(၆၄) အကြိမ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ အခမ်းအနားကို ထိုင်းနိုင်ငံရှိ နေရာတချို ့၌ ရှိသော မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ကျောင်းသား အဖွဲ့အစည်းများက ကျင်းပကြပါ သည်။ ဤအထဲ၌ ယနေ့မနက် (၁၀) နာရီအချိန် တွင် ပြည်ပရောက် မြန်မာနိုင်ငံကျောင်းသားများ အဖွဲ့မှ ဦးဆောင်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အတွင်း၌ ပြုလုပ်ကျင်းပခဲ့သော လွတ်လပ်ရေး အခမ်းအနားတွင် လူ (၄၀) ကျော် တက်ရောက် ကြောင်း ထိုအဖွဲ့၏ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
“လွတ်လပ်ရေး အခမ်းအနားကို ကျင်းပတဲ့ရည်ရွယ်ချက်ကတော့ အင်္ဂလိပ် ကိုလိုနီလက်အောက်က ကျွန်တော်တို့ (၆၄) နှစ် မြောက် လွတ်လပ်ရေးရခဲ့ပေမဲ့ ဒီနေ့ဒီအချိန်ကာလအထိ တကယ့်စစ်မှန်တဲ့ လွတ်လပ်ရေး မရခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံတနိုင်ငံလုံး လွတ်လပ်ရေးတွေဟာ အခြေခံ အခွင့်အရေးတွေ တခုမှ မရှိဘဲနဲ့ စစ်တပ်ရဲ့ စိုး မိုးချုပ်ချယ် အုပ်ချုပ်မှုအောက်က ဒီကနေ့အထိ ကျွန်တော်တို့ခံလာရတယ်။ ဒါကြောင့် လက်မခံနိုင်တာပါ။ ရှုပ်ချတယ်၊ ကန့်ကွက်တယ်။ ဒီနေ့ (၆၄) အကြိမ်မြောက် လွတ်လပ်ေရေးနေ့ အထိမ်းအမှတ်အပါဝင် လက်ရှိ စစ်အာဏာရှင် တွေရဲ့မူ မမှန်တဲ့ ဒီမိုကရေစီတွေကို ရှုပ်ချတဲ့ အခမ်းအနားကို ပြုလုပ်ရခြင်းဖြစ်ပါတယ်” ဟုလည် ၄င်းက ဆက်လက်ပြောကြား သွားပါတယ်။
အလားတူ ထိုင်းနိုင်ငံ၊ မယ်ဆောက်မြို့နယ်၊ စခန်းတလူးမှာလည်း (၆၄) အကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသည် ဒီနေ့မနက် (၈) နာရီ အချိန်တွင် ပြုလုပ်သွားကြောင်း သိရှိရပါသည်။ ထိုအခမ်းအနားသည် (Migrant) ကျောင်းပေါင်း (၇) ကျောင်းမှ ကျောင်းသားပေါင်း (၅၀၀) ကျော် နှင့် ဆရာ/ဆရာမပေါင်း (၈၀) တက်ရောက်ကြောင်း ပြည်ချစ်ကျောင်းအုပ်ဆရာ ဦးချမ်းမြင့်နိုင် က ပြောကြားသွားပါသည်။
“ကျွန်တော်တို့ လွတ်လပ်ရေးနေ့ အခမ်းအနား ပြုလုပ်ရတဲ့ ရည်ရွယ်ချက်က ကလေးတွေက လွတ်လပ်ရေးနေ့ အကြောင်း သိရှိရန် နှင့် ကာယဗလ (၅) တန်နှင့် ပြည့်စုံပြီး တစ်ဦးအပေါ်တစ်ဦး ချစ်ခင်ရင်းနှီးမှုရှိရန် တို့ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ (၂၀) ရက်နေ့ ကနေ ကျွန်တော်တို့စတင် ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ ကျောင်းအားကစား ပြိုင်ပွဲနဲ့ စတင်ကျင်းပပေးခဲ့တာပါ။ ကျွန်တော်တို့ (Migrant) ဒေသမှ ကျောင်းပေါင်း (၇) ကျောင်း စုပေါင်းပြီ ကျင်းပတာပါ။” ဟု ဆိုပါသည်။
မြန်မာနိုင်ငံအတွင်း၌လည်း အန်အယ်ဒီပါတီနှင့် ပြည်ချစ်ပုဂ္ဂိုလ်များက ပြည်နယ်တိုင်းအလိုက် လွတ်လပ်ရေးနေ့ကို ကျင်းပခဲ့ သည်ဟု သိရပါသည်။ လွတ်လပ်ရေးနေ့ ကျင်းပခြင်းကြောင့် အဖမ်းခံရသူများ၊ အခြိမ်းခြောက်ခံရသူများ မရှိသေးဟု သိရပါသည်။
(၆၄) နှစ်မြောက် လွတ်လပ်ရေးနေ့သည် ၁၉၄၈ ခုနှစ် ဇန္နာဝါရီလ (၄) ရက်နေ့တွင် ဗြိတိသျှ အင်္ဂလိပ်အစိုးရက လွတ်လပ် ရေးပေးခဲ့ရသည့် နေ့ထူးနေ့မြတ်ပင် ဖြစ်ပါသည်။ ယခုနှစ်ဆိုလျှင် (၆၄) နှစ်မြောက်သို့ ရောက်ရှိလာခဲ့သော်လည်းဘဲ ယနေ့ အချိန်ထိ စစ်မှန်သည့် လွတ်လပ်ရေးကို ပြည်သူများ မရရှိခဲ့သေးကြောင်း အများကပြောဆိုနေကြပါသည်။
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ ပါလီမာန် ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးခဲ့ပြီး အဲဒီနောက်ပိုင်းတွင် မြန်မာနိုင်ငံသည် ယခုထိတိုင် စစ်တပ်က အာဏာသိမ်းထားဆဲဖြစ်ပြီး စစ်တပ်အုပ်ချုပ်မှုအောက်မှ မလွတ်မြောက် နိုင်သေးဟု ဆိုရပါမည်။