(၅) ကြိမ်မြောက် ကုန်သွယ် ဆွေးနွေးပွဲတွင် မြန်မာမှ အိမ်ဆောက် ပစ္စည်းများ ၀ယ်ယူလိုကြောင်း ထုတ်ဖေါ်

(၅) ကြိမ်မြောက် ကုန်သွယ် ဆွေးနွေးပွဲတွင် မြန်မာမှ အိမ်ဆောက် ပစ္စည်းများ ၀ယ်ယူလိုကြောင်း ထုတ်ဖေါ်
by -
နိရဥ္စရာ

ဒီဇင်္ဘာလ ၁၈ ရက်နေ့က ပြုလုပ်သော (၅) ကြိမ်မြောက် မြန်မာ- ဘင်္ဂလာဒေချ့် နယ်စပ် ကုန်သွယ်ရေး ပူးပေါင်း အလုပ်အဖွဲ့ဆွေးနွေး ပွဲတွင် ဘင်္ဂလာဒေချ့်ထုတ် အိမ်ဆောက်ရာ တွင် အသုံးပြုသော ပစ္စည်းများကို မြန်မာက ၀ယ်ယူရန် ဆန္ဒရှိနေကြောင်းထုတ်ဖေါ်ခဲ့ သည်ဟု သတင်း ရရှိသည်။

Teknaf-land-port285
ဘင်္ဂလာဒေချ့်နိုင်ငံ ကော့စ်ဘဇားမြို့တွင် (၂) နာရီကြာ ပြုလုပ်ခဲ့သော နှစ်ဘက် ကုန်သည်ကြီးများတက်ရောက် သော အစည်းအဝေးတွင် မြန်မာဘက်က ထိုသို့ လိုလားနေကြောင်း ထုတ်ဖေါ်ခဲ့သည်ဟု ဘင်္ဂလာဒေချ့် ကုန်သည်ကြီးများက ထုတ်ဖေါ်ပြောကြားသည်။

မြန်မာဘက်က တင်သွင်းလိုနေသော အိမ်ဆောက် ပစ္စည်းများမှာ ဘိလပ်မြေ၊ သံချောင်း၊ သွပ်ပြားနှင့် တခြား အိမ်ဆောက် ပစ္စည်းများ ဖြစ်ကြသည်။

အစည်းအဝေးတွင် နှစ်ဘက် ကုန်သည်ကြီးများက နှစ်နို်င်ငံ နယ်စပ်ကုန်သွယ်ရေးတွင် ဖြစ်ပေါ်နေသော ပြဿနာရပ်များကို ဆွေးနွေး ဖြေရှင်းခဲ့ကြသည်။

ဆွေးနွေးပွဲအား ဒီဇင်္ဘာလ ၁၈ ရက်နေ့က ကော့စ်ဘဇားမြို့ DC ခရိုင် အုပ်ချုပ်ရေးရုံး ခန်းမတွင် ပြုလုပ်ခဲ့ပြီး မြန်မာဘက်မှ စစ်တွေ နယ်စပ် ကုန်သွယ်ရေး ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းလွှင် ဦးဆောင်သော ၁၅ ဦးပါ ကိုယ်စား အဖွဲ့ တက်ရောက်ခဲ့သည်။

ဘင်္ဂလာဒေချ့်ဘက်မှ Additional Commissioner အမ်းဒီ နုရ်အာလမ် နာဂျမီ ဦးဆောင်သော ကိုယ်စားလှယ် ၁၅ ဦး တက်ရောက်ခဲ့သည်။

မြန်မာနှင့် ဘင်္ဂလာဒေချ့် အကြား လက်ရှိ ကုန်သွယ်မူ ပမာဏမှာ အမေရိကန် ဒေါ်လာ သန်း ၁၈၀ ရှိနေပြီး ၂၀၁၁-၂၀၁၂ ခုနှစ်တွင် သန်း ၅၀၀ ထိ တိုးမြှင့်ရန် နှစ်ဘက် ကုန်သည်ကြီးများက သဘော တူညီထားကြသည်။

မြန်မာဘက်မှ လက်ရှိ် ၀င်ရောက်နေသော ကုန်ပစ္စည်းများမှာ သစ်၊ ဇီးယိုမျိုးစုံ၊ နနွင်း၊ ရေချို ငါးအမျိုးမျိုးတို့ ဖြစ်ကြသည်။

Most read this week