ရခိုင်ပြည်နယ်ရေးရာကို ၀န်ကြီးချုပ် လက်မှတ် ရေးထိုးခွင့်ရသူက ချယ်လှယ်ထား

ရခိုင်ပြည်နယ်ရေးရာကို ၀န်ကြီးချုပ် လက်မှတ် ရေးထိုးခွင့်ရသူက ချယ်လှယ်ထား
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်ရေးရာ ကိစ္စ အရပ်ရပ်ကို ရခိုင်ဝန်ကြီးချုပ် ဦးလှမောင်တင်၏ ကိုယ်စား လက်မှတ်ရေးထိုးခွင့် ရထားသူ အငြိမ်းစား ဗိုလ်မှူးကြီး အဆင့်ရှှိသူ တစ်ဦးက ချယ်လှယ်ထားကြာင်း သတင်း ရရှိသည်။

sittwe-tower
အဆိုပါ ပုဂ္ဂိုလ်မှာ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူး အငြိမ်းစား ဗိုလ်မှူးကြီး ဦးဇော်သိန်း ဖြစ်သည်။

" သူက ရခိုင်ပြည်နယ် အစိုးရထဲမှာ စစ်အစိုးရ လက်ကျန် အဆင့်မြင့် စစ်အရာရှိကြီး ဖြစ်ပြီး ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ကိုယ်စား လက်မှတ်ရေးထိုးခွင့် ရထားသူဖြစ်တယ်။ သူက အရင်က ဗိုလ်မှူးကြီး အဆင့်ရှိသူ ဖြစ်ပါတယ်။ အခုတော့ အငြိမ်းစား ယူထားပြီး ရခိုင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူးတာဝန်ကို ယူထားတဲ့ သူ ဖြစ်ပါတယ်။ သူက ၀န်ကြီးချုပ် လှမောင်တင်ရဲ့ လက်မှတ်ကိုလည်း ထိုးခွင့်ရထားတော့ ရခိုင်ပြည်နယ်ရေးရာ ဟူသမျှ သူက ၀န်ကြီးချုပ် အထက်ကနေပြီး ချယ်လှယ်နေပါတယ်" ဟု အမည်မဖေါ်လိုသူ အစိုးရ အရာရှိကြီး တစ်ဦးက ပြောသည်။

ဦးဇော်သိန်းသည် ရခိုင်ပြည်နယ်၏ ကိစ္စ အရပ်ရပ်တွင် ၀င်ရောက်စွက်ဖက်ပြီး သူ၏ သဘောတူညီချက် မရလျှင် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့အနေဖြင့်် လုပ်ငန်းများကို အကောင်အထည်ဖေါ် ဆောင်ရွက်၍ မရကြောင်း အစိုးရအဖွဲ့ ကလာသော အတွင်း သတင်းများအရ သိရသည်။ ၀န်ကြီးချုပ် ဦးလှမောင်တင် ကပင် ဦးဇော်သိန်းကို ကြောက်နေရကြောင်း အမည် မဖေါ်လိုသူ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် ၀န်ကြီး တစ်ဦးကလည်း ပြောသည်။

" သူက စစ်အစိုးရ လက်ထက် ကတည်းက ကျန်နေခဲ့တဲ့ လက်ကျန် ပုဂ္ဂိုလ် ဖြစ်တော့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တစ်ခုလုံးကို မှောက်ချင်မှောက်၊ လှန်ချင်လှန် လုပ်လိုရနေတယ်။ သာမန် ၀န်ကြီးတွေကိုထား ၀န်ကြီးချုပ်ကိုယ်တိုင် တစ်ခါ တစ်လေ တစ်ချို့ကိစ္စတွေမှာ သူ့ကို မလွန်ဆန်နိုင်ဘူး။ ပီးရင် ဦးဇော်သိန်းက ရခိုင်ပြည်နယ်ရဲ့ အကြောင်းတွေ၊ မကောင်းတာကိုရော ကောင်းတာကိုရော သိထားတော့ ဦးလှမောင်တင်က သူ့ကို လွန်ဆန်လို့ မရဘဲ ဖြစ်နေပါတယ်" ဟု ပြောသည်။

ရခိုင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ပြည်နယ်မှူး ဦးဇော်သိန်းသည် သူ၏ ပါ၀ါကို အလွဲသုံးစား လုပ်ပြီး စစ်တွေမြို့ပေါ်က ပြည်သူပိုင် မြေကွက်တစ်ခုကို သူ့ဇနီးနာမည် ဖေါက်ကာ စီးပွားရေး သမား တစ်ဦးကို ရောင်းချ ထားကြောင်း သည်။

" ဦးဇော်သိန်းကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ်တောင် ပြန်မပြောရဲဘူး ဆိုတော့ တော်တော့ကို သြဇာ အာဏာကြီးနေပါတယ်။ လာဒ်ပေး လာဒ်ယူမူတွေ အများအပြားမှာလည်း ပါ၀င်ပတ်သက်နေတယ်။။ စစ်တွေမြို့ပေါ်က ပြည်သူပိုင် မြေကွက် တစ်ခကို သူ့ဇနီး နာမည် ဖေါက်ပြီး ရောင်းစားလိုက်တယ်။ ဘယ်သူမှ သူ့ကို မပြောရဲကြဘူး။ ခုလို ပြည်သူပိုင် အိမ်ကွက်ကို ရောင်းစားတာကို အစိုးရ အဖွဲ့ဝင် လူကြီးတွေ သိပေမယ့် မပြောရဲကြဘူး" ဟု အစိုးရ အရာရှိကြီးက ပြောသည်။

ဦးဇော်သိန်းမှ ဇနီး နာမည် ဖေါက်ပြီး ရောင်းစားလိုက်သော မြေကွက်မှာ အမှတ်(၁၅)၊ ကျေးပင်တန်း အကွက်၊ အုပ်စု (၄၂) ၊ မြို့မ မြောက် အုပ်စု၊ စစ်တွေမြို့ ဖြစ်သည်။

"အခု အဲဒီမြေအကွက်မှာ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပိုင်သွားပြီ ဖြစ်တယ်။ သူ့ကို ဦးဇော်သိန်းက ဘယ်လောက်နဲ့ ရောင်းတယ်ဆိုတာတော့ စုံစမ်းလို့ မရသေးဘူး။ ပြောနေကြတာက ကျပ်သိန်း ၂၀၀ ၀န်းကျင်နဲ့ ရောင်းတယ်လို့ သိရပါတယ်။ ဦးဇော်သိန်းရဲ့ ဇနီးအမည်နဲ့ မြေကွက်ကို ရောင်းလိုက်တယ်လို့ သိရပါတယ်" ဟု သူက ဆက် ပြောသည်။

ဦးဇော်သိန်းသည် ရခိုင်ပြည်နယ် အတွင်းရှိ စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်သော ပါမစ်များ အားလုံးကို သူတစ်ယောက်တည်းက ချုပ်ကိုထားပြီး ရခိုင် ပြည်နယ် ၀န်ကြီးချုပ်ကိုယ်စား လက်မှတ် ရေးထိုးကာ ပါမစ်များကို ခွင့်ပြုနေကြောင်း သိရသည်။

ဦးဇော်သိန်းသည် သစ်ပါမစ်၊ သယ်ယူပို့ဆောင်ရေး ပါမစ်က အစ နွားပါမစ်ထိ ကိုင်ထားပြီး စစ်တွေမှ နွားသတ် လိုင်စင်များကို တာဝန်ယူ လိုင်စင်ချပေးရသူ ဖြစ်သဖြင့် နွားလိုင်စင် ရသူများနှင့် အထူး ရင်းနှီးသူ ဖြစ်ကာ ရခိုင်ပြည်နယ်တွင် အထူးသောင်းကျန်းနေသော နွားခိုးဂိုဏ်းများမှလည်း ဆက်စပ်မူ ရှိကာ ချယ်ယာများ ရယူနေသည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း သိရသည်။

Most read this week