NLD ရုံးဆိုင်းဘုတ် တင်ပွဲနှင့် ဖွင့်ပွဲ ကျောက်ဖြူမြို့တွင် ပြုလုပ်

NLD ရုံးဆိုင်းဘုတ် တင်ပွဲနှင့် ဖွင့်ပွဲ ကျောက်ဖြူမြို့တွင် ပြုလုပ်
by -
နိရဥ္စရာ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ကျောက်ဖြူမြို့နယ် ရုံးုဆိုင်းဘုတ်တင်ပွဲနှင့် ရုံးဖွင့်ပွဲကို ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့သည်။

NLD-office-in-Kyauk-Pru

ကျောက်ဖြူတွင် ယခုရုံး ဖွင့််လှစ်မူမှာ ရခိုင်ပြည်နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးဖွင့်ပွဲ (၆) ရုံးမြောက် ဖြစ်သည်။ ရုံးအား ကျောက်ဖြူမြို့ မြစ်နားတန်းရပ်ကွက်ရှိ ဦးအောင်သောင်း နေအိမ်တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ယာယီ ဥက္ကဌ ဦးမောင်ကြွင်းအောင်က ဖဲကြိုး ဖြတ် ဖွင့်လှစ်ပြီး အဖွင့်အမှာစကား ပြောကြားသည်။

" ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ပါတီရဲ့ မူဝါဒတွေကို အကောင်အထည်ဖေါ်ရန်နဲ့ ပြည်သူတွေကို စည်းရုံးရေး လုပ်ဆောင်နိုင်အောင် ရည်ရွယ်ပြီး ရုံးတွေကို ဖွင့်လှစ်တာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ပြည်သူ တရပ်လုံး လိုလား နေတဲ့ ဒီမိုကရေစီလမ်းစဉ်ကို အကောင်အထည် ဖေါ်နိုင်အောင်နဲ့ ရခိုင်ပြည်နယ် အဖွဲ့ချုပ်ကို ပြန်လည် ပြင်ဆင် ဖွဲ့စည်းပြီးတော့ နောက် ထပ် ပါတီဝင်တွေကို စုစည်းဖို့ရည်ရွယ်ချက်တွေနဲ့ ဖွင့်တာပါ" ဟု ဦးမောင်ကြွင်းအောင်က ပြောသည်။

NLD အနေနဲ့ လာမည့် ၂၀၁၅ ခုနှစ်တွင် ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ၀င်နိုင်ရေး အတွက် စည်းရုံးမူများကို စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သူက ပြောသည်။ ရခိုင်ပြည်နယ်အတွင်း NLD ရုံးဖွင့်လှစ်ပြီးသော မြို့နယ်များမှာ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်၊ မာန်အောင်၊ စစ် တွေနှင့် ကျောက်ဖြူမြို့နယ်တို့ ဖြစ်သည်။

၎င်းအပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပြည်နယ် ရုံးကိုလည်း ဆက်လက် ဖွင့် လှစ်သွားရန် အစီအစဉ် ရှိသည်ဟု ဦးမောင်ကြွင်းအောင်က ပြောသည်။

" ကျွန်တော်တို့က မြို့နယ်တိုင်းမှာ ဖွင့်လှစ်ဖို့ အစီအစဉ်ရှိပါတယ်။ အဂု စစ်တွေမြို့နယ်ရုံးကို ဖွင့်လှစ်ပြီးပြီ။ စစ် တွေ ပြည်နယ်ရုံးကိုတော့ မတ်လ ၂၅ ရက်နေ့မှာ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ အဲဒီက တဆင့် ရသေ့တောင်၊ ပေါက် တော၊ ဘူးသီးတောင်၊ မောင်တော၊ ဂွမြို့တွေမှာ တမြို့ပြီးတမြို့ ဖွင့်လှစ်သွားဖို့ အစီအစဉ်ရှိပါတယ်" ဟု ပြောသည်။

NLD ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ဒေသဆိုင်ရာ တာဝန်ရှိသူများက လေ့လာစောင့်ကြည့်မှုများ ရှိခဲ့သော်လည်း တစုံတရာ အနှောင့်အယှက် ပေးခြင်း မရှိဟု သိရသည်။

ဖွင့်ပွဲ အခမ်းအနားတွင် ပင့်ဖိတ်ထားသော ရဟန်းတော် ၅ ပါးကည်း လ အန္တရာယ်ကင်း ပရိတ် တရားတော်များ ဟောကြားခဲ့ပြီး ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ဖိတ်ကြားထားသော ပါတီအသီးသီးမှ ပုဂ္ဂိုလ်များ၊ ရပ်မိရပ်ဖများနှင့် စိတ်ပါ ၀င်စားသူ စုစုပေါင်း ၄၀၀ ကျော် တက်ရောက် ခဲ့သည်ဟု သိရသည်။

Most read this week