ရခိုင် ၀န်ကြီးချုပ် နယ်စပ် လာလည်

ရခိုင် ၀န်ကြီးချုပ် နယ်စပ် လာလည်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်သည် ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်မြို့ နှစ်မြို့ ဖြစ်သော ဘူးသီးတောင်နှင့် မောင်တောကို လာရောက် လည်ပတ်နေကြောင်း သိရသည်။

downtown-maungdow250
သူ၏ ခရီးစဉ် အတွင်း အဖွဲ့ဝင် ၁၃ ဦးပါရှိပြီး ကြံ့ခိုင်ရေးပါတီမှ မွတ်ဆလင် ခေါင်းဆောင် ဦးအောင်ဇော်ဝင်းနှင့် ပြည်နယ် စီးပွားရေး ၀န်ကြီး ဦးမြအောင်လည်း လိုက်ပါလာသည်ဟု သိရသည်။

" သူတို့က နှစ်ရက် မောင်တောမြို့မှာ ၂ ရက်နေမယ်လို့ သိရပါတယ်။ ခရီးစဉ်က တစုံတရာ ထူးခြားမှု မရှိပါဘူး။ မနေ့ နေ့လည် ၁ နာရီက ဘူးသီးတောင်ကို ရောက်တယ်။ ညနေ ၃နာရီခွဲမှာ မောင်တောကို ရောက်ရှိလာပါတယ်" ဟု မောင်တော မြို့ခံ တစ်ဦးက ပြောသည်။

မောင်တောမြို့တွင် ရောက်လျှင် ရောက်ချင်း အစည်းအဝေး တစ်ခု ပြုလုပ်ခဲ့သည်။

" မနေ့က ဒေဝါနဒီ ခန်းမမှာ ၀န်ထမ်းတွေ၊ ရပ်မိ ရပ်ဘတွေနဲ့ အစည်းအဝေး လုပ်တယ်။ ထူးထူး ခြားခြား ပြောဆိုသွားတာတော့ မရှိပါဘူး။ လက်ရှိ အစိုးရသစ် လုပ်ဆောင် နေတာတွေနဲ့ ပတ်သက်ပြီး ရှင်းပြတယ်။ နောက်ပြီး ကြံ့ခိုင်ရေး ပါတီ လုပ်ဆောင် နေတာတွေကို ပြောသွားတယ် " ဟုသူက ဆက်ပြောသည်။

ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်သည် ယမန်နေ့က ငါးခူရကျေးရွာ အထက်တန်ကျောင်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ပြီး ညနေ ၅ နာရီတွင် မောင်မြို့အမှတ် ၅ ရပ်ကွက် မူလတန်း ကျောင်းဖွင့်ပွဲကိုလည်း တက်ရောက်ခဲ့သည်ဟု သိရသည်။

ဦးလှမောင်တင် ကျောင်းဖွင့်ပွဲအခမ်းအနားများ တက်ရောက်နေစဉ် ဦးအောင်ဇော်ဝင်းမှာ ဒေသခံ မွတ်ဆလင်များနှင့် တွေ့ဆုံပြီး လူထု စည်းရုံးရေးများ လုပ်ဆောင်ခဲ့ဟု ဆိုသည်။

"၀န်ကြီးချုပ် ကျောင်းဖွင့်ပွဲ လုပ်နေတဲ့ အချိန်မှာ ဦးအောင်ဇော်ဝင်းက အမှတ် ၅ ရပ်ကွက်မှာ ဒေသခံတွေနဲ့ တွေ့ပြီး အစည်းအဝေးလုပ်တယ်။ လူ ၅၀၀ ခန့်ရောက်တယ်။ အဲဒီမှာ သူပြောတာက မောင်တောကို နိုင်ငံခြားက အဆင့်မြင့် ကိုယ်စားလှယ်တဦး လာဖို့ရှိတယ်လို့ပြောခဲ့တယ်လို့ ကြားတယ် " ဟု မောင်တော မြို့ခံက ပြောသည်။ှ

ဦးလှမောင်တင်၏ ခရီးစဉ်တွင် လုံခြံုရေးကို သာမန် အဆင့်သာ တိုးမြှင့်ထားပြီး ခရိုင်အဆင့်၊ မြို့နယ် အဆင့် အရာရှိများလည်း အတူ လိုက်ပါလာကြသည်ဟု သိရသည်။

Most read this week