန်တော်တို့ အကျိင်္တွေကို ဆင်တူ ၀တ်ဆင်ပြီး ကားပေါ်မှာလည်း ရခိုင်ပြည်နယ် သဘာဝ ရွှေဂတ်စ်မှ စွမ်းအင်ကို ရခိုင်ပြည်သူများ သုံးစွဲခွင့် ရရှိရေး စာတန်းပါ ဆိုင်းဘုတ်တွေကိုလည်း ကားပေါ်မှာ ကပ်ပြီး သွားကြပါတယ်။ လူပ်ရှားရတာက အားရ ကျေနပ်စရာကောင်းပါတယ်။ ဒါပေမယ့် ခရိုင်၊ မြို့နယ်၊ စရဖက လားပြီးတော့ မေးတာ မြန်းတာတွေ ပြုလုပ်ခဲ့ပါတယ်" ဟု ပြောသည်။

ကျောက်ဖြူ ခရိုင်၊ ဥက္ကဌ၊ မြို့နယ် ဥက္ကဌ၊ ရဲ၊ စရဖမှ တာဝန်ရှိသူများသည် လူငယ်များ ငြိမ်းချမ်းစွာ စုဝေး လူပ်ရှားမူ ပြုလုပ်ရာ ကံ့ကော်တော ဘုရားသို့ လိုက်လာပြီး လူငယ်များအား ပို့ဆောင်သော ကားများ၏ လိုင်စင်များကို စစ်ဆေးခြင်း၊ လူငယ်များအား မေးမြန်းခြင်းများ ပြုလုပ်သွားကြောင်း သိရသည်။

" သူတို့က နောက်ထပ် ဘာတွေ လုပ်ဖို့ အစီအစဉ်ရှိသေးသလဲ ဆိုပြီး မေးပါတယ်။ ကျွန်တော်တို့က နောက်ထပ် ဘာမှ မရှိဘူး။ ရခိုင်ပြည်နယ်က ထွက်တဲ့ ဂတ်စ်ကို ရခိုင်ပြည်အတွက် အကျိုးတူး ခွဲဝေခံစားခွင့် ရရေး အတွက် တောင်းဆိုတာ ဖြစ်ပါတယ််။ ကျျွန်တော်တို့ လိုလားတာက အကျီင်္မှာပါတဲ့ စာတန်းနဲ့ သဘောထား အတူတူဘဲ ဆိုပြီး ပြန်ပြောလိုက်ပါတယ်။ ကားတွေကို လိုင်စင် ရှိလား။ ဘာလားဆိုပြီး စစ်ဆေးပါတယ်။ ဖမ်းတာ ဆီးတာတွေတော့ မရှိပါဘူး" ဟု ပြောသည်။

ကျောက်ဖြူတွင် လူအတော်များများသည် ရွှေဂတ်စ်လူပ်ရှားမူ အကျီင်္များကို ၀တ်ဆင်ပြီး စျေဝယ်သွားခြင်း၊ လဘက်ရည်ဆိုင်များတွင် ထိုင်နေခြင်းများကိုလည်း ယနေ့တွင် ထူးထူးခြားခြားတွေ့ရပြီး သူတို့ လူပ်ရှားမူကို ကျောက်ဖြူ တစ်မြို့လုံးက ထောက်ခံသည်ဟု ပြောဆို၍ ရကြောင်း သူက ပြောသည်။

" အခု လူပ်ရှားမူက ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာလည်း လုပ်ပြီးပြီ။ ကျောက်ဖြူမှာက အခုဘဲ စလုပ်နိုင်တယ်။ လူထု ထောက်ခံမူ ရှိတဲ့ ဒီအလုပ်ကို လုပ်သင့်နေတာကတော့ ကြာနေပါပြီ။ ကျွန်တော်တို့က ရွှေဂတ််စ် စီမံကိန်းကို ရပ်တန့်ဖို့ တောင်းဆိုတာ မဟုတ်ဘူး။ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် လုပ်တာကို ကျွန်တော်တို့ မကန့်ကွက်ဘူး။ ဒါပေမယ့် အဲဒီ ရွှေဂတ်စ်က ရတဲ့ စွမ်းအင်ကို ရခိုင်ပြည်နယ် အတွက်လည်း သုံးစွဲပါ။ဒါကို ကျွန်တော်တို့ တောင်းဆိုတာ ဖြစ်ပါတယ်" ဟု ပြောသည်။

မြန်မာ အစိုးရသည် ရခိုင်ပြည်နယ်မှ ထွက်သော ဂတ်စ်အား ရခိုင်ပြည်နယ်တွင် တစ်စုံတရာ အသုံးမပြုဘဲ ၉၀ ရာနုန်းကို တရုတ်ပြည်သို့ ရောင်းချပြီး ကျန် သဘာဝဓါတ်ငွေ့များကို မကွေးတိုင်းနှင့် မန္တလေးတိုင်းများတွင် စက်ရုံများ တည်ဆောက်ကာ အသုံးပြုမည်ဟု ကျေညာ ပြောဆိုထားသဖြင့် အစိုးရ၏ လုပ်ရပ်နှင့် ပတ်သက်ပြီး ရခိုင်ပြည်သူများ အကြား အထူး မကျေနပ်မူများ တိုးပွားနေကြောင်း သိရသည်။

သို့အတွက် ရွှေသဘာဝ ဓါတ်ငွေ့မှ စီမံကိန်းမှ ရရှိသော စွမ်းအင်ကို ရခိုင်ပြည်နယ် အတွင်း ခွဲဝေ သုံးစွဲခွင့် ရရေး အတွက် တောင်းဆိုမူမှာ ကျယ်ကျယ်လောင်လောင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

မြန်မာ အစိုးရသည် ရခိုင် သဘာဝ ဓါတ်ငွေ့ လုပ်ကွက် A-3 နှင့် A- 1 မှ ထွက်သော သဘာဝဓါတ်ငွေ့များကို ၂၀၁၃ ခုနှစ်မှ စတင်ပြီး တရုတ်ကို လက်ရှိ တည်ဆောက်နေသော ပိုုက်လိုင်းများမှ တဆင့် ရောင်းချတော့မည် ဖြစ်သည်။ ထိုသို့ ရောင်းချသဖြင့် နှစ်ပေါင်း ၃၀ အတွင်း မြန်မာ အစိုးရသည် အမေရိကန် ဒေါ်လာ ၂၉ ဘီလီယံ ကျော် ရရှိမည် ဖြစ်သည်။

Most read this week