ချင်း CNF ပဏာမ သဘောတူညီချက် သျှမ်းထက် ၅ ချက်ပို

ချင်း CNF ပဏာမ သဘောတူညီချက် သျှမ်းထက် ၅ ချက်ပို
by -
သျှမ်းသံတော်ဆင့်သတင်း

ယခုလဆန်းပိုင်းက ချင်းပြည်နယ်အစိုးရနှင့်ချင်းအမျိုးသားတပ်ဦး  CNF  တို့တွေ့ဆုံဆွေးနွေး သဘောတူချက်၌ CNF အတွက် နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးသတ်မှတ်ချက်အပါအဝင် သျှမ်းပြည်တပ်မတော်၏တောင်းဆိုချက်ထက် ၅ ချက် ပိုကြောင်း လေ့လာသူများက သုံးသပ်ပါသည်။

ချင်း CNF ပဏာမ သဘောတူညီချက် သျှမ်းထက် ၅ ချက်ပို
“သဘောတူညီချက် ၉ ချက်ထဲက ဒုတိယအချက်မှာ CNF လှုပ်ရှားဖို့နယ်မြေသတ်မှတ်ချက်ပါတာ ကိုတွေ့ရတယ်။ နှစ်ဖက် ဆက်သွယ်ရေးရုံးကို ထန်တလန်းမြို့မှာဖွင့်မယ်။ တီးတိန်နဲ့မတူပီမှာဆက်လက် ဖွင့်နိုင်အောင် ကြိုးစားသွားကြ မယ်။ CNF အနေနဲ့ ထန်တလန်းမြို့နယ်ထဲက ၃ အုပ်စုမှာ အခြေချဖို့ သဘောတူတယ်- စတာတွေကိုတွေ့ရတယ်။ တခြားအဖွဲ့အစည်း တွေထက်စာရင် သူတို့တွေရတဲ့သဘော တူညီချက်က ထူးခြားတယ် ” ဟု သျှမ်းပြည်အရေးလေ့ လာသည့် သျှမ်းတပ် အရာရှိဟောင်း တဦးကပြောသည်။

ယခုလ ၅ ရက်နေ့က ချင်းအမျိုးသားတပ်ဦး  CNF  နှင့် ချင်းပြည်နယ်အစိုးရတို့ တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး အစိုးရဖက်မှ (အ ပစ်ရပ်ရေး၊ ကိုယ်စားလှယ်ရုံးဖွင့်လှစ်ရေး၊ အခြားတဘက်နယ်မြေဖြတ်သန်းရာတွင် လက်နက်မကိုင်ဆောင်ရေး၊ ထပ်မံ တွေ့ဆုံရင် အချိန်နေရာသတ်မှတ်ရေး) ပါ အချက် ၄ ချက်အပြင် ချင်းအမျိုးသားတပ်ဦးမှတင်ပြသော အချက် ၅ ချက် စုစုပေါင်း ၉ ချက်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း ချင်းလဲန်း ဂါးဒီယဲန်း၌ရေးသားဖော်ပြထားသည်။

ချင်းအမျိုးသားတပ်ဦးမှ တောင်းဆိုသည့် အချက် ၅ ချက်အား ၁-  ပြည်ထောင်စုအဆင့်ဆွေးနွေးရန်အတွက် CNF/ CNA နှင့်ပြည်သူလူထုလွတ်လပ်စွာတွေ့ဆုံဆွေးနွေးနိုင်ကြောင်း၊ ၂- ဒေသခံလူထု စားဝတ်နေရေး ပြဿနာ ကူညီဖြေရှင်း ပေး နိုင်ရန်အတွက် နိုင်ငံတကာNGO အဖွဲ့များအားချင်းပြည်နယ်အတွင်း အခြေချခွင့်ပေးကြောင်း၊ ၃- အစိုးရထံမှာ အထောက် အပံ့ယူ၍ CNF လှုပ်ရှားသည့်နယ်မြေအတွင်း စီးပွါးရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်ခွင့်ကိုလည်း သဘောတူညီ ကြောင်း၊ ၄- ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ အစိုးရ နှင့် CNF တို့ လက်တွဲပူးပေါင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ၅- မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချခြင်း၊ ဆေးစွဲနေခြင်းတို့ကို ၂ ဦး၂ ဖက် လက်တွဲပူးပေါင်း ဆောင် ရွက်သွားမည်ဖြစ် ကြောင်း အစိုးရကိုယ်စားလှယ်က သဘောတူကြောင်း သိရသည်။

ပြည်နယ်အစိုးရနှင့် CNF တို့ ငြိမ်းချမ်းရေးအတွက် ပထမဆုံး ပဏာမ အဆင့် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပြီး  CNF ဘက်မှ ဒေါက်တာရွှေခါး၊ ပူးရားလ်နှင်း၊ ဒေါက်တာ ဆလိုင်းအင်ဒရူး ငွန်ကျုံးလျန်၊ ပူးဆော လမွန်၊ ဆလိုင်းပီတာလျန်၊ ကိုလှထွန်း၊ ကိုထက်နီ၊ ပူးရိုခေါမာ၊ ကိုခင်မောင်လေးနှင့် ပူးငိုင်ကြာထန်း တို့ပါ၀င်ပြီး၊ ချင်းပြည်နယ်အစိုးရဘက်မှ နယ်စပ်ဒေသ လုံခြုံ ရေးဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦး၊ ပြည်နယ် အစိုးရ အတွင်းရေး မှူး၊ ပြည်နယ်ဥပဒေချူပ် နှင့် ဗျူဟာမှူးတို့ ပါ၀င်ကြောင်း ခေါန်နူမ်ထုန်သတင်းဌာနက လည်းဖော်ပြထားသည်။

အစိုးရပြန်ကြားရေးဝန်ကြီးက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၀ ဖွဲ့အနက် ပြည်ထောင်စုအဆင့်ဆက်လက် ဆွေးနွေး ဆဲအဖွဲ့ ၂ ဖွဲ့ ( UWSA / NDAA ) ၊ ပြည်ထောင်စုအဆင့်ဆွေးနွေးရန်ပြင်ဆင်နေသော ၃ ဖွဲ့(  RCSS /DKBA ကလိုထူးဖော/CNF ) နှင့်ပဏာမဆွေးနွေးကြဆဲအဖွဲ့  ၅ ဖွဲ့ (KNU  / NMSP/ SSPP/  KIA/ KNPP)  တို့ဖြစ်ကြသည်။

Most read this week