ကားလမ်းပိတ်သဖြင့် ဖားကန့်ဒေသ၌ ဆန်စျေး ခုန်တက်

ကားလမ်းပိတ်သဖြင့် ဖားကန့်ဒေသ၌ ဆန်စျေး ခုန်တက်
by -
သျှမ်းသံတော်ဆင့်

ကျောက်စိမ်းထွက်ရာ ကချင်ပြည်နယ် ဖားကန့်ဒေသ၌ အစိုးရစစ်ကြောင်းများထိုးလာသဖြင့် ယာဉ်အသွား အလာများ ရပ်ဆိုင်းနေရာ ဖားကန့်ဒေသအတွင်းဆန် နှင့် လူသုံးကုန်ပစ္စည်းများအဆမတန်စျေးတက်နေ ကြောင်း သိရသည်။

rices
လွန်ခဲ့သည့်တစ်ပတ်ခန့်က KIA နှင့် အစိုးရတပ်တို့ အဆိုပါ ဒေသ၌ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ဖားကန့် - မိုးကောင်းလမ်း ယာဉ် သွားလာမှု ရပ်ဆိုင်းနေပြီး ဆန်တစ်တင်းခွဲတစ်အိတ် ကျပ် ၃ သောင်းဝန်းကျင်မှ  ကျပ် ၅ သောင်းကျော် အထိ စျေးခုန်တက်သွားကြောင်း ဖားကန့်ဒေသခံ ကျောက်ကုန်သည် တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ကားလမ်းပိတ်လို့ ကျောက်ကုမ္ပဏီတွေက ဆန်တွေဝယ်စုလိုက်တော့ အရင် ဆန်တစ်အိတ် ၃ သောင်းလောက်ကနေ အခု ၅ သောင်းကျော်အထိတက်သွားတယ်။ ဝယ်မရတဲ့ အခြေအနေ ဖြစ်နေတယ်။ တခြား လူသုံး ကုန်ပစ္စည်းတွေ လည်း ပြတ်နေတယ် ” ဟု ဆိုသည်။

မိုးကောင်းမြို့ အခြေစိုက် စကခ ၃ လက်အောက်ခံ အစိုးရစစ်ကြောင်းများ ထိုးစစ်ဆင်နေမှုကြောင့် ဖားကန့်လမ်းယာဉ် သွားလာမှု ရပ်ဆိုင်းခြင်းဖြစ်ကြောင်း  KIA ပြောခွင့်ရ တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးလနန်က ပြောသည်။

“အဲမှာတော့ အရင်တုန်းက ကျနော်တို့ ကေအိုင်အေတွေကားလမ်းပေါ်မှာရှိတယ် အစိုးရစစ်ကြောင်းတွေ မတက်ရင် တော့ ကားတွေက အတက်အဆင်းအမြဲတမ်းရှိတယ်။ ဒီနောက်ပိုင်းမှာ အစိုးရစစ်တပ်တွေ အလုံးအရင်းနဲ့ဝင်လာ တဲ့အခါမှာ တိုက် ပွဲဖြစ်မှာ စိုးရိမ်တဲ့အတွက်ကြောင့်မို့ ကားတွေကအဆင်းအတက်မရှိတော့ဘူးခင်ဗျ။ အဲလိုကြောင့် ကားတွေပြတ်သွားတဲ့ သ ဘောပါ ” ဟု ဆိုသည်။

အဆိုပါ ကားလမ်းပိတ်နေမှုသည် အချိန်အကန့်အသတ်မရှိကြာနိုင်ဖွယ်ရှိသောကြောင့် ဆန်နှင့် အခြေခံ လူသုံးကုန်များ ပြတ်သွားမည်ကို ဖားကန့် ကျောက်စိမ်းတွင်း ဒေသခံများ စိုးရိမ်နေကြောင်း သိရသည်။

Most read this week