သျှမ်းပြည် (မြောက်ပိုင်း) ၌ စစ်တပ်က လူငယ်တစ်ဦးကို ပစ်သတ်ပြီး အမျိုးသမီးများကို ပေါ်တာဖမ်း

သျှမ်းပြည် (မြောက်ပိုင်း) ၌ စစ်တပ်က လူငယ်တစ်ဦးကို ပစ်သတ်ပြီး အမျိုးသမီးများကို ပေါ်တာဖမ်း
by -
သျှမ်းသံတော်ဆင့်

အစိုးရစစ်တပ် ခလရ ၁၃၀ နှင့် ပန်ဆေးပြည်သူ့စစ် ပူးပေါင်းအဖွဲ့များက သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် ဖာပြန့်ရွာ တွင် ယခုလ ၄ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က ရွာအတွင်း ပေါ်တာဆွဲစဉ် ထွက်ပြေးသည့် လူငယ်တစ်ဦး ကို  ပစ်သတ်ပြီး အမျိုးသမီးများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

SPDC
သေနတ်ပစ်ခတ်မှုကြောင့် အိုက်ထ ဆိုသူ လူငယ်အမျိုးသားတစ်ဦး သေဆုံးသွားပြီး အခြားလူငယ်အမျိုးသားတစ်ဦး နှင့် အမျိုးသမီး ၃ ဦးတို့အား စစ်တပ်က ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“စစ်တပ်က ရွာထဲဝင်ပြီး ပေါ်တာလာဆွဲတဲ့အချိန်ဖြစ်တာ တချို့ကထွက်ပြေးတာပေါ့နော် ထွက်ပြေးတဲ့ အချိန် သူတို့က သေ နတ်နဲ့ ပစ်လိုက်တယ်။ အိုက်ထ က သေနတ်မှန်ပြီး သေသွားတယ်။ အိမ်ထောင်ရှင် အမျိုးသမီး နှစ်ယောက်၊ အပျို မတစ်ယောက်၊ နောက်အမျိုးသားတစ်ယောက်၊ လူငယ်ပေါ့နော် အဲဒါပေါ်တာဆွဲတဲ့အထဲပါသွားတယ်။ ဒီအတိုင်းပဲ ခေါ်ပြီးခရီးပြန်ထွက်သွားတာပေါ့” - ဟု သူက ဆိုသည်။

ပေါ်တာဝင်ဆွဲသည့် တပ်ရင်းမှာ ခလရ ၁၃၀ နှင့် ပန်ဆေးပြည်သူ့စစ်အဖွဲ့ဝင်များဖြစ်ကြောင်း သူက ဆိုသည်။

ထို့အပြင် ဒီဇင်ဘာလ ၂၅ ရက်နေ့ ညပိုင်းကလည်း နမ့်ခမ်းမြို့နယ် နမ့်ဝမ်ရွာအတွင်း  စပါးများသိုလှောင်ထားသည့် လီဆူး အိမ်တစ်အိမ်ကို အစိုးရစစ်တပ်မှ မီးရှို့ဖျက်ဆီးခဲ့ရာ စပါးတင်း ၃၀၀ ခန့် မီးလောင်သွားပြီး ကျပ်သိန်း ၁၀၀ ခန့် ဆုံးရှုံး ခဲ့ကြောင်း သိရသည်။

Most read this week