ဂျပန်နိုင်ငံတွင် ကျင်းပသော ၆၅ နှစ်မြောက် ပြည်ထောင်စုနေ့မှ ဆုံးဖြတ်ချက် (၃) ရပ် ချမှှတ်

ဂျပန်နိုင်ငံတွင် ကျင်းပသော ၆၅ နှစ်မြောက် ပြည်ထောင်စုနေ့မှ ဆုံးဖြတ်ချက် (၃) ရပ် ချမှှတ်
by -
နိရဥ္စရာ

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဖေဖေါ်ဝါရီ ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ၆၅ နှစ််မြောက် ပြည်ထောင်စုနေ့တွင် ဆုံးဖြတ်ချက် (၃) ရပ်ကို ချမှတ်ခဲ့သည်ဟု သိရသည်။

ALDJapan

အဆိုပါ ဆုံးဖြတ်ချက် (၃) ရပ်မှာ နံပါတ် (၁)ကချင်ပြည်နယ်တွင် ဦးသိန်းစိန်အစိုးရမှ ထိုးစစ်ဆင်မှုကို ချက်ချင်းရပ်တန့်ပေးရန်။ (၂)ဒုတိယပင်လုံ ညီလာခံကို ခေါ်ယူပြီး အနာဂတ် ပြည်ထောင်စု ထူထောင်ရန် တိုင်းရင်းသာပေါင်းစုံ ပါဝင်သော ကျယ်ပြန့်သည့် နိုင်ငံရေး ဆွေးနွေးပွဲကို ကျင်းပရန်။ (၃)တိုင်ရင်းသားများ တန်းတူအခွင့်အရေးရှိပြီး၊ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန် တီးခွင့်ရှိသော ဖယ်ဒရယ်ပြည်ထောင်စုကို ဖွဲ့စည်းရန်စသော ဆုံးဖြတ်ချက်များ ဖြစ်ကြောင်း သိရ သည်။

ပြည်ထောင်စုနေ့ အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Ikebukuro Kokaido Hall ၌ မွန်းလွဲ ၁နာရီကနေ ညနေ ၉နာရီ အထိ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် သဘာပတိအဖြစ် ညီညွတ်သောတိုင်းရင်းများအဖွဲ့အစည်း(ဂျပန်)မှ ဥက္ကဌ ဦးဇော်မင်းခိုင်က ဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူးအဖြစ် ကိုကျော်သန်းလှိုင်(ALD-Japan)နှင့် ကိုဇော်မျိုးဦး(PMNS-Japan)) တို့မှ ဆောင်ရွက်ခဲ့ကြသည်။

အခမ်းအနားကို ပြည်ထောင်စုအလံကိုင်အဖွဲ့က ပြည်ထောင်စုအလံကို စိုက်ထူကာအခမ်းအနားကို စတင်ဖွင့် လှစ်ခဲ့ပြီး၊ သဘာပတိ ဦးဇော်မင်းခိုင်မှ အခမ်းအနား အဖွင့်အမှာစကားပြောကြားခဲ့သည်ဟု သိရသည်။

ပြည်ထောင်စုနေ့တွင် နိုင်ငံရေးဆွေးနွေးပွဲ တခုကျင်းပပြုလုပ်ခဲ့ရာ ဖေါ်ပြပါ အချက် (၃) ချက်ကို ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့သည် ဟုသိရသည်။

ထို့နောက် တိုင်းရင်းသားပေါင်းစုံ ယဉ်ကျေးမှု အကပဒေသာပွဲကိုကျင်းပရာ (ALD-Japan) မှ ရခိုင်ရိုးရာသင်္ကြန် ယိမ်းအကနှင့် ရခိုင်ကျင်ကို တင်ဆက်ပြသခဲ့သည်ဟု သိရသည်။

အဆိုပါ အခမ်းအနားသို့ ဂျပန်နိုင်ငံရောက် ရခိုင်အမျိုးသားများနှင့်အတူ မြန်မာနိုင်ငံသား စုစုပေါင်း ၅၀၀ ကျော် တက်ရောက် ခဲ့သည်ဟု သိရသည်။

ရခိုင်ကျင်ကို တင်ဆက်ပြသခြင်းနှင့် ပတ်သက်၍ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ-ဂျပန်)မှ အထွေထွေအတွင်း ရေးမှူး ကိုကျော်သန်းသန်းလှိုင်က "အခုပြည်တွင်းရှိ ရခိုင်များက မိမိတို့ရခိုင်ကျင်ကို အဆင့်မြှင့်တင်နိုင်ရေးအ တွက် ကြိုးပမ်းနေကြတယ်။ နောက်လာမယ့် ဆီးဂီ(စ်)အားကစားပွဲမှာ ပါဝင်နိုင်ရေးအတွက် ကြိုးပမ်းနေကြ တယ်။ ပြည်တွင်းက ရခိုင်များကြိုးပမ်းမှုနဲ့အတူ ရခိုင်ကျင်ကို အဆင့်မြင့်တင်ရေးအတွက် နိုင်ငံတကာမှာ ရှိကြ တဲ့မိမိတို့ ရခိုင်များကလည်း ကြိုးပမ်းသင့်တယ်။ ဒါကြောင့် ရခိုင်ရိုးရာကျင်ကို တင်ဆက်ပြသရခြင်းဖြစ်ပါတယ်" ဟုပြောသည်။

ရခိုင်ရိုးရာကျင်သည် ဂျပန်ရိုးရာ နဗန်း(ဆူမို)နှင့် နည်းနည်းဆင်တူသော်လည်း ရခိုင်ကျင်ကပိုပြီးနက်နဲ သိမ်မွေ့ ကြောင်း၊ သို့ဖြစ်၍ ဂျပန်များက ရခိုင်လူမျိုးတို့၏ ကျင်ကိုအထူးစိတ်ဝင်စားမှုရှိသည်ဟု ၄င်းကဆိုသည်။

Most read this week