ရခိုင်ပြည်နယ် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး စာတန်းဖတ်ပွဲ ရန်ကုန်တွင် ပြုလုပ်

ရခိုင်ပြည်နယ် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး စာတန်းဖတ်ပွဲ ရန်ကုန်တွင် ပြုလုပ်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် တစ်ခုလုံးတွင် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး အတွက် စာတန်းဖတ်ပွဲ တစ်ခုကို ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။

Shwe-Gas-meeting-in-Yangon
" အခမ်းအနားကို ရန်ကုန်မြို့ ဒို့ရိုးရာ စားသောက်ဆိုင်မှာ ပြုလုပ်တာ ဖြစ်ပါတယ်။ စာတန်းက ကျွန်တော် တစ်ယောက်တည်း ဖတ််တာပါ။ လူပေါင်း ၃၀၀ ခန့် စာတန်းဖတ်ပွဲကို တက်ရောက်ခဲ့ပါတယ်" ဟုစာတန်း ရှင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဒုဥက္ကဌ ဦးတင်ဝင်းက ပြောသည်။

စာတန်းတွင် ရခိုင်ပြည်နယ် အတွင်း လျှပ်စစ် ဓါတ်အားသုံးစွဲနေမူနှင့် လက်ရှိ လျှပ်စစ်မီး ပေးဝေနေသာ အနေထားများကို စာတန်းရှင် ဦးတင်ဝင်းမှ တချက်ချင်း ရှင်းလင်း တင်ပြသွားသည်ဟု ဆိုသည်။

" ကျွန်တော်တို့ ရခိုင်ပြည်မှာ မီး ၂၄ နာရီကို ရွှေဂတ်စ်က ရရှိဖို့အတွက် စာတမ်းဖတ်ပွဲကို လုပ်တာပါ။ ကျွန်တော် အနှစ်ချုပ် ပြောချင်တာကတော့ ကျွန်တော်တို့ ကျောက်ဖြူမှာ သဘာဝဓါတ်ငွေ့သုံးဓါတ်အား ပေးစက်ရုံ တည်ဆောက်ခွင့် ပေးပါ။ ကျွန်တော်တို့ကို ရခိုင်က ထွက်တဲ့ ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းက တရက်ကို ၃၆ မီလီယံ ကုဗပေ အသုံးပြုခွင့်ပေးပါ။ ဒါကိုဘဲ တောင်းတာပါ" ဟု သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိလာခဲ့ပြီးနောက်ပိုင်း လျှပ်စစ် ဓါတ်အား အနည်းဆုံးသုံးစွဲ ခွင့် ရသော ပြည်နယ် တစ်ခု ဖြစ်ပြီး မြို့နယ် ရုံးစိိုက်ရာ မြို့များတွင် တစ်နေ့ (၂) နာရီ ကျော်ကျော်သာ လျှပ််မီးရပြီး ကျေးလက်တောရွာများတွင် အစိုးရမှ ဖြန့်ဝေသော လျှပ်စစ်မီးများကို ယနေ့ထိ ရရှိခံစားခြင်း မရှိကြောင်း သိရသည်။
Shwe-Gas-meeting-Yangon
" ရခိုင်ပြည်နယ်ဟာ လျှပ်စစ်မီး အခြေအနေနဲ့ ပတ်သက်ပြီး ပြောရရင် အဆိုးဆုံး အဆင့်မှာ ရှိနေပါတယ်။ လျှပ်စစ်ဓါတ်အား သုံးစွဲမှုက ၀.၈ အဆင့်ဘဲ ရှိပါတယ်။ လူသုံးစွဲမှုက ၀.၆၉ အဆင့်ဘဲ ရှိပါတယ်။ မီတာ အလုံးအရေ အတွက်က ၁.၃၆ အဆင့်ဘဲ ရှိပါတယ်။ ဗမာတပြည်လုံးနဲ့ စာရင်ပေါ့။ အခြေအနေက အရမ်းကို ဆိုးရွားနေပါတယ်" ဟု ဦးတင်ဝင်းက ပြောသည်။

ယခု တင်ပြသော စာတန်းမှာ ရခိုင်ပြည်နယ် လျှပ်စစ်မီး အခန်းကဏ္ဍနှင့် ပတ်သက်ပြီး ပြည်သူသို့တင်ပြ သော စာတန်းသာ ဖြစ်ပြီး ပြည်သူများ၏ အမြင်သဘောများကို လက်ခံ ရရှိပြီးမှ ဆက်လက်လုပ်ဆောင်သွား မည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

" ဒီစာတန်းကို တင်ပြပြီးတဲ့ အခါ အစိုးရ အပိုင်းက ဘယ်လို တာဝန်ယူမှုတွေ ရှိလာမလဲဆိုတာနားထောင် ရမယ်။ ပြည်သူတွေဘက်က တုန့်ပြန်မူ သဘောထားတွေကိုလည်း စုဆောင်းသွားမယ်။ ဘာဆက်လုပ်မလဲ ဆိုတာကတော့ ကျွန်တော်တို့မှာ အစီအစဉ် ရှိပါတယ်။ ဒါတွေက ထွက်ပေါ် လာမယ့်အခြေအနေအပေါ် မှာဘဲ ဆက်လုပ်ရသွားမှာ ဖြစ်ပါတယ်" ဟု ဦးတင်ဝင်းက ပြောသည်။

ရခိုင်ပြည်နယ်် ကမ်းရိုးတန်းတွင် အာရှတွင် အကြီးမားဆုံးသော သဘာဝ ဓါတ်ငွေ့သိုက်ကြီးများကို တွေ့ရှိထားသော်လည်း အုပ်ချုပ်သူ အစိုးရက အဆိုပါ သဘာဝ ဓါတ်ငွေ့များကို နိုင်ငံခြား တိုင်းပြည်များသို့ ရောင်းချရန်သာ စိတ်ဝင်စားနေပြီး ရခိုင် ဒေသ ဖွံ့ဖြိုးရေး အတွက် တစ်စုံတစ်ရာ လုပ်ဆောင်ရန် အစီအစဉ် မရှိခြင်းကြောင်း အစိုးရ လုပ်ရပ် အပေါ် ဒေသခံ ရခိုင်ပြည်သူများ သာမက မြန်မာ ပြည်သူများကပါ မကျေနပ်မူများ တိုးပွားနေကြောင်း သတင်းများ ရရှိသည်။

Most read this week