ရွှေသဘာဝဓါတ်ငွေ့ ပြည်သူများ သုံးစွဲခွင့်ရရေး စစ်တွေနှင့် မြောက်ဦးမြို့များတွင် လူပ်ရှားမူ ပြုလုပ်

ရွှေသဘာဝဓါတ်ငွေ့ ပြည်သူများ သုံးစွဲခွင့်ရရေး စစ်တွေနှင့် မြောက်ဦးမြို့များတွင် လူပ်ရှားမူ ပြုလုပ်
by -
နိရဥ္စရာ

ရခိုင် ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းက ထွက်သော သဘာဝဓါတ်ငွေ့ကို ပြည်သူများ သုံးစွဲခွင့်ရရေး အတွက် တောင်းဆိုသည့် လူပ်ရှားမူ တစ်ခုကို စစ်တွေနှင့့် မြောက်ဦးမြို့တို့တွင် ယမန်နေ့က ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

24-Hours-Action-Groups--Rak
အဆိုပါ လူပ်ရှားမူကို ရက္ခအလင်းတန်းလူငယ်အဖွဲ့ (ပြည်တွင်း)မှ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ ရခိုင်ပြည်နယ် အပါအဝင်ပေါ့နော်။ မြန်မာနိုင်ငံက ထွက်တဲ့ သဘာဝဓါတ်ငွေ့ကို မြန်မာနိုင်ငံမှာ နေထိုင် ကြတဲ့ မြန်မာပြည်သူတွေ အားလုံး သုံးစွဲပိုင်ခွင့်ရသင့်တယ်။ ဒါက ရသင့်ရထိုက်တဲ့ အခွင့်အရေး ဖြစ်တဲ့ အတွက် အခု ကမ်ပိန်းကို ကျွန်တော်တို့ လုပ်ရခြင်း ဖြစ်ပါတယ် " ဟု အဆိုပါ လှုပ်ရှားမှုကို ဦးဆောင်နေသူ ဒေါ်မာမာကျော်ဇောက ပြောသည်။

ရက္ခ အလင်းတန်း အဖွဲ့သည် ရခိုင်ပြည်နယ်မှ ထွက်သော သဘာဝဓါတ်ငွေ့ဖြင့်် ရခိုင်ပြည်နယ် အတွင်း လျှပ်စစ်မီး ၂၄ ရရှှိရေး အတွက် ကြိုးပမ်းဆောင်ရွက်နေသော အဖွဲ့ဖြစ်ပြီး လွန်ခဲ့သော နှစ်ကုန်ပိုင်းကလည်း အလားတူ လူပ်ရှားမူမျိုးကို ရခိုင်ပြည်နယ် အနှံ့အပြားတွင် ပြုလုပ်ခဲ့သည်။

ယခုတစ်ခေါက် လူပ်ရှားမူတွင် အဆိုပါ အဖွဲ့၏ လိုလားချက်များကို နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်နှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ထိ ပေးပို့ခဲ့ကြောင်း သူက ပြောသည်။

"ကျနော်တို့ ဒီနေ့ မနက် ၉နာရီက ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် နဲ့ သမ္မတ ဦးသိန်းစိန်တို့ဆီကို သဘာဝ ဓါတ်ငွေ့ကို ခွဲဝေ သုံးစွဲခွင့် ရရေး အတွက်တောင်းဆိုတဲ့ စာတစ်စောင်ကို ရေးသားပေးပို့ခဲ့ပါတယ်။ တောင်းဆိုတဲ့ စာကို Fax က တဆင့် ပို့ပေးလိုက်ပါတယ် " ဟု ပြောသည်။

ယခု လူပ်ရှားမူကို စစ်တွေတွင်သာမက ရခိုင် ရှေးဟောင်း မင်းနေမြို့တော် ဖြစ်သော မြောက်ဦးတွင်လည််း ဇန္နဝါရီ ၁၆ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

Action-Groups--Rakhine-Stat
" မြောက်ဦးမှာဆို ကျနော်တို့ အဓိက လူစည်ကားရာ နေရာတွေဖြစ်တဲ့ မြောက်ဦးစျေး၊ ရဲစခန်း အနီးအနား၊ မြောက်ဦး ဟိုတယ် အနီးတဝိုက်နဲ့ ဘုရားပေါင်းစုံမှာ စာရွက်တွေကို သွားကပ်ကြပါတယ်။ နေရာစုံမှာ ကပ်တော့ လူတိုင်းက ကျွန်တော်တို့ လူပ်ရှားမူကို မြင်ကြရပါတယ်" ဟု လူပ်ရှားသူ လူငယ် တစ်ဦးက နိရဥ္စရာကို ပြောသည်။

ကပ်ထားသော စာရွက်များကို ရဲက ခွာယူမူများ ရှိသော်လည်း ယခု အချိန်ထိ ဖမ်းဆီးမူများ မရှိကြောင်း သိရသည်။

" ဇန္နဝါရီ ၁၆ရက်နေ့ ညဥ့် ၁၁နာရီလောက်မှာ စကပ်ကြတယ်။ ညဉ့် ၁ နာရီ လောက်မှာ ရဲသားတွေ စာရွက်တွေကို လိုက်ခွာတာတော့ ရှိပါတယ်။ ဒါပေမဲ့ တချို့ဘုရားနေရာတွေမှာ ခုထိ ကပ်လို့ ရှိနေတုန်းပါဘဲ။ ခုလောလောဆယ်မှာတော့ လူတွေကို နှောင့်ယှှက်တာ၊ ဖမ်းဆီးတာတွေတော ့မရှိသေးဘူး။ ဒါပေမယ့် ရဲက အနီးကပ် စောင့်ကြည့်မူတွေတော့ ရှိနေပါတယ်" ဟုပြောသည်။

စစ်တွေတွင် မင်းဘာကြီးလမ်း၊ ဥတ္တမပန်းခြံ၊ မီးသတ်ခွဆုံနှင့် တခြား လူစည်ကားရာနေရာများ၌ ရွှေဂတ်စ် လူပ်ရှားမူ စာရွက်များကို လူပ်ရှားသူများက ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေခဲ့ကြသည်ဟု သိရသည်။

ပိုစတာများထဲတွင် ရခိုင်ပြည် ၂၄ နာရီ လျှပ်စစ်မီး၊ ရွှေသဘာဝဓါတ်ငွေ့နှင့် ရအောင်ပီး၊ ချက်ပြုတ်ဖို့ ဂတ်စ် ရရှိရေး၊ ရွှေဂတ်စ် စီမံကိန်းမှ ချက်ချင်းပေး စသည့် စာတန်းများ ပါ၀င်ကြောင်း သိရသည်။

Most read this week