ကုလားတန်မြစ်ကြောင်း ဘက်စုံ စီမံကိန်း လူထု အသိပေးမူ အားနည်း

ကုလားတန်မြစ်ကြောင်း ဘက်စုံ စီမံကိန်း လူထု အသိပေးမူ အားနည်း
by -
နိရဥ္စရာ

ကုလားတန်မြစ်ကြောင်း ဘက်စုံ စီမံကိန်းကို သက်ဆိုင်ရာက အသိပေးမူူ အားနည်းသဖြင့် ဒေသခံပြည်သူ အများစုမှာ အဆိုပါ စီမံကိန်းအပေါ် ယခုအချိန်ထိ မသိရှိကြသေးကြောင်း များမကြာမှီက စီမံကိန်း ဒေသသို့ ကိုယ်တိုင် သွားရောက် လေ့လ့ာခဲ့သူ ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးပူဇိုးဖမ်းက ပြောသည်။

ကုလားတန်မြစ်ကြောင်း စီမံကိန်း တစ်နေရာ (ဓါတ်ပုံ - နိရဥ္စရာ)
"ဒေသခံတွေကတော့ သူတို့ ဒေသမှာ ဒီစီမံကိန်းကြီးရှိနေတယ်ဆိုတာတောင် မသိကြသေးဘူး။ ဒီအတွက် ဘာအကျိုးရှိမယ်။ ဘာအပြစ်ရှိမယ် ဆိုတာလည်း မသိကြပါဘူး။ ဘယ်သူက ဘာလုပ်လို့ လုပ်နေမှန်းတောင် သူတို့ခမျာ မသိပါဘူး။ အဲဒီအခြေအနေ ဖြစ်နေတာတွေကို တွေ့ခဲ့ရတယ်။ ကျွန်တော်တို့ ကွင်းဆင်းပြီးလေ့တာကြည့်တာ။ တပတ်လောက်ကြာ သွားပါတယ်။ အခုမှ ရန်ကုန် ရောက်တာ ငါးမိနစ်လောက်ဘဲရှိသေးတယ်" စီမံကိန်း ဒေသတည်ရှိရာ ရခိုင်နှင့်ချင်းပြည်နယ်သို့ သွားရောက်လေ့လာပြီး ဖေဖေါ်ဝါရီလ ၉ ရက်နေ့က ရန်ကုန် နေအိမ်သို့ ပြန်ရောက်လာသူ ချင်းအမျိုးသား ပါတီ ဥက္ကဌ ဦးပူဇိုးဖမ်းက ပြောသည်။

ဦး ပူဇိုးဖမ်း ဦးဆောင်သည့် လေ့လာရေးအဖွဲ့သည် ရခိုင်ပြည်နယ် စစ်တွေမြို့မှ ပလက်ဝမြို့နယ် ဒလက်မေအထိ ဖေဖော်ဝါရီလ ၅ ရက်နေ့ကနေ ၈ ရက်နေ့အထိ ကွင်းဆင်း သွားရောက်လေ့ လာခဲ့သည်။

ကွင်းဆင်း လေ့လာကြည့်ချက်အရ စီမံကိန်းကြောင့် တချို့နေရာများတွင် ကောင်းကျိုးရှိနိုင်သလို တချို့ နေ ရာများတွင် ဆိုးကျိုးများ သက်ရောက်နိုင်သည့် အနေအထားများကို တွေ့ရှိခဲ့ရကြောင်း သူကပြော သည်။

" ကျွန်တော့် အမြင်ပေါ့နော်။ ကျွန်တော်ခန့်မှန်းကြည့်သလောက် စစ်တွေတဝိုက် မြေနိမ့်ပိုင်း နေရာ တွေမှာ မြစ်ရေကို သောင်တူးခြင်းအားဖြင့် ပင်လယ်ဆားငံရေ ၀င်လာနို်င်တဲ့ အခြေ အနေတွေကို ကောင်းကောင်း တွေ့ရတယ်။ ဥပမာ ပုဏ္ဍားကျွန်း အနားတဝိုက်မှာရှိတဲ့ စပါးခင်းတွေ အနည်းနဲ့ အများတော့ ထိခိုက် ခံရမယ်။ နောက်ပြီး အထက်ပိုင်းမှာကျတော့ ကုလားတန်မြစ်ကို အားကိုး အားထား ပြုပြီး ကိုင်းလုပ်ထားတဲ့ ရွာတွေမြောက်များစွာတွေ့တယ်။ ဒီကိုင်းလုပ်ငန်းတွေလည်း ထိခိုက် ပျက်စီးနိုင်တယ်" ဟု ပြောသည်။

ယခုကဲ့သို့ သွားရောက်လေ့လာခြင်းမှာ ရခိုင်နှင့် ချင်းပြည်နယ်ကို ဖြတ်ပြီးတည်ဆောက်မည့် စီမံ ကိန်းကို ဒေသခံများအနေဖြင့် တစုံတရာ သိရှိခြင်း ရှိ မရှိကို သွားရောက်လေ့လာခြင်း ဖြစ်ပြီး ရရှိခဲ့သည့် အချက်အလက်များကို အသေးစိတ် ပြန်လည်လေ့လာ သုံးသပ်ပြီးမှ ထုတ်ဖော်ပြောဆိုသွားမည်ဟု ဦးပူဇိုးဖမ်းပြောသည်။

ယခုတည်ဆောက်နေသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံ တိုးတက်ရေး စီမံကိန်းကို အိန္ဒိယနိုင်ငံ EASSAR ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေခြင်းဖြစ်သည်။

စီမံကိန်းတွင် တန်ချိန် ၂၀၀၀ တင်သင်္ဘောများ ဆိပ်ကပ်နိုင်သည့် စစ််တွေဆိပ်ကိမ်းကို တန်ချိန် ၆၀၀၀ တင် ကုန်တင်သင်္ဘောများ ဆိပ်ကပ်နိုင်သည် အထိ တိုးချဲ့ ပြုပြင်သွားရေးနှင့် ကုလားတန်မြစ်အား စစ်တွေကနေ ပလက်ဝထိ တန်ချိန် ၂၆၀ ကုန်တင် သင်္ဘေားများ သွားလာရန် ပြုပြင်ရန်ရေးတို့ ပါ၀င်သည်။ အဆိုပါ စီမံကိန်း (၂) ခု အတွက် အမေရိကန်ဒေါ်လာ သန်း ရ၀ အသုံးပြုရန် သတ်မှတ်ထားသည်ဟု သိရသည်။

ပလက်ဝ ကနေ အိန္ဒိယနိုင်ငံ မီဇူရမ် ပြည်နယ်အထိ ကီလိုမီတာ ၂၀၀ ကျော်ရှည်သည့် ကားလမ်း တခုကိုလည်း ဒေါ်လာ သန်း ၅၀ အကုန်းကျခံပြီးု မြန်မာ ကုမ္ပဏီ MAX မှ ဖောက်လုပ်မည် ဖြစ် သည်။

အဆိုပါ စီမံကိန်းကို အိန္ဒိယနှင့် မြန်မာနိုင်ငံတို့သည် ၂၀၀၈ ခုနှစ် ဧပြီလက သဘောတူ လက်မှတ် ရေး ထိုးခဲ့ကြပြီး ၂၀၁၃ ခုနှစ် တွင် စီမံကိန်းပြီးစီးရန် မျှော်မှန်းထားကြောင်း သိရသည်။

Most read this week