ဒုဗိုလ်မှူးကြီး အဆင့်ရှိသူ တစ်ဦးက လယ်များကို မိမိပိုင်လုပ်ပြီး နိုင်ငံခြား ကုမ္ပဏီ တစ်ခုသို့ ဌားရမ်းလိုက်၍ လယ်သမာ းများက နိုင်ငံတော် အစိုးရထိ တိုင်ကြား

ဒုဗိုလ်မှူးကြီး အဆင့်ရှိသူ တစ်ဦးက လယ်များကို မိမိပိုင်လုပ်ပြီး နိုင်ငံခြား ကုမ္ပဏီ တစ်ခုသို့ ဌားရမ်းလိုက်၍ လယ်သမာ းများက နိုင်ငံတော် အစိုးရထိ တိုင်ကြား
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ လယ်ဧက အများအပြားကို ဒုတိယ ဗိုလ်မှူးကြီး (အငြိမ်း စား) တစ်ဦးက ၎င်းပိုင်လုပ်ပြီး အိန္ဒိယ ကုမ္ပဏီ တစ်ခုကို ဌားရမ်းလိုက်သဖြင့် လယ်မဲ့ယာမဲ့ ဖြစ် သွားသော လယ်သမား များက နိုင်ငံတော် အစိုးရထိ စာရေး တိုင်ကြားလိုက် ကြောင်း သတင်း ရရှိသည်။

Pya-Tae-villae-hills
လယ်များကို ၎င်းပိုင်လုပ်ပြီး ဌားရမ်းလိုက်သော ပုဂ္ဂိုလ်မှာ ဒုတိယ ဗိုလ်မှူးကြီး (ငြိမ်း) ဆန်းအောင်ဖြစ်ပြီး သူ့၏ မှတ်ပုံတင် အမှတ်မှာ - ၉ မျဉ်းစောင်း မနမ (နိုင်) ၀၁၃၉၆၁- ဖြစ်သည်။

" အဲဒီ ဒုတိယ ဗိုလ်မှူးကြီး ဆန်းအောင်က ကျောက်ဖြူမြို့နယ် ပျားတဲ ကျေးရွာ အုပ်စုက လယ်ဧက ၂၄ ဒဿမ ၁၆ ဧကကို အိန္ဒိယ ကုမ္ပဏီ တစ်ခုနဲ့ မြန်မာ့ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ လုပ်ငန်းကိို ၂၉ လအတွက် ကျပ်ငွေ ၂၀၅ သိန်း ၄သောင်း ၈ထောင်နဲ့ ဌားရမ်းထားပါတယ်။ အဲသလို ဌားရမ်းလိုက်တဲ့ လယ်သမား ၁၀ ဦးက လယ်မဲ့ယာမဲ့ ဖြစ်သွားတာကြောင့် နိုင်ငံတော် အစိုးရထိ စာရေးပြီး ဒီဇင်္ဘာလ ၂၆ ရက်နေ့ကတိုင်ကြား လိုက်ပါတယ်" ဟု ကျေးရွာသား တစ်ဦးက ပြောသည်။

တိုင်ကြားသူ လယ်သမားများမှာ ကျောက်ဖြူမြို့နယ် ကြတ္တိန် ကျေးရွာ ၄ ဦး၊ ကပ်သပေ ကျေးရွာမှ ၅ ဦးနှင့် ကမ်းဒီးကျေးရွာမှ တစ်ဦးတို့ ဖြစ်ကြသည်။

� တိုင်တာက လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ၀န်ကြီးကို တစ်စောင်နဲ့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ကို တစ်စောင် စာရေးပြီး တိုင်ကြားပါတယ်။ လယ်ယာနဲ့ ဆည်မြောင်းဝန်ကြီးကို တိုင်တဲ့ စာကို နို်င်ငံတော် သမ္မတ၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ၊ အမျိုးသား လွှတ်တော် ဥက္ကဌဆီကို မိတ္တူပေးပါတယ်။ ရခိုင်ပြည်နယ် အစိုးရဆီကို ရေးသား ပေးပို့တဲ့စာကိုလည်း ပြည်နယ် ဆည်မြောင်း ဦးစီးဌာန အပါအဝင် ပြည်နယ်အထွွေ ထွေ ဦးစီးမှူး၊ ခရိုင် ဦးစီးမှူးတွေဆီကို မိတ္တူပေးပါတယ်" ဟု သူက ဆက်ပြောသည်။

ကျေးရွာသားများ အနေဖြင့် သူတို့ လယ်ယာမြေများကို ဒုတိယ ဗိုလ်မှူးကြီး ဆန်းအောင်မှ ဌားရမ်း သွားကြောင်းကို အိန္ဒိယ ကုမ္ပဏီမှ မြေထိုးစက်များဖြင့် လာထိုးမှ သိရကြောင်း သူက ဆက်ပြောသည်။

" အခုလို ဌားရမ်းထားတာကို လယ်သမားတွေပိုင်တဲ့ လယ်တွေကို မြေထိုးစက်တွေနဲ့ လာထိုးပြီး အဆောက်အဦးတွေ လာဆောက်မှ သိရပါတယ်။ ဘာကြောင့် ကျွန်တော်တို့ လယ်တွေကို ခုလို လုပ်ရသလဲလို့ မေးတဲ့ အခါ အဲဒီ ကုမ္ပဏီမှာ ပါလာတဲ့ ဗမာ ၀န်ထမ်းတွေက အဲဒီမြေတွေကို ဗိုလ်မှူး ဆန်းအောင်ဆီက သူတို့ ဌားရမ်းထားတာ ဖြစ်တယ်ဆိုပြီး ပြောတယ်။ ပီးရင် ဌားရမ်းထားတဲ့ စာချုပ်ကို ပြတော့မှ သူတို့လယ်တွေ အသိမ်းခံကြရတယ် ဆိုတာ သိကြရပါတယ်" ဟု သူက ဆက်ပြောသည်။

ဒုတိယ ဗိုလ်မှူးကြီး ဆန်းအောင်နှင့် အိန္ဒိယ ကုမ္ပဏီ မြေဌားစာချုပ်တွင် လူ( ၆) ဦး၏ အမည် ပါရှိပြီး ထိုအထဲတွင် (၃) ဦးက လက်မှတ်ရေးထိုးပြီး ကျန် (၃) ဦးက လက်မှတ် မထိုးဘဲ ပါရှိကြောင်း သိရသည်။

အဆိုပါ စာချုပ်ထဲတွင် ဒုတိယ ဗိုလ်မှူးကြီး ဆန်းအောင်ကိုယ်စား တပ်ကြပ်ကြီး ထွန်းအောင်ကျော် (ရေ) ကပ အမှတ်- ၂၅၂၄၉၊ အမျိုးသားမှတ်ပုံတင် အမှတ်- ၁၀ မျဉ်းစောင်း မလမ (နိုင်) ၀၁၉၈၆၇ ကငွေလက် ခံရရှိသူနှင့် မြေဌားရမ်းသူ အဖြစ် လက်မှတ်ရေးထိုးထားပြီး ဦးကိုကိုထွေး၊ အမျိုးသား မှတ်ပုံ အမှတ် ၁၂ မျဉ်းစောင်း လမန (နိုင်) ၀၄၈၂၂၃ - ဒု အထွေထွေ ဦးစီးမှူး၊ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ် ငန်းက မြေလွဲပြောင်း လက်ခံ ရယူသူ အဖြစ် လက်မှတ်ရေးထိုးထားသည်။

၎င်းစာချုပ်တွင် အသိသက်သေ အဖြစ် တခြား လက်မှတ်ရေးထိုးထားသူ တစ်ဦးမှာ ကျောက်ဖြူမြို့နယ် ဒုဦးစီးမှူး ဦးခင်မောင်မြင့်၊ အမျိုးသား မှတ်ပုံတင် အမှတ်- ၉ မျဉ်းစောင်း ပဘန (နိုင်) ၁၂၄၇၈၀ က ဖြစ်သည်။

အဆိုပါ စာချုပ်တွင် အမည်သာ ပါရှိပြီး လက်မှတ် မရေးထိုးထားသူ (၃) ဦးမှာ ဦးအောင်စိန်ချမ်း (ကြတ္တိန် ကျေးရွာ ဥက္ကဌ)၊ ဦးစောလွှင် (လက်ထောက် အင်ဂျင်နီယာ- ဆလရ) MOG နှင့် အိန္ဒိယ ကုမ္ပဏီမှ Morim Jom � Chief Supervisor တို့ဖြစ်ကြသည်။

အဆိုပါ စာချုပ်တွင် ၂၀၁၁ ခုနှစ် သြဂတ်စ်လ မှ ၂၀၁၃ ခုနှစ် ဒီဇင်္ဘာလ အထိ (၂၉ လ) အတွက် လယ်ဧက ၂၄ ဒဿမ ၁၆ ဧကကို ကျပ်ငွေ ၂၀၅၄၈၀၀၀ ဖြင့် ၈၊၈၊ ၂၀၁၁ နေ့မှ စဌားရမ်းလိုက်သည်ဟု ပါရှိကြောင်း သိရသည်။

Most read this week