အိန္ဒိယ ကုမ္ပ္ပဏီ ကတိကဝတ် ချိုးဖေါက်မူူကြောင့် ဒေသခံ ကန်ထရိုက်များ ဒုက္ခဖြစ်

အိန္ဒိယ ကုမ္ပ္ပဏီ ကတိကဝတ် ချိုးဖေါက်မူူကြောင့် ဒေသခံ ကန်ထရိုက်များ ဒုက္ခဖြစ်
by -
နိရဥ္စရာ

မြန်မာနှင့် တရုတ် နိုင်ငံအကြား သွယ်တန်းနေသော ပိုက်လိုင်း စီမံကိန်းတွင် အလုပ်လာလုပ်နေသော အိန္ဒိယ ကုမ္ပဏီီ တစ်ခု၏ ကတိမတည်မူကြောင့် ဒေသခံ ကန်ထရိုက်သမားများ ဒုက္ခဖြစ်နေကြရကြောင်း သတင်းများ ရရှိသည်။

အိန္ဒိယ အလုပ်သမားများ လုပ်ကိုင်နေသော ကျောက်ဖြူ ဆိပ်ကမ်း စီမံကိန်း
ထိုကဲ့သို့ ကတိက ၀တ်များကို ချိုးဖေါက်သော ကုမ္ပဏီမှာ ပိုက်လိုင်းဆက် လုပ်ငန်းများကို လာလုပ်နေသော Punj LIoyd အိန္ဒိယ ကုမ္ပဏီ ဖြစ်ကြောင်း ဒေသခံ ကန်ထရိုက် လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

" Punj LIoyd အိန္ဒိယ ကုမ္ပဏီက ကျောက်ဖြူတောင်ဘက် ၄ မိုင်ခန့်အကွာ ပျားတဲမှာ အိမ်ယာ စီမံကိန်း တစ်ခု လုပ်ပါတယ်။ ကျပ်သိန်း ၂၀၀၀နဲ့ ဦးရဲနောင်ထွန်းနဲ့ အင်ဂျင်နီယာ ဦးအောင်နိုင်တို့ကို ကန်ထရိုက်ပေးပါတယ်။ အခု စီမံကိန်းက ပြီးသွားပါပြီ။ အိန္ဒိယ အလုပ်သမားတွေလည်း အဲဒီမှာ နေနေကြပါတယ်။ အခု ကျပ် သိန်း ၄၀၀ ဘဲ ပေးပြီး ကျန်တဲ့ငွေကို မပေးသေးတဲ့ အတွက် ကန်ထရိုက်သမားတွေ အထူး အခက်အခဲ ဖြစ်နေကြပါတယ်" ဟု သူက ပြောသည်။

ယခုအခါ ကျန်ငွေများကို ကန်ထရိုက်တာများက တောင်းဆိုရာ ငွေမရောက်သေးဟု ဆိုုကာ မပေးဘဲထား ကြောင်း သိရသည်။

" သူတို့ဆီကို သွားတောင်ရင် ဟိုအကြောင်းပြ ဒီအကြောင်းပြ လုပ်နေပါတယ်။ တိုင်ကြားမယ်ဆိုရင်လည်း ဒီစီမံကိန်းကို ကြီးကြပ်နေတဲ့ ဗမာ အရာရှိတွေက သူတို့ကို ကာကွယ်ပေးထားတယ်။ ဒေသခံ ကန်ထရိုက်တွေဘက်က မရပ်တည်ဘူး။ ဒါကြောင့် အိန္ဒိယက ကုလားတွေကို ဘယ်လိုမှ ပြောလို့ မရ ဖြစ်နေပါတယ်" ဟု သူက ဆက်ပြောသည်။

အိန္ဒိယ ကုမ္ပဏီီများသည် သာမန် အုတ်သယ်် ကျောက်ပြောင်း ကားများကိုပင် ကတိအတိုင်း ငွေများမပေးဘဲ ထားသဖြင့့် ငွေမရသူ ကားသမားများ အများအပြားရှိကြောင်း သိရသည်။

" သူတို့ ဌားရင် စာချုပ် ချုပ်မယ်ဆိုတော့လည်း စာချုပ် အချုပ်မခံဘူး။ ငွေတွေကို ပုံမှန် ပေးပါဆိုုတော့လည်း ပေးမယ် ကတိခံတယ်။ ဒါပေမယ့် မပေးဘူး။ ရဲစခန်းကို တိုင်တန်းရင်လည်း အရေးယူတာ မရှိဘူး။ သက်သေ အထောက်အထား မရှိဘဲ နိုုင်ငံခြားသားတွေ တိုင်လို့ မရဘူး။ ခင်ဗျားတို့သာ ဒုက္ခ ဖြစ်သွားမယ်ဆိုပြီး ပြန်ပြီး ရဲစခန်းက ခြိမ်းခြောက်တာတွေ ရှိတယ်။ ကားသမားတော်တော်များများရဲ့ အကြွေးတွေကို ခုချိန်ထိ မပေးဘဲ ဒီအတိုင်း သူတို့ လုုပ်နေပါတယ်" ဟု ကျောက်တင်ပို့သူ ကားပိုင်ရှင် တစ်ဦးကလည်း ပြောသည်။

ယခုကဲ့သို့ အာဏာပိုင်များ အကာအကွယ်ယူပြီး ဒေသခံများ အပေါ် ထင်ရာစိုင်းနေသော အခြေအနေများ ကြောင့် အိန္ဒိယ ကုမ္ပဏီအပေါ် ဒေသအတွွင်း အထူး မကျေနပ်မူများ တိုးပွားနေကြောင်း သိရသည်။

Most read this week