ပြည်ထောင်စု ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့တို့ ချင်းမိုင်ခရိုင် နယ်စပ်တနေရာ၌ တွေ့ဆုံရာတွင် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများအကြား အင်အား ကြီး သူက အင်အားငယ်သူအား အနိုင်ယူပြုကျင့်ခြင်းမရှိစေရန် ပါဝင်သည့်အချက် ၁၀ ချက်ကို တင်ပြခဲ့ သည်ဟု ဆို၏။
“ကျနော်တို့ တနာရီနီးနီးတွေ့ဆုံပါတယ်။ ပဏာမ အဆင့်မဟုတ်ပါဘူး။ အလွတ်သဘောဘဲတွေ့တာပါ။ ကျနော်တို့ နိုင်ငံရေးရပ်တည်ချက်တွေ ကျနော်တို့ ဖြစ်ချင်တာတွေ အချက် ၁၀ ချက် တင်ပြတယ်” - ဟု ဗိုလ်မှူးခွန်သူရိန်က ပြောပါသည်။
ဖေဖေါ်ဝါရီ လ ၅ ရက် ညနေပိုင်း က ဦးအောင်မင်းဦးဆောင်သော အစိုးရကိုယ်စားလှယ်အဖွဲ့ နှင့် ခွန်မြင့် ထွန်း(အဖွဲ့ခေါင်းဆောင်)၊ ဗိုလ်မှူးခွန်သူရိန် (ဒုခေါင်းဆောင်)၊ ပအိုဝ်းလူငယ် ခွန်ချန်ဂီီ အဖွဲ့တို့ အလွတ် သဘောတွေ့ဆုံခဲ့သည်ဟု ဆို၏။
“ကျနော် တိုင်းပြည်မှာ တိုင်းရင်းသားမြောက်များစွာရှိတယ်။ ကျနော်တို့မတူညီတဲ့ဘာသာစကားတွေ၊ မတူညီ တဲ့ဓလေ့ထုံးစံတွေရှိတယ်။ တူတာကိုကျနော်တို့တွဲလုပ်ရမယ်။ မတူညီတာကို ကိုယ့်လွတ် လပ်ခွင့် နဲ့ကိုယ် လုပ်နိုင်ရေးနဲ့ အပြန်အလှန်အသိအမှတ်ပြုမှု လေးစားမှုတွေနဲ့ဆက်သွယ်သွားမယ် ဆိုရင် ကျနော်တို့ မပြေလည် နိုင်သေးတဲ့ဟာတွေလဲ ပြေလည်သွားနိုင်တယ်” ဟု ခွန်သူရိန်က ဆက်ပြောသည်။
ဦးအောင်မင်းနှင့် တွေ့ဆုံစဉ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့မှ အချက် ၁၀ ချက် တင်ပြဆောင်းဆိုခဲ့ ကြောင်း၊ ထိုအချက်များအား ဆက်လက်ဆွေးနွေးသွားနိုင်ရန် ဦးအောင်မင်းမှ နေပြည်တော်သို့ ဆက်လက် တင်ပြ ပေးသွားမည်ဖြစ်ကြောင်း ဗိုလ်မှူးခွန်သူရိန်က ပြောပါသည်။
ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ချုပ် တင်ပြသောအချက်များမှာ -
(၁) ပြည်ထောင်စုအတွင်းမှ ခွဲထွက်မည်မဟုတ်။ မည်သည့်ခွဲထွက်ရေးမူကိုမှလည်း အားပေးမည်မဟုတ်။
(၂) အမျိုးသားတန်းတူမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး
(၃) ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားများ ကြီးနိုင်ငယ်ညှင်း ပပျောက် ရေးဟူသည့် နိုင်ငံရေးရပ်တည်ချက် ၃ ချက်အပြင် တောင်းဆိုချက် ရ ချက်ဖြစ်သော
(၄) ပအိုဝ်းအမျိုးသားလွှတ်မြောက်ရေးအဖွဲ့ချုပ် PNLO နဲ့အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တို့ အပစ်အခတ်ရပ်စဲရေးကိစ္စကို ပဏာမအဆင့်ရောက်အောင်လုပ်ပေးဖို့။
(၅) တပြည်လုံးအပစ်အခတ်ရပ်စဲရေး။
(၆) တပြည်လုံးအပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း တပြည်လုံးအတိုင်းအတာတိုင်းရင်းသားအင်အား စုအားလုံး၊ နိုင်ငံရေးအင်အားစုအားလုံးနဲ့ တွေ့ဆုံနိုင်အောင်ကြိုးပမ်းရေး။
(၇)နိုင်ငံရေးကိစ္စရပ်များဆွေးနွေးနိုင်ဖို့ ပအိုဝ်းနိုင်ငံရေးအင်အားစုများအားလုံး၊ ပအိုဝ်းလူထုအားလုံးနှင့် တွေ့ဆုံဆွေးနွေးခွင့် စည်းရုံးခွင့် ပေးရေး။
(၈) မူးယစ်ဆေးဝါး ပပျောက်ရေးကိစ္စ နိုင်ငံတော်အစိုးရနှင့် သော်လည်းကောင်း နိုင်ငံတကာအဖွဲ့အစည်းများနှင့်သော်လည်းကောင်းလက်တွဲပူးပေါင်းနိုင်ရေး။
(၉) အစိုးရမဟုတ်သောအဖွဲ့အစည်း(NGO) အဖွဲ့အစည်းများနှင့်လွတ်လပ်စွာ ချိတ်ဆက် လုပ်ဆောင်ခွင့်ရှိရေး။
(၁၀) သတင်း မီဒီယာလွတ်လပ်ခွင့် ရရှိရေး- စသည့်အချက်များ တင်ပြထားသည်ဟုဆိုသည်။