သျှမ်းပြည်အရှေ့ခြမ်းအတွင်း သျှမ်းတပ်မှူး ပထမဆုံးအကြိမ် ဟောပြောပွဲစလုပ်

သျှမ်းပြည်အရှေ့ခြမ်းအတွင်း သျှမ်းတပ်မှူး ပထမဆုံးအကြိမ် ဟောပြောပွဲစလုပ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်အရှေ့ခြမ်း မိုင်းတုံမြို့နယ်အတွင်း သျှမ်းတပ်မှူးတဦးက အပစ်ရပ်ရခြင်းအကြောင်းရင်းများ အပါအဝင် အခွန်အတုပ် နှင့်ဆက်ကြေးများ ကင်းလွှတ်ပေးတော့မည်အစရှိ အချက်များဖြင့် လူထုအား ပထမဆုံးအကြိမ်စည်းရုံးဟော ပြောခဲ့သည်ဟု ဒေသခံများပြောကြားချက် အရသိရသည်။

စည်းရုံးရေးဆင်းသည့် RCSS/SSA တပ်မှူး ဗိုလ်အောင်စစ်
“ကျနော်တို့ဆီကို ဒီမနက် ၁၀ နာရီ ကနေ ၁၁ နာရီ အထိ ဟောပြောပွဲလာလုပ်တယ်။ မြန်မာ့တပ်မတော်ရဲ တပ်ဖွဲ့က လုံခြုံရေး လာ ယူပေးတယ်။ စရဖ(စစ်ဖက်လုံခြုံရေး)၊ အထွေထွေအုပ်တွေလဲ လာတယ်။ ပုံပါကျင် ရဲ့ ဝပ်လုံကျောင်းတိုက်၊ ကိုးခန်းဇရပ် အပေါ် ထပ် အောက်ထပ် လူတွေ့ပြည့် နေတာဘဲ လူဦးရေ ရာနဲ့ချီတယ်။ အဓိကကတော့ အပစ် ရပ်လိုက်ပြီ၊ အခွန်အတုပ်တွေ ဆက်ကြေး အပါအဝင် စပါးတွေလည်း မကောက် တော့ ဘူး၊ တပ်သားသစ်လဲမစုဆောင်းတော့ဘူးလို့ လာပြောတယ်” - တက်ရောက်သူ ပုံပါကျင် ဒေသခံ အိမ်ရှင်မတဦးကပြောပါသည်။

ဂျန္နဝါရီ ၁၇ ရက်မှယနေ့အထိ သျှမ်းပြည်တပ်မတော်တပ်မှူး ဗိုလ်အောင်စစ်က အဖွဲ့ဝင် ရ ယောက် ဦး ဆောင်ပြီး သျှမ်းပြည်အရှေ့ ခြမ်း မိုင်းတုံမြို့အပါအဝင် မိုင်းတုံမြို့နယ် မိုင်းဟန်ကျေးရွာ၊ အုပ်စု၊ နားကောင်း မူးကျေးရွာအုပ်စုနှင့် ပုံပါကျင်မြို့နယ်ခွဲအတွင်း သုံး ရက်ဆက်တိုက် စည်းရုံးရေးဆင်းခဲ့ကြောင်း၊ ထိုစည်းရုံး ရေးတွင် လူထုအား - ယနေ့မှစ၍ အခွန်အတုပ်(ဆက်ကြေး)၊ တပ်သားသစ်၊ ကိုယ်ပိုင်ကားများထံ အခွန်များ ကောက်ခံမည်မဟုတ်တော့ကြောင်း၊ မြို့တွင်းလည်းသွားလာဝင် ထွက်မည်ဖြစ်ကြောင်း၊ လာမည့် ဖေါ်ဝါရီလ ရ ရက် သျှမ်းပြည်အမျိုးသားနေ့ပွဲတော်အား သျှမ်းပြည်တပ်မတော်ဌာနချုပ်လွယ်တိုင်းလျဲန်း၌ကျင်းပမည်ဖြစ် သော ကြောင့် ပွဲတော်တက်ရောက်ရန် ဖိတ်ခေါ်ကြောင်း ပုံပါကျင်မြို့နယ်ခွဲ ၌ ပြောဆိုသွားသည်ဟု ဆိုသည်။

“သျှမ်းတပ်မှူးလာပြောတာစိတ်ဝင်စားဖို့ကောင်းပါတယ်။ သျှမ်းပြည်တပ်မတော်အနေနဲ့ အပစ်ရပ်ပြီး နိုင်ငံ ရေးစကားဝိုင်းမှာအမျိုး သားတန်းတူရေးအတွက်ပြောဆိုနိုင်ဖို့ဖြစ်တယ်။ ကျနော်တို့အလိုရှိတဲ့အတိုင်း ဖြစ်မလာရင်တော့ လက်နက်ကိုင်တိုက်ခိုက်ရေးနည်း နဲ့ ပြန်လုပ်ရမှာဘဲ - ပြောသွားတော့အားရပါတယ်။ ဒါပေမယ့်အပစ်ရပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး လူထုတွေဆီကို ဘာအကြံလေးတွေ ပေးချင်လဲ ဘယ်လိုဝေဖန်သုံးသပ်လို သလဲလို့မမေးဘဲနဲ့ ဘယ်သူဘာပြောချင်လဲလို့ဘဲမေးတော့တစ်ယောက်မှ ထမေးတာ ထပြော တာမရှိဘူး” - ဟု နားကောင်းမူးရပ်မိရပ်ဖ တဦးကပြောပါသည်။

“ဝတ်စုံအပြည့်နဲ့လာဟောတာ။  လက်နက်တော့မပါဘူး။ အရင်တုန်းက သျှမ်းတွေကို ဂုဏ်ရှိစေတာမရှိ ခဲ့ဖူးဘူးလေ။ ခုတော့ လူတွေ က မဖိတ်ခေါ်ရဘဲလဲ လာနားထောင်ကြတယ်။ တချို့လဲသျှမ်းစစ်သားဆို တာမြင်ချင်လိုက်တာ ဆိုပြီး လာကြည့်ကြ တာ လဲရှိတယ်” ဟုလည်း တခြားအိမ်ရှင်မတဦးကဆက်လက်ပြော ပြသည်။

ထို့အတူ ပုံပါကျင်ဒေသခံတဦးကလည်း အပစ်မရပ်ပါက နိုင်ငံရေးစကားဝိုင်းဖြစ်မလာနိုင်သောကြောင့် ယခု ကဲ့သို့အပစ်ရပ်သည် မှာ တန်းတူအခွင့်အရေးတောင်းဆိုရန်အခွင့်အရေးတရပ်ဖြစ်ကြောင်း၊ သို့သော် စီးပွားရေး၊  ဇိမ်ခံပစ္စည်းများနှင့် ထိတွေ့မှုများလာ ပါက မြောက်ပိုင်းသျှမ်းပြည်တပ်မတော် ခေါင်းဆောင် အချို့ကဲ့သို့ တော်လှန်ရေးဘဝ မေ့သွားမည်ကိုသာ စိုးရိမ်ကြောင်း ဝေဖန် သုံးသပ်ပါသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ခေါ် RCSS/SSA သည် နိုဝင်ဘာလလည်က အပစ်အခတ်ရပ်စဲရေး စေ့စပ်မှု စတင်ခဲ့၏။ ယခုလ ၁၆ ရက်နေ့ကလည်း နေပြည်တော်အစိုးရကိုယ်စားလှယ်နှင့်ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပြီး ဌာနချုပ်ထားရှိရေး၊ တပ်မိသားစု များ နေရာပြန်လည်ချထားရေး၊ ကိုယ်စားလှယ်ရုံးဖွင့် လှစ် ရေး၊ စီးပွားရေးလုပ်ကိုင်ရေး စသည့်အချက်များပါဝင်သည့် အချက် ၁၁ ချက် ကိုသဘောတူလက်မှတ် ရေး ထိုးခဲ့ကြပြီးဖြစ်သည်။

Most read this week