မူစယ်မြို့တွင် အစ္စလာမ်ဘာသာဝင်များ ဘုရားဝတ်ပြုခြင်း ပြန်လည်ခွင့်ပြု

မူစယ်မြို့တွင် အစ္စလာမ်ဘာသာဝင်များ ဘုရားဝတ်ပြုခြင်း ပြန်လည်ခွင့်ပြု
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့တွင် လွန်ခဲ့သည့်နှစ် ဂျူလိုင်လပိုင်းကတည်းက ပိတ်ပင်ထားသည့် အစ္စလာမ် ဘာသာဝင်များ၏ ဘာသာရေးအရ ဘုရားဝတ်ပြုခြင်းကို  ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့မှစ၍ ပြန်လည်ခွင့်ပြုကြောင်း သိရသည်။

muslims
မူစယ်မြို့ ၄၅ ကုန်းနှင့်တောင်ရပ်ကွက်ရှိ လူနေအိမ်နှစ်လုံး၌ ဗလီကဲ့သို့ ဘုရားဝတ်ပြုနေသဖြင့် ပိတ်ပင်ထား ခြင်း ဖြစ်ပြီး အဆိုပါနေရာများတွင် ၀တ်ပြုရန် မူစယ်မြို့အုပ်ချုပ်ရေး အာဏာပိုင်များက ပြန်လည် ခွင့်ပြုလိုက် ခြင်း ဖြစ်ကြောင်း အာဏာပိုင် အသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

"အရင်ပိတ်ထားတဲ့နေရာမှာပဲ မနက်ဖြန်သောကြာနေ့ကစပြီး ပြန်ခွင့်လိုက်တာပေါ့ နေပြည်တော်အမိန့်မဟုတ် ဘူး မူစယ်မြို့ အုပ်ချုပ်ရေးမှူး ဦးမြဟန်နဲ့ ခရိုင်ရဲ ဦးမိုးမောင်သန်းတို့က ပြန်ခွင့်ပြုလိုက်တာ" - ဟု သူကပြော သည်။

ဘုရားဝတ်ပြုခွင့် ပိတ်ပင်ထားခြင်းကို အစ္စလာမ်ဘာသာဝင်များက နေပြည်တော်အထိ တင်ပြမှုရှိသော်လည်း သာသနာရေးမြေ မဟုတ်သဖြင့် ခွင့်ပြုမိန့်မကျသေးကြောင်း သိရသည်။