ရခိုင်မှ ထောင်သားများ ကျေးကျွန်သဖွယ် စေခိုင်း ရောင်းစားခံနေရ

ရခိုင်မှ ထောင်သားများ ကျေးကျွန်သဖွယ် စေခိုင်း ရောင်းစားခံနေရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် သဲတော် ရဲဘက်အကျဉ်းစခန်းမှ ထောင်သားများအား ထောင်အာဏာပိုင်များက ပုဂ္ဂလိက ပြင်ပ လုပ်ငန်းများတွင် နေ့စား အလုပ်သမားများ အဖြစ် ဌားရမ်းနေကြောင်း သိရသည်။

 ရဲဘက်စခန်းတွင် ထောင်သားများကို ယခုလို အလုပ်ကြမ်းစေခိုင်းသည်။
" ကျွန်တော်တို့ဆီမှာ လယ်ယာအလုပ်တွေကို လုပ်ဖို့ အလုပ်သမားတွေ ရှားပါးနေတော့ ထောင်သားတွေကိုဘဲ နေ့တွက် ပေးပြီး ဌားနေကြရပါတယ်။ နံနက် ရ နာရီကနေ ညနေ ၄ နာရီထိ ထောင်သား တစ်ဦးကို ၂၀၀၀ ကျပ် ပေးရပါတယ်။ ထမင်းတော့ ကျွန်တော်တို့ ကျွေးပါတယ်။ အခု လောလောဆယ်တော့ စပါးရိတ်တာနဲ့ စပါးသယ်တဲ့ နေရာမှာဘဲ သူတို့ကို ဌားပြီး ခိုင်းရတာ ဖြစ်ပါတယ် " ဟု သဲတော်ကျေးရွာမှ လယ်ပိုင်ရှင် တစ်ဦးက ပြောသည်။

ပုဏ္ဍားကျွန်းမြို့နယ် သဲတော်တွင် ရဲဘက်စခန်းဖွင့်ထားပြီး စစ်တွေနှင့် ဘူးသီးတောင် အကျဉ်းထောင်များမှ လွတ်ရက်စေ့ခါနီး အကျဉ်းသားများကို ခေါ်ယူပြီး အလုပ်များ ခိုင်းစေနေခြင်း ဖြစ်သည်။

" ခိုင်းနေတဲ့ ထောင်အရာရှိကတော့ ဦးဝင်းမောင် ဖြစ်ပါတယ်။ ထောင်သား ၅၀ ကျော်လောက် ရှိမယ်ထင်ပါတယ်။ သူတို့ကို အပြင်က လယ်ယာ လုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့ ဌားရမ်းသလို အပြင် အလုပ်မရှိတဲ့ အခါ ထောင်သားတွေက ထင်းခုတ်ကြတာကို တွေ့ပါတယ်။ ထင်းတွေကို ဒေသ အနီးတဝိုက်က မြို့တွေကို တင်ပို့တယ်။ ထောင်ရံပုံငွေအတွက် လာလုပ်တယ်လို့ သူတို့က ပြောပါတယ် " ဟု သူက ဆက်ပြောသည်။

အကျဉ်းသားများကို စစ်တွေနှင့် ဘူးသီးတောင်ထောင်များမှ သုံးလ တကြိမ် အရွှေ့အပြောင်း လုပ်ပြီး ထောင်သားများကို ထောင်အာဏာပိုင်များက မိမိကိုယ််ကျိုးအတွက် အပြင်သို့ နေ့စား လုပ်သားများ အဖြစ် ဌားရမ်းနေခြင်း ဖြစ်သည်။

Most read this week