ရမ္မာဝတီ အရှင်ပညာစာရအား ရက္ခိတဆု ချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရမ္မာဝတီ အရှင်ပညာစာရအား ရက္ခိတဆု ချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
by -
နိရဥ္စရာ

သရက်ထောင်တွင် အကျဉ်းကျခံနေရသော ရခိုင်သမိုင်းနှင့် စာပေသုတေသီ အရှင်ပညာစာရအား ရက္ခိတဆု ချီးမြှင့် ပေးအပ်သည့် အခမ်းအနားကို ဂျပန်နို်င်ငံ တိုကျိုမြို့တွင် ဒီဇင်္ဘာလ ၃၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

IMG_3201
" ဆုပေးပွဲ အခမ်းအနားမှာ ဆုလက်မှတ်နဲ့ ငွေသား အမေရိကန် ဒေါ်လာ ၁၀၀၀ ကို လူမူအထောက်အကူပြု တာဝန်ခံ ကိုလှရွှေက ဆရာတော်ဆီကို တာဝန်ယူပြီး ပို့ပေးမယ့် ကိုကျော်ကျော်ဝင်းနှင့် ကိုအေးသိန်းထွန်း လက်သို့ လွဲပြောင်း ပေးအပ်ခဲ့ပါတယ်" ဟု ရခိုင်မျိုးစောင့်အဖွဲ့မှ ကိုညီညီစံက ပြောသည်။

အခမ်းအနား တိုကျိုမြို့ Arakan Rakkhita Group (ARG) ရုံးခန်းတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ခဲ့ကြောင်း သိရသည်။
ARG-awarded
ဆရာတော် အရှင် ပညာစာရအား ပေးအပ်သည့် ဂုဏ်ပြုလွှာတွင် " ဆရာတော်သည် မိမိ၏ ဘဝသက်တမ်း တလျှောက်လုံးတွင် ရခိုင်လူမျိုးတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့့် ရခိုင်လူမျိုး ရှင်သန်ကြီးပွားရေး၊ ရခိုင်ပြည် မြောက်ပိုင်းနှင့် တောင်ပိုင်း ညီညွတ်ရေးတို့ အတွက်် စာပေ လက်နက်ဖြင့် တမျိုး၊ ကိုယ်တိုင် ပင်ပန်း ဆင်းရဲခံ၍ တစ်သွယ် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့သူ တစ်ဦး ဖြစ်သည်သာမက ရခိုင့် ယဉ်ကျေးမူ အမွေအနှစ်များကိုလည်း ကျားကုတ်ကျားခဲ ထိန်းသိမ်း စောင့်ရှောက်ခဲ့သည်" ဟု ဖေါ်ပြထားသည်။

ရက္ခိတ မျိုးစောင့် အဖွဲ့မှ ကိုကျော်သန်းလိူင်ကလည်း အရှင် ပညာစာရအား ရက္ခိတ မျိုးစောင့်ဆု ချီးမြှင့်ရသည့် အချက်များထဲမှ အရေးကြီးသည့် အချက် တစ်ချက်ကိုလည်း ယခုလို ပြောသည်။

" အဓိက ဆရာတော် ပညာစာရဟာ မိဘအစွန့်ပစ်ခံရတဲ့ ခလေးတွေကို ကောက်ယူမွေးစားခဲ့ တာသာ မက လူမျိုးခြား ဘာသာခြား လက်ထဲကိုရောက်သွားတဲ့ ကလေးတွေကိုလည်း ငွေပေးဝယ်ယူပြီး မွေး စားပြီး ရခိုင်လူမျိုးအဖြစ် ဘဝရှင်သန်စီဖို့ ပြုလုပ်ခဲ့တဲ့ ဆရာတော် ဖြစ်တယ်။ ခုလို အလုပ်မျိုးကို တယောက်မှ မလုပ်ဖူးသေးတဲ့ အတွက် ဆရာတော်ဟာ ရခိုင်မျိုးစောင့်ဆုနဲ့ ထိုက်တန််တဲ့ ပုဂ္ဂိုလ် ဖြစ်တဲ့ အတွက် ဂုဏ်ပြုထိုက်လို့ ဆရာတော် ပညာစာရ ကို ဂုဏ်ပြုဆက်ကပ်လိုက်ရတာ ဖြစ်ပါတယ်" ဟု ပြောသည်။

Most read this week