နမ့်ဇန် အုပ်ချုပ်ရေးမှူး သျှမ်းပြည်နယ်အလံတော်အား အလေးပြုရန် ငြင်းဆို

နမ့်ဇန် အုပ်ချုပ်ရေးမှူး သျှမ်းပြည်နယ်အလံတော်အား အလေးပြုရန် ငြင်းဆို
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် တောင်ပိုင်း နမ့်ဇန်မြို့တွင် ကျင်းပသော ၆၅ နှစ်မြောက် သျှမ်းပြည်နယ်နေ့ အခမ်းအနားတွင် သျှမ်းပြည်နယ်အလံတော်အား အလေးပြုရန် နမ့်စန် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်မြင့်က ငြင်းဆိုလိုက် တယ်လို့ သတင်းရရှိပါတယ်။

shan_flag
"ပွဲခင်းထဲမှာ သျှမ်းပြည်နယ်အလံတွေတော့ စိုက်ထားတယ်။ ဒါပေမယ့် အခမ်းအနား အစီအစဉ်အရ အလံတော်ကို အလေးပြု တဲ့အခါ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုဆို တာပဲပါ တယ်။ သျှမ်းပြည်နယ် အလံကို အလေး ပြုဆိုတာမပါဘူး။ ကျားဖြူပါတီက ပြည်နယ်လွှတ်တော်အမတ် စိုင်းသူရိန်ဦးကိုယ်တိုင် မြို့နယ် အုပ်ချုပ်ရေးမှူးကို သွား ပြောသေးတယ်။ သျှမ်းပြည်နယ်အလံကို အလေးပြု တဲ့ အစီအစဉ် ထည့်သင့်တယ်ပေါ့။ ဒါကိုမြို့နယ်အုပ်ချုပ်ရေးမှူးက လက်မခံဘူး။ ပြီးတော့ ကြံ့ခိုင်ရေး ပြည်သူ့လွှတ်တော်အမတ် ဦးဌေးလွင် ကလည်း ဒါမျိုးကိုလက်မခံနိုင်ဘူးလို့  ဝင်ပြော သေးတယ်တဲ့။ သျှမ်းပြည်နယ်မှာ နေပြီးသျှမ်းပြည်နယ်အလံကို အလေးပြုဖို့ လက်မခံတာဘာကြောင့်လဲဆိုပြီးနမ့်ဇန် က သျှမ်းလူငယ်တွေကလည်း အတော်ကိုမကျေမနပ်ဖြစ်နေကြတယ်" - လို့ ပွဲတက်ရောက်ခဲ့သူ လူငယ်တဦးက ပြောပြ ပါတယ်။

ပြီးခဲ့တဲ့ ပထမအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ဒုတိယအစည်းအဝေးမှာ ကျားဖြူပါတီဝင်အမတ်တစ်ဦးက သျှမ်း ပြည် အလံကို နိုင်ငံတော် အစိုးရက အသိအမှတ် ပြုမပြုလို့ မေးမြန်းခဲ့ရာ အစိုးရ တာဝန်ရှိသူများက အသိအမှတ်ပြု ကြောင်း၊ အခမ်းအနားများမှာလည်း ပြည်ထောင်စု အလံနဲ့အတူ စိုက်ထူခွင့်ရှိကြောင်း သျှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးမှာပဲ ဖြေကြားခဲ့ပါတယ်။

သျှမ်းပြည်နယ်နေ့ အခမ်းအနားကိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်ကျင်းပတာ ဖြစ်ပြီး တော့ မြို့နယ် အုပ်ချုပ်ရေး အာဏာပိုင်တွေအပြင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နဲ့ ပြည်နယ်လွှတ် တော်ကိုယ်စား လှယ်များလည်း တက်ရောက်ကြတယ်လို့ သိရပါတယ်။ ရပ်ကွက်ကျေးရွာအုပ်စု တစ်ခုကို အင်အား ၂၀၀ ခန့် တက် ရောက်ကြတာမို့လို့ တက်ရောက်သူ စုစုပေါင်းနှစ်ထောင်ကျော်ရှိတယ်လို့လည်း သိရပါတယ်။

Most read this week