၀ိုင်းမော်ဆေးရုံမှ လူနာနှင့် အစောင့် ၅ ဦးအား မြန်မာ စစ်တပ် စရဖမှဖမ်းဆီး

၀ိုင်းမော်ဆေးရုံမှ လူနာနှင့် အစောင့် ၅ ဦးအား မြန်မာ စစ်တပ် စရဖမှဖမ်းဆီး
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ပြည်သူ့ဆေးရုံမှ လူနာ ၃ ဦးနှင့် ပြုစုစောင့်ရှောက်သူ ၂ ဦး တို့အား မြန်မာအစိုးရစစ်တပ် စစ်ဖက်ရေးရာလုံခြံုရေးအဖွဲ့ (စရဖ)မှ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း မျက်မြင်သက် သေများ ပြောသည်။

waimaw-oct19myen
၎င်းတို့ ၅ ဦးသည် ၀ိုင်းမော်မြို့မှ ကချင်အမျိုးသားများဖြစ်ကြပြီး အောက်တိုဘာ ၁၈၊ ယမန်နေ့ညက ဆေးရုံတွင် ဖမ်းဆီးပြီး “စစ်ဆေးစရာ ရှိတယ်” ဆိုကာ စရဖ ကားဖြင့် မြစ်ကြီးနားဘက်သို့ ခေါ်ဆောင်သွား သည်ဟု ၀ိုင်းမော် မြို့ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်နေ့ မြစ်ကြီးနားမြို့ ဧဒင်နှင့် နောင်းပုံ ကြား မြစ်ကြီးနား-မန္တလေး ရထားလမ်းရှိ တံတား ၂ စင်း ဗုံးပေါက်ကွဲမှုနှင့်ဆက်စပ်ပြီး မသင်္ကာမှုဖြင့် ဖမ်းဆီးခြင်းဖြစ်သည်ဟု စရဖ မှ အကြောင်းပြကြောင်း သူက ဆက်ဆိုသည်။

သို့သော် စွပ်စွဲချက်နှင့် လုံးဝဆက်စပ်မှု မရှိဟု အဖမ်းခံရသူများနှင့် နီးစပ်သူများပြောသည်။

လူနာ ၃ ဦးအနက် တစ်ဦးသည် အစာအိမ်သွေးကြောပေါက် ဝေဒနာကြောင့် ၀ိုင်းမော် လူဝင်မှုကြီးကြပ် ရေးရုံး (လဝက)၏ အကူအညီဖြင့် သွေးသွင်း ကုသနေခြင်းဖြစ်ပြီး သူ့ကို ဖမ်းဆီးခေါ် သွားစဉ် ဖိနပ်တောင် မစီးလိုက်ရဘဲ ခုတင်အောက်တွင် ကျန်ရှိနေကြောင်း မျက်မြင်များပြောသည်။

ကျန် လူနာ ၂ ဦးမှာ ငှက်ဖျားရောဂါဖြင့် ဆေးရုံတက်နေခြင်းဖြစ်သည် ဟု ၎င်းတို့နှင့် နီးစပ်သူများပြော သည်။

Most read this week