၂၀၁၀-၁၁ အတွင်း မြန်မာမှ US$ ၁၇၅ သန်းကျော် ကုန်ပစ္စည်း ဘင်္ဂလာသို့ တင်ပို့ခဲ့

၂၀၁၀-၁၁ အတွင်း မြန်မာမှ US$ ၁၇၅ သန်းကျော် ကုန်ပစ္စည်း ဘင်္ဂလာသို့ တင်ပို့ခဲ့
by -
နိရဥ္စရာ

၂၀၁၀-၂၀၁၁ ခုနှစ် ဘဏ္ဍာရေး နှစ်အတွင်း ဘင်္ဂလာဒေချ့်နိုင်ငံသို့ မြန်မာမှ ကုန်ပစ္စည်း အမေရိကန် ဒေါ်လာ ၁၇၅ သန်းကျော်ဖိုး တင်သွင်းခဲ့သည်ဟု FBCCI က ထုတ်ဖေါ် ပြောကြားသည်။

bangla-teknaf-port
Federation of Bangladesh Chambers of Commerce and Industry (FBCCI) က ထုုတ်ပြန်သော စာရင်းဇယားအရ မြန်မာနိုင်ငံမှ ၂၀၁၀-၂၀၁၁ နှစ် သွင်းကုန် ပမာဏ တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၇၅ ဒဿမ ရ၂ သန်းရှိကြောင်း သိရသည်။

ဘင်္ဂလာဒေချ့်မှ မြန်မာသို့ တင်ပို့သော ကုန်ပစ္စည်း ပမာဏမှ အလွန်နည်းပါးပြီး ၂၀၁၀-၂၀၁၁ တွင် အမေရိကန်ဒေါ်လာ ၉ ဒဿမ ၆၅ ရှိသည်ဟု FBCCCI က ပြောသည်။

မြန်မာမှ ဘင်္ဂလာဒေချ့်သို့ အဓိက တင်ပို့သော ကုန်ပစ္စည်းများမှာ ဆန်၊ သစ် အမျိုးမျိုး၊ ရေချိုငါး အမျိုးမျိုးနှင့် ပဲအမျိုးစုံတို့ ဖြစ်ကြသည်။

ဘင်္ဂလာဒေချ့်မှ မြန်မာသို့ တင်ပို့သော ကုန်ပစ္စည်းများမှာ ဘိလပ်မြေ၊ အိမ်သုံး ဆေးဝါးများ၊ နို့ထွက် ပစ္စည်းများနှင့် လျှပ်စစ် ၀ါယာကြိုးများ ဖြစ်ကြောင်း သိရသည်။

မြန်မာနှင့် ဘင်္ဂလာဒေချ့်နိုင်ငံအကြား ကုန်သွယ်ရေးကို တိုးမြင့်ရန် နှစ်ဘက် ကုန်သည်ကြီးများက ကြိုးစားနေသော်လည်း နှစ်နိုင်ငံ အကြားတွင် ကန့်သတ်မူများ ရှိနေသဖြင့် မအောင်မြင်ဘဲ ဖြစ်နေကြောင်း သိရသည်။

မြန်မာနှင့် ဘင်္ဂလာဒေချ့် အကြားတွင် ဆက်သွယ်ရေး စနစ် မကောင်းမွန်သည့် အပြင် နှစ်နိုင်ငံ ကုန်သွယ်ရာတွင် ဘဏ်စနစ်ကိုလည်း နိုင်ငံတကာ စံနုန်းများနှင့် အညီ မပြုလုပ်နိုင်သေးခြင်းကလည်း အခက်အခဲ တစ်ခု ဖြစ်နေကြောင်း သိရသည်။

ဘင်္ဂလာဒေချ့့်နှင့် မြန်မာနိုင်ငံ ကုန်သွယ်ရေး တိုးတက်ရန် အတွက် တိုက်ရိုက် လေကြောင်းလိုင်း ပျံသန်းရေး၊ ရထားလမ်း ကားလမ်း ဖေါက်လုပ်ရေးမှာ အဓိကနေရာက ရှိနေကြောင်း၊ ထိုသို့ ဆက်သွယ်ရေး တိုးတက်လာပါက ဘင်္ဂလာဒေချ့်ဘက်မှ တင်ပို့ကုန် ပမာဏ များလာမည် ဖြစ်ကြောင်း BMCCI ( Bangladesh- Myanmar Chamber of Commerce and Industry) ဒုဥက္ကဌ SM နုရ် ဟော့ခ်က ပြောသည်။

Most read this week