ဗြိတိသျှ နိုင်ငံခြားရေး ၀န်ကြီးနှင့် တိုင်းရင်းသားပါတီများ တွေ့ရာတွင် ရခိုင်ပါတီနှစ်ခုမှ ကိုယ်စားလှယ်များပါ၀င်

ဗြိတိသျှ နိုင်ငံခြားရေး ၀န်ကြီးနှင့် တိုင်းရင်းသားပါတီများ တွေ့ရာတွင် ရခိုင်ပါတီနှစ်ခုမှ ကိုယ်စားလှယ်များပါ၀င်
by -
ထွန်းထွန်း

ဗြိတိသျှ နိုင်ငံံခြားရေး ၀န်ကြီး ၀ီလျံဟိတ်နှင့် တိုင်းရင်းသားများ တွေ့ဆုံရာတွင် ရခိုင်နို်င်ငံရေး ပါတီ (၂) ခုမှ ခေါင်းဆောင်များလည်း ပါ၀င်သည်ဟု သိရသည်။

 ဗြိတိသျှ နိုင်ငံခြားရေး ၀န်ကြီး မြန်မာသို့ ရောက်ရှိလာစဉ်။
" ဟုတ်ပါတယ်။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးလှစောနဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးအေးသာအောင်တို့ ဖြစ်ကြပါတယ်။ ဘာတွေ ဆွေးနွေးတယ်ဆိုတာတော့ ကျွန်တော် မသိဘူး။ အတွင်းရေးမှူး ဦးဦးလှစောကိုဘဲ မေးကြည့်ပါ" ဟု ရခိုင်ဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

အဆိုပါ တွေ့ဆုံမူတွင် ညီနောင် တိုင်းရင်းသား ပါတီ (၅) ပါတီ ဖြစ်သော မွန်၊ ရခိုင် ချင်း၊ ရှမ်း၊ ကရင် ပါတီများနှင့် တစ်ခြား တိုင်းရင်းသား ပါတီများမှ ကိုယ်စားလှယ်များလည်း ပါ၀င်သည်ဟု သိရသည်။

ဘီဘီစီ ( မြန်မာပိုင်း) က ရိုဟင်ဂျာပါတီလည်း တက်ရောက်တယ်ဆိုပြီး ဇန္နဝါရီလ (၅) ရက်နေ့ ညနေပိုင်း အစီအစဉ်က ကျေညာသွားပါတယ်။ ရိုဟင်ဂျာ ပါတီဆိုတော့ ဘယ်ပါတီ တက်ပါသလဲ ဟု မေးမြန်းရာသူက ယခုလို ပြောသည်။

" အဲဒါက တော်တော့ကို ပြဿနာ ပါဘဲ။ အမှန်တကယ် တက်ရောက်တဲ့ ရခိုင်ပါတီ ကျတော့ တခွန်းမှ မပြောဘဲ မရှိတဲ့ ပါတီကို ကျတော့့ တက်တယ်လို့ ပြောတယ်ဆိုတော့ ဒီဟာက လုံးဝ မဖြစ်သင့်တဲ့ ကိစ္စပါ။ ဘီဘီစီက ခုလို ဘာကြောင့် ကျေညာတယ်ဆိုတာတော့ ဘီဘီစီက လူတွေဘဲ သိပါလိိမ့်မယ်" ဟု ပြောသည်။

အဆိုပါ ဗြိတိသျှ နိုင်ငံခြားရေး ၀န်ကြီးနှင့် တွေ့ဆုံသော ကိစ္စနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန် အတွက် ဦးဦးလှစောနှင့် ဦးအေးသာအောင် တို့အား ဆက်သွယ်ရာ အိမ်မှ အပြင်ကို ထွက်သွားကြပြီဟု ပြောသဖြင့် ယခုအချိန်ထိ ဆက်သွယ်၍ မရရှိသေးပါ။

ဗြိတိသျှ နိုင်ငံခြားရေး ၀န်ကြီး ၀ီလျံဟိတ်သည် ၁၉၅၅ နောက်ပိုင်း ပထမဆုံး အကြိမ် မြန်မာနိုင်ငံသို့ ရောက်ရှိလာသော နိုင်ငံခြားရေး ၀န်ကြီး ဖြစ်ပြီး သူသည် နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေး ၀န်ကြီး ၀ဏ္ဍမောင်လွှင် တို့နှင့် တွေ့ဆုံခဲ့သည်။ ဇန္နဝါရီလ ၆ ရက်နေ့ နံနက်တွင် ရန်ကုန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံကြောင်း သိရသည်။

Most read this week