ရန်ကုန် ရွှေဂတ်စ် လှုပ်ရှားသူ ၉ ဦး စစ်ဆေး မေးမြန်းခံရ

ရန်ကုန် ရွှေဂတ်စ် လှုပ်ရှားသူ ၉ ဦး စစ်ဆေး မေးမြန်းခံရ
by -
နိရဥ္စရာ

ရန်ကုန်မြို့တွင် ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း ဆန့်ကျင်ရေး လူပ်ရှားမူ ပြုလုပ်သူ (၉) ဦးကို အာဏာပိုင်များ က စစ်ဆေး မေးမြန်းမူများ ပြုလုပ်ခဲ့သည်။

Rangoon-protest-against-Arakan-Shwe-gas
စစ်ဆေး မေးမြန်းခံရသူ ဒေါ်မာမာက ယခုလို ပြောသည်။

" နိုင်ငံတကာ ရွှေဂတ်စ်ရပ်တန့်ရေး လှုပ်ရှားမှုကို ကျွန်မတို့က ရန်ကုန် သာကေတ မြို့နယ်မှာ ဒီကနေ့မှာ ပြုလုပ်ခဲ့ပါတယ်။ ကျွန်မတို့ကို အာဏာပိုင်တွေက အုပ်ချုပ်ရေးမှူးရုံးကို ခေါ်ယူသွားပြီး စစ်ဆေးမေးမြန်းမူ တွေ ပြုလုပ်ပါတယ်။ ကျွန်မတို့ အကုန်လုံး ၉ ဦးပါ။"

စစ်ဆေးခံရသူ ၉ ဦးထဲတွင် ရခိုင် ၃ ဦးနှင့် ဗမာအမျိုးသား ၆ ဦးတို့ ဖြစ်ကြသည်။

" ကျွန်မကို တိုင်းရင်းသားကျေးရွာက အုပ်ချုပ်ရေးမှူးရုံးကို ခေါ်သွားပြီး မိနစ် ၂၀ လောက် စောင့် ခိုင်းထား တယ်။ ပထမတော့ သူတို့က ကျွန်မတို့ ၅-ယောက်ကို စစ်ဆေးမယ်ဆိုပြီး လုပ်နေတယ်။ နောက်ထပ် လမ်းပေါ်က တီရှပ် အကျီ ်တွေဝတ်ထားတဲ့ လူ ၄ ယောက်ကို ဖမ်းခေါ်လာတော့ စုစုပေါင်း ၉ ယောက် ဖြစ်သွားတယ်။ သူတို့မေးမြန်းတာက ဘာကြောင့် လုပ်တယ်။ တရားမဝင် စာရွက်စာတန်း ဖြန့်တဲ့အတွက် ဥပဒေနဲ့ ငြိမ့်တယ်ဆိုပြီး ပြောပါတယ်" ဟု ဒေါ်မာမာက ပြောသည်။

ဒေါ်မာမာအား ရန်ကုန်တိုင်း သာကေမြို့နယ် တိုင်းရင်းသားကျေးရွာတွင် နေထိုင်ကြသော ရခိုင်အမျိုးသား နေအိမ်များတွင် လူပ်ရှားမူကို စတင်ရန် တီရှပ်အကျင်္ီများ လိုက်လံ ဖြန့်ဝေနေစဉ် ရပ်ကွက် အုပ်ချုပ်ရေးမှု၊ ရဲထောက်လှမ်းရေးတဦးနှင့် မြို့နယ်အုပ်ချုပ်ရေး အရာရှိ ဦးစန်းမောင်တို့က လာရောက်ခေါ်သွားခြင်းဖြစ် သည်။

" ကျွန်မကို သူတို့ ခေါ်သွားတာက မနက် ၈ နာရီခန့်မှာပါ။ သူတို့ ရောက်လာပြီး ခေါင်းဆောင် ဘယ်သူလဲ ဆိုပြီး မေးတယ်။ ကျွန်မက ခေါင်းဆောင်းဆိုတော့ ကျွန်မကို ခေါ်သွားတယ်။ ပထမ ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးကို ခေါ်သွားတယ်။ နောက်မြို့နယ်ရုံးကို ခေါ်သွားတယ်။ အဲဒီမှာ စစ်ဆေးပြီး လက်မှတ်ရေးထိုးခိုင်း တယ်။ နေ့လည် ၁ နာရီခွဲခန့်မှာ ပြန်လွတ်ပေးလိုက်ပါတယ်။ " ဟု သူမက ပြောသည်။

Yangoon-protest-against-Arakan-Shwe-gas
ဒေါ်မာမာက အခြေအနေများကို ယခုလို ဆက်ပြောသည်။

" သူတို့က အုပ်ချုပ်ရေးမှူးရုံးကို ရောက်တော့ ရဲသတင်းတပ်ဖွဲ့ကို ဖုန်းဆက်တယ်။ ဆက်တော့ ရဲ့ ၃ ပွင့်နဲ့ ပုဂ္ဂိုလ်တွေ ၁-ပွင့်နဲ့ နာမည်မသိတဲ့ ပုဂ္ဂိုလ်တွေ တိုင်းရင်းသား ကျေးရွာက ရုံးခန်းကို ရောက်လာတယ်။ ကျမတို့ကို စစ်ပြီးတော့ အထက်ကို တင်ပြတယ်။ အထက်က လွတ်ပေးလိုက်ပါဆိုတော့ သာကေတမြို့နယ် အုပ်ချုပ်ရေးမှုရုံးကို ခေါ်ပြီးလက်မှတ် ထိုးခိုင်းတယ်။ မာမာ ကတော့ စာရွက် တွေ ဖြန် ့ချီကြောင်းလက်မှတ်ပါ ထိုးပေးခဲ့ရတယ်" ဟု ပြောသည်။

ယနေ့ ရန်ကုန် လှုပ်ရှားမှုတွင် လူပေါင်း ၃၀၀ ခန့်ပါ၀င်ပြီး Our Gas Our Future ဟု ရေးသားထားသည့် တီရှပ်များကို တူညီဝတ်ဆင်ကာ လူပ်ရှားခဲ့ကြခြင်း ဖြစ်သည်။

Most read this week