ပြည်ပနေ နိုင်ငံသားများ ၀င်ငွေခွန် ကင်းလွတ်ပြီ

ပြည်ပနေ နိုင်ငံသားများ ၀င်ငွေခွန် ကင်းလွတ်ပြီ
by -
ကိုပေါက်

ပြည်ပနေနိုင်ငံသားများ အားလုံး ၀င်ငွေခွန် ကင်းလွတ်ခွင့်ရရှိပြီဖြစ်ကြောင်းနေပြည်တော်ဘဏ္ဍာ ရေးနှင့်အခွန်ဝန်ကြီးဌာနမှ ၂၁.၁၂.၂၀၁၁ ရက်နေ့တွင် တရားဝင်သတင်းထုတ်ပြန်လိုက် သည်။

နယူးဒေလီ (မဇ္ဈိမ) ။        ။ ပြည်ပနေနိုင်ငံသားများ အားလုံး ၀င်ငွေခွန် ကင်းလွတ်ခွင့်ရရှိပြီ ဖြစ် ကြောင်း နေပြည်တော်ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ ၂၁.၁၂.၂၀၁၁ ရက်နေ့တွင် တရားဝင် သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ အခွန်ကင်းလွတ်ခြင်းသည် လာမည့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ တရက်နေ့မှ စတင်ကာ အကြံုးဝင်ကြောင်း၊ ပုဒ်မ ၅ ၊ပုဒ်မရ (ခ) အရ ရရှိသည့် နိုင်ငံခြားငွေအမျိုးအစားနှင့် ပေးဆောင်ရသောဝင်ငွေခွန်ကို ကင်းလွတ်ခွင့် ပြုခြင်းဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌါနမှ တာဝန်ရှိသူတဦးက
ပြည်ထောင်စုအစိုးရအဖွဲ့၏ ကြေငြာချက်ကို ရှင်းပြသည်။

“ဟုတ်ပါတယ်။ လစာကို ဘာမှ အခွန်ဆောင်စရာမလိုတော့ဘူးပေါ့။ ဖြေလျှော့မှုပေးတာပေါ့။ အဓိကကတော့ ကျနော်တို့သိသလောက်တော့ နိုင်ငံသားတွေဟာ သူတို့ရတဲ့လစာတွေကို များများပြန်ပို့ဖို့ပေါ့။ flow in  ပေါ့ဗျာ” ဟု ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၈ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် ၁၈/၂၀၁၁ မှ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသည် ၀င်ငွေခွန်ဥပဒေ ပုဒ်မ ၄တွင် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍  အမိန့်ကြော်ငြာစာတစောင်ကို ထုတ်ပြန်ခဲ့သေးသည်။

ယင်းမှာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ၂၀၀၆ ခုနှစ် ဇွန် ၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၂၄/၂၀၀၆ ၏ အပိုဒ်၂ အပိုဒ်ခွဲ(ခ)နှင့် အပိုဒ် ၃ တို့တွင် ထုတ်ပြန်ပြဋ္ဌာန်းချက်များအရ ပြည်တွင်းနေ နိုင်ငံသားနှင့် ပြည်ပနေ နိုင်ငံသားများက နိုင်ငံခြားငွေဖြင့်ရရှိသည့် လစာခေါင်းစဉ်မှ ၀င်ငွေစုစုပေါင်းအပေါ် ရရှိသည့်နိုင်ငံခြားငွေအမျိုး အစားဖြင့် ပေးဆောင်စေသည့် ၀င်ငွေခွန်ကို နဂို ၁၀ ရာခိုင်နှုန်းမှ နှစ်ရာခိုင်နှုန်းသို့ လျှော့ပေါ့သတ်မှတ် ခဲ့သေးသည်။

ယခုမူ ထို နှစ်ရာခိုင်နှုန်းပါ ပေးဆောင်ရန်မလိုတော့သည့်အတွက် ပြည်ပရောက် နိုင်ငံသားများထံမှ နိုင်ငံခြား ငွေရရှိမှု ပိုမိုများပြားလာတော့မည်ဖြစ်ကြောင်း အဆိုပါအရာရှိက ဆက်လက်၍ “အရင်တုန်းကတော့ အခွန်ဆောင် ရတော့ အခက်အခဲတွေ အများကြီးရှိတယ်လေ။ ခုလို ကင်းလွတ်ခွင့်ပေးလိုက်တော့ ကျနော်တို့ဆီ နိုင်ငံခြားငွေ များများဝင်လာမှာပေါ့။ အရင်တုန်းက ဟွန်ဒီနဲ့လွှဲတော့ လမ်းကြောင်းက တရားမဝင်ဘူး။ ခုတော့ဘဏ်ကနေ တဆင့် ၀င်လာမှာ” ဟု မဇ္စျိမကို ပြောဆိုသွားသည်။