ဒေါက်တာ အေးကျော်ရဲ့ ၂၂၇ အမှတ် တရစကား

ဒေါက်တာ အေးကျော်ရဲ့ ၂၂၇ အမှတ် တရစကား
by -
နိရဥ္စရာ

အမေရိကန် နိုင်ငံမှာ နေထိုင်တဲ့ ဒေါက်တာ အေးကျော် က ၂၂၇ နှစ်ပြည့်မြောက်တဲ့ ရခိုင် ဘုရင် နိုင်ငံတော်နဲ့အချုပ်အချာ အာဏာကျဆုံးတဲ့ နေ့မှာ ခုလို အမှတ်တရ စကားတွေ လက်ဆောင်ပါး ထားပါတယ်။

Dr-Aye-Kyaw

ရခိုင်ဘုရင့် နိုင်ငံတော် ဘာကြောင့် ကျဆုံးခဲ့ရသလဲ။ အနှစ်ချုပ် ပြောပြပေးပါ။

ရခိုင် ဘုရင့် နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခဲ့ရတာဟာ ရခိုင် အမျိုးသားတွေ စည်းလုံးညီညွှတ်မူ ပြိုကွဲသွားတဲ့ အတွက် ကျဆုံးရတာ ဖြစ်တယ်။ အထူးသဖြင့် ရခိုင် အချင်းချင်း အာဏာလုကြပြီး ခေါင်းဆောင် တွေက မိမိတို့ အာဏာရရှိရေး ကိုဘဲ ကြည့်ခဲ့ကြတယ်။ အရေးကြီးဆုံးက မိမိ အမျိုးသားရေး ပြဿနာကို မိမိအတွင်းမှာ မဖြေရှင်းဘဲ သူတစ်ပါးကို သွားခေါ်ရာကနေ ခုလို ထီးကျိုးစည်ပေါက် ကျွန်သဘောက်ဘဝကို ရောက်ခဲ့ကြရတာ ဖြစ်ပါတယ်။

ရခိုင်လူငယ်တွေ အတွက် ဘယ်လို သင်္ခန်းစာမျိုး ယူသင့်တယ်လို့ ထင်ပါသလဲ။

သင်္ခန်းစာ ယူသင့်တာက ခုဆိုရင် နှစ်ပေါင်း နှစ်ရာကျော်ရှိပြီ။ နှစ်ပေါင်း နှစ်ရာကျော်မှာ ဖြစ်ပေါ်ခဲ့တဲ့အခြေ အနေ အရပ်ရပ်ကို သင်္ခန်းစာ မယူနိုင်ကြသေးဘူးဆိုရင်၊ ယူဖို့ မထိုက်တန်ဘူးလို့ မြင်နေ ပြောနေကြမယ် ဆိုရင် ကျွန်တော်တို့ ရခိုင် တပြည်လုံး သိပ်မကြာခင် ပျောက်သွား လိမ့်မယ်လို့ ပြောလိုပါ တယ်။

ထိမ်းသိမ်း စောင့်ရှောက်မူ အပိုင်းတွေမှာကော ဘယ်လို မြင်ပါသလဲ။

ရခိုင်သားတိုင်း ရခိုင်သားတိုင်းဟာ အချင်းချင်း ညီညွတ်စွာနဲံ လက်တွဲ လုပ်ဆောင် ကြရမယ်။ ကြိုက်တာရှိ တယ်။ မကြိုက်တာ ရှိတယ်။ ဒါပေမယ့် ဆရာကြီးတို့ရဲ့ ရည်မှန်းချက်သည် ဘာပါလဲဆိုလို့ရှိရင် ကိုယ်ပိုင် ဆုံးဖြတ်နိုင်ခွင့်၊ ရည်မှန်းချက်ဟာ အဓိက အချက်ပါ။ အဲဒီအ ချက်နဲ့ ပတ်သက်လို့ဦးသာဘန်း ကလည်း ဆရာကြီးကို ပြောဖူးပါတယ်။ အဲဒီလမ်းစဉ်လည်း အင်မတန် မှန်ပါတယ်။ နောက်တချက်က ကျွန်တော်တို့ ရခိုင်ပြည်မှာ ကိုယ့်ပြည်၊ ကိုယ့်ရွာ၊ ကိုယ့်နိုင်ငံကို တိုးတက်အောင် တည်ထောင်ခြင်းဟာ ဘယ်သူ့ကိုမှ နစ်နာစရာ အကြောင်းမရှိပါဘူး။

နိုင်ငံတကာမှာ ရခိုင်နိုင်ငံတော် ကျဆုံးနေ့ အခမ်းအနားတွေ လုပ်နေ ကြတဲ့ အပေါ်ကို ကို ဘယ်လိုမြင်ပါသလဲ။

ရခိုင်ပြည်မှာ ရှိတဲ့ ရခိုင်လူငယ်တွေအားလုံး၊ နိုင်ငံခြားမှာ ရောက်နေတဲ့ ရခိုင်လူငယ်တွေ အားလုံးဟာ ခုလို နိုင်ငံတော် အချုပ်အခြာ အာဏာကျဆုံးတဲ့နေ့ကို နှစ်စဉ်နှစ်တိုင်း ကျင်းပသွားရမယ်။ သမိုင်းမှာ ကိုယ့်လူမျိုးနဲ့ သက်ဆိုင်ပီး အရေးကြီးတဲ့ နေ့ တစ်နေ့ကို ကျင်းပ ဖေါ်ထုတ်တာဟာ လုပ်ရမယ့် အလုပ် ဖြစ်တယ်။ ဘယ်သူ့ကိုမှ စော်ကားတာ မဟုတ်ပါဘူး။ ဒါ့ပြင် ဒီလို ကျင်းပတာဟာ ရခိုင်ရဲ့ သတ္တိ၊ ရခိုင်ရဲ့ ဇွဲ၊ ရခိုင်ရဲ့ ၀ိရိယ ကို သမိုင်းစဉ််နဲ့ ချီပြီး ဖေါ်ပြတာဖြစ်ပါတယ်။

မြန်မာ လွတ်လပ်ရေး ရပြီးခေတ်မှာ ရခိုင်တွေ လက်ရှိ အခြေအနေကို ဘယ်လို မြင်ပါသလဲ။

၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရလို့ ပြောပေမယ့် တကယ့် ပြည် ထောင်စု အစစ်အမှန်မဟုတ်။ ဗမာနိုင်ငံရဲ့ အခြေခံဥပဒေကို အသေအချာ လေ့လာကြည့်၊ ပြည်ထောင်စု စနစ် မဟုတ်ဘူး။ အဲဒါကြောင့် ကျွန်တော်တို့မှာ တဖြည်းဖြည်း ဖွတ်ကျောကို ပြာစုသလို ဆင်းရဲလာတာဟာ အခုထိ ဆင်းရဲလာတုန်း ဖြစ် တယ်။ ထွက်ပေါက် မရှိသေးဘူး။

စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်မယ်ဆိုရင်ကော

တကယ်တန်း စစ်မှန်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ တည်ထောင်ကြမယ်ဆိုလို့ရှိရင် ညီအစ်ကို မောင်နှမ မခွဲဘဲ ရခိုင် စကားကို ကချင်က ပြောတတ်ရမယ်။ မွန်စကားကို ရခိုင်က ပြောနိုင်ရမယ်။ ကျွန်တော်တို့ တိုင်းရင်း သားတွေဟာ တလမ်း မောင်း စနစ်မဖြစ်ရအောင် အစိုးရက ညွန်ပြပေးရမယ်။ အစိုးရက ဒီကိစ္စတွေမှာ ရခိုင်နိုင်ငံမှာ ရခိုင်သမိုင်း အကျဉ်းချုပ်တွေ ကို သင်ပေး၊ ရခိုင်စာကို သင်ပေး၊ အဲဒီလို စာပေတွေကိုသင်ကြား ပေးတဲ့အတွက်ကြောင့် ရခိုင်သားတွေဟာ စာပေမှာ ပိုမို ကြွယ်ဝ လာမယ်။ ကချင်ပြည်မှာလည်း ပိုမိုကြွယ်ဝ လာမယ်။ အဲဒီလမ်းကို ပိတ်ထားတဲ့အတွက်ကြောင့် တဆင့် ခံအနေနဲ့ စစ်မှန်သော ပြည်ထောင်စု မြန်မာနိုင်ငံကို လမ်းပိတ်ထားတယ်လို့ ဆရာကြီးက မြင်တယ်။ အဲဒါ သမိုင်း ရှု့ထောင့်က ပြော တာ။ ဒီလို လမ်းပိတ်ထားတာဟာ ၁၉၄၈ ခုနှစ်က စပြီး ပိတ်ထားခဲ့တာဟာ ခုချိန်ထိ ပိတ်ထားတုန်း ဖြစ်တယ်။

Most read this week