မလေး၊ ထိုင်းသို့ လူပို့သူ မှောင်ခိုသမား ၃၆ ဦးကို ဖမ်းဆီးရန် ပြည်ထဲရေး ၀န်ကြီးဌာနမှ အမိန့်ထုတ်

မလေး၊ ထိုင်းသို့ လူပို့သူ မှောင်ခိုသမား ၃၆ ဦးကို ဖမ်းဆီးရန် ပြည်ထဲရေး ၀န်ကြီးဌာနမှ အမိန့်ထုတ်
by -
နိရဥ္စရာ

ဘင်္ဂလာဒေချ့် ပြည်ထဲရေး ၀န်ကြီးဌာနမှ မလေးနှင့် ထိုင်းသို့ လူူမှောင်ခိုပို့သူများဟု သံသယ ဖြစ်ခံရသူ ၃၆ ဦးကို ဖမ်းဆီးရန် ယမန်နေ့က အမိန့်ထုတ်လိုက်သည်။

St.-Martin-Island-Teknaf

မလေးသို့ သွားလိုသူများကို အဓိက တင်ပို့ရာ နတ်မြစ်ဝရှိ အုန်းကျွန်း အဆိုပါ လူပုဂ္ဂိုလ် ၃၆ ဦးမှာ ဘင်္ဂလာဒေချ့်နှင့် မြန်မာနိုင်ငံမှ မလေးသို့ သွားလိုသူများကို ငွေကြေး ယူဆောင်ပြီး မော်တော်ဘုတ်များဖြင့် ပို့ဆောင်နေသူများ ဖြစ်သဖြင့် ဘင်္ဂလာဒေချ့် ပြည်ထဲရေး ၀န်ကြီးဌာနမှ ယခုကဲ့သို့ ဖမ်းဆီးရန် အမိန့်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ဘင်္ဂလာဒေချ့် ထောက်လှမ်းရေး အဖွဲ့မှ အဆိုပါ ပုဂ္ဂိုလ်များ၏ အမည် စာရင်းကို အစိုးရ ၀န်ကြီး အဖွဲ့သို့ တင်ပြပြီးနောက် ထိုကဲ့သို့ ဖမ်းဆီးရန် အမိန့်ထွက်ပေါ်လာခြင်း ဖြစ်သည်။

သူတို့ ၃၆ ဦးထဲမှ ၂၄ ဦးမှာ ဘင်္ဂလားဒေချ့် ပင်လယ်ကမ်းခြေ ဒေသများမှ တဆင့် မလေးရှားနှင့် ထိုင်းနိုင်ငံများသို့ ပို့ဆောင်နေသည်မှာ အနည်းဆုံး ၅ နှစ်မှ ၁၀ နှစ်အကြား အချိန် ကြာမြှှင့် နေပြီ ဖြစ်ကြောင်းနှင့် ၂ ဦးမှာ လူမှောင်ခိုဂိုဏ်းခေါင်းဆောင်များ ဖြစ်ကြောင်း သိရသည်။ ထိုအထဲမှ ၁၀ ဦးမှာ မော်တော် ဘုတ်ပိိုင်ရှင်များ ဖြစ်ကြသည်။

ယခု ဖမ်းဆီးရန် အမိန့်ထုတ်ခံရသူ အများစုမှာ မြန်မာနှင့် နယ်စပ်ချင်း ကပ်နေသော ကော့့စ်ဘဇားခရိုင် တက်ကနက် မြို့နယ်မှ ဖြစ်ကြသည်။

ယခုအခါ ဘင်္ဂလာဒေချ့်မှ တဆင့် စက်လှေများဖြင့် မလေးရှားသို့ အလုပ်ရှာဖွေရန် သွားရောက်စဉ် လှေနစ်ပြီး သေဆုံးမူများ ရှိလာသဖြင့် ဘင်္ဂလာ အစိုးရက အဆိုပါ ကိစ္စအပေါ် အာရုံ စူးစိုက်လာခဲ့သည်။

ဒီိဇင်္ဘာလ ၂၅ ရက်နေ့ကလည်း ဘင်္ဂလာဒေချ့် ကမ်းခြေစောင့် တပ်ဖွဲ့မှ မလေးရှားသို့ သွားရောက်မည့် လူ ၂၃ ဦးကို ဖမ်းဆီးခဲ့ရာ ၁၃ ဦးမှာ ဘင်္ဂလာဒေချ့် နိုင်ငံသား ဖြစ်ပြီး ၁၀ ဦးမှာ မြန်မာ နိုင်ငံသားများ ဖြစ်ကြောင်း The Independent သတင်းစာက ဖေါ်ပြသည်။

အလားတူ ဒီဇင်္ဘာလ ၂၄ ရက်နေ့ကလည်း မလေးကို သွားမည့် စက်လှေ တစ်စီးမှ လူပေါင်း ၂၃ ဦးကို ဖမ်းဆီးရာ ၁၈ ဦးမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ မွတ်ဆလင်များ ဖြစ်ကြသည်ဟု အဆိုပါ သတင်းစာက ရေးသား ဖေါ်ပြသည်။

Most read this week