ဘင်္ဂါလာဒေးရှ် အစိုးရ မှ ရိုဟင်ဂျာများ ကို ဖမ်းဆီး၊ ထောင်ဒဏ်ချ နှင့် ပြည်နှင်ဒဏ်ပေး

ဘင်္ဂါလာဒေးရှ် အစိုးရ မှ ရိုဟင်ဂျာများ ကို ဖမ်းဆီး၊ ထောင်ဒဏ်ချ နှင့် ပြည်နှင်ဒဏ်ပေး
by -
ကုလားတန်

ဘင်္ဂါလာဒေးရှ်အစိုးရ -- ရဲ နှင့် နယ်ခြားစောင့်တပ် -- တို့သည် ရိုဟင်ဂျာလူမျိုး တို့ကို နယ်စပ်တလျှောက် တွင် ဖမ်းဆီးပြီး၊ တချို့ကို ထောင်ဒဏ်ချပြီး၊ နောက်တချို့ကို မြန်မာပြည်သို့ ပြည်နှင်ဒဏ် ပေးခြင်း ခံရနေ ကြောင်း တဲခ်နာဖ်မြို့ မှ လူကြီးတဦး၏ ပြောပြသည်။

၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ရ ရက်နေ့ နံနက်ပိုင်း တွင် တဲခ်နာဖ် ရဲစခန်းမှ ရဲတပ်ဖွဲ့များသည် ရိုဟင်ဂျာ ၁၃ ဦးကို ဘင်္ဂါလာဒေးရှ် နိုင်ငံသို ရောင်ဂီခါလီရွာမှ တဆင့် ခိုးဝင်လာစဉ် ဖမ်းဆီးပြီး၊ ကောစ်ဘဇား အကျဉ်း ထောင်သို့ ပေးပို့ခဲ့ကြောင်း ၎င်း လူကြီးမှ ပြောပြသည်။

၎င်းစစ်ဆင်ရေးကို ဒု ရဲအုပ် အာလာမ် မှ ဦးစီးပြီး သတင်းအရ ဖမ်းဆီးခဲ့ကြောင်း ရဲ အရာရှိ အသိုင်းအဝိုင်း မှ ပြောဆိုသည်။

ရဲမှ ဖမ်းဆီးထားသူများမှာ မရှာဂျီဒါ ဘေဂေါမ်၊ မရော်ဘီ အာရ်တာရ်၊ မိုဟာမတ် ဆော်လိမ်၊ အီလီယာစ်၊ ရှာအာလာမ်၊ ယာကုပ်အာလီ၊ အဘုလ်ဟူဆိန်၊ ဟာမိတ်ဟူဆိန်၊ အဒုလ်ဟာကိမ်း၊ အဒုလ်ရော်မာန်၊ အဒုလ်ဂေါ်နီ၊ ရှာအာလာမ် နှင့် အဘူဆီဒိက်တို့ဖြစ်ပြီးမောင်တောမြို့တွင် နေထိုင်သူများဖြစ်သည်။

တဲခ်နာဖ် ရဲစခန်းမှ ၎င်းတို့အတွက် တရားမဝင်ခိုးဝင်မှုဖြင့် အမှုဖွင့် ထားပြီး၊ ၎င်းနေ့ ၁၁ နာရီ အချိန်တွင် ကောစ်ဘဇားအကျဉ်းထောင်သို့ပေးပို့ကြောင်း သိရသည်။

ထို့အပြင် ၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ရ ရက် နေ့ ရ နာရီအချိန်တွင် နီလာ နယ်ခြားစောင်တပ်စခန်းမှ ဘင်္ဂါလာဒေးရှ်နိုင်ငံသို့ ခိုးဝင်လာသော ရိုဟင်ဂျာ ၉ ဦးကို ဖမ်းဆီးခဲ့ပြီး ညနေ့ ၃ နာရီ အချိန်တွင် မြန်မာနိုင်ငံ သို့ ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း ၎င်းနယ်ခြားစောင်တပ်မှ ပြောပြသည်။

ထို့နည်တူ ၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ရ ရက်နေ့ ၁ နာရီအချိန်တွင် ၀ုိင်ကောမ်း နယ်ခြားစောင်တပ် စစ်ဆေးရေး ဂိတ်မှ ရိုဟင်ဂျာ ၁၀ဦးကို ခရီးသွားယာဉ်မျိုးစုံမှ စစ်ဆေး ဖမ်းဆီးကြောင်း သိရသည်။

ဖမ်းဆီးခံရသော ရိုဟင်ဂျာ ၁၀ ဦးများမှာ ဟူဆိန်အာလီ ၏သား ရှော်ဖိက်အာလာမ် ၂၂ နှစ်၊ အဒုလ်ကူဒုစ် (ကွန်လွန်) ၏သား ရော်ဟိမ်အုလ္လာ ၂၅ နှစ်၊ ကော်ရိမ်အုလ္လာ ၏သား ဆော်ဘုစ်မျာ ၃၀ နှစ်၊ ဆော်ဒေါရ်အာလီ ၏သား ရော်ဖိက် ၂၇ နှစ်၊ အာကာစ်မျာ ၏သား ရော်ဘီအာလာမ် ၂၀ နှစ်၊ ရှာဟိဒ်အာလီ ၏သား မိုဖိစ် အာလာမ် ၂၃ နှစ်၊ အဒုလ်ရော်ရှိတ်၏သား မောင်ဇူရ်အာလာမ် ၃၀ နှစ်၊ တော်ဖိက်၏သား မူဆလင်အူဒ္ဒိန် ၂၆ နှစ် နှင့် မူရှိန်အာလီ ၏သား ဆာဂေါရ် အာမတ် ၁၇ နှစ်တို့ဖြစ်ပြီး၊ ၎င်းတို့ကို ၂ နာရီကျော် အချိန်တွင် လာမ်ဘာဘိလ် ကျေးရွာ မှ မြ်နမာနိုင်ငံသို့ ပြည်နှင်ဒဏ်ပေးခြင်း ခံရကြောင်း သိရသည်။

ရဲ နှင့် နယ်ခြားစောင့်တပ် တို့သည် ရိုဟင်ဂျာလူမျိုး ၃၂ ဦးကို နယ်စပ် တလျှောက်တွင် ဖမ်းဆီးခဲ့ကြောင်း၊ ၎င်း တို့မှ ၁၃ ဦးကို ကောစ်ဘဇားအကျဉ်းထောင်သို့ ပေးပို့ခဲ့ပြီး၊ကျန် ၁၉ ဦးကို မြန်မာနိုင်ငံသို့ ပြည်နှင်ဒဏ် ပေးခဲ့ကြောင်း  အမှတ် ၄၂ နယ်ခြားစောင်တပ်ရင်း၊ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး ဇာဟိတ်ဟူဆိန် နှင့် တဲခ်နာဖ် ရဲစခန်းမှူးတို့ မှ အတည်ပြုသည်။