မြန်မာ ဒုက္ခသည် ရခိုင်နှင့် ချင်း များကို ဘင်္ဂလာဒေချ့်မှ ပြန်ပို့မည်

မြန်မာ ဒုက္ခသည် ရခိုင်နှင့် ချင်း များကို ဘင်္ဂလာဒေချ့်မှ ပြန်ပို့မည်
by -
မောင်အေး

မြန်မာနိုင်ငံမှ အကြောင်းအမျိုးမျိုးကြောင့် ဘင်္ဂလာဒေ့ချ်နိုင်ငံသို့ ရောက်ရှိပြီး ယူအန်တွင် ဒုက္ခသည်များ အဖြစ် ခိုလှုံနေသည့် မြန်မာနိုင်ငံ သားများကို ဘင်္ဂလာဒေချ့် နိုင်ငံမှ ပြန်လည် ပို့ဆောင်ရန် စီစဉ်နေ ကြောင်း သတင်းရရှိသည်။

AFP ၏ ယမန်နေ့က သတင်း တပုဒ်တွင် မြန်မာအရာရှိတဦးအပြောကို ကိုးကားပြီး မြန်မာနိုင်ငံမှ ဒုက္ခသည် များကို လက်ခံရန် ဘင်္ဂလာဒေချ့် ရှိတ်ဟာဆီးနာနှင့် မြန်မာ သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံစဉ် သဘော တူညီမူ ရရှိခဲ့ကြောင်း၊ သို့သော်လည်း ထိုအထဲတွင် ရိုဟင်ဂျာ ဆိုသူ ဒုက္ခသည်များ မပါ၀င်ကြောင်းဖေါ် ပြသည်။
UNHCR-Meeting-with-Burmese-Urban-Refugees-in-Bangladesh

ဘင်္ဂလားဒေ့ချ်သို့ရောက်ရှိနေသော မြန်မာဒုက္ခသည်များ ရိုဟင်ဂျာဆိုသူများမှာ မြန်မာနိုင်ငံသားများ မဟုတ်ကြဘဲ ဘင်္ဂလီများသာ ဖြစ်ကြောင်း သူတို့မှာ ဗြိတိသျှ အစိုးရလက်အောက်တွင် နိုင်ငံ (၂) ခုလုံး ကျရောက်စဉ် ပြောင်းရွှေ့ အခြေချရန် ရောက်ရှိလာသူများသာ ဖြစ်ကြောင်း AFP က မြန်မာ အရာရှိကို ကိုးကား ဖေါ်ပြသည်။

ယခုလက်ခံမည့် မြန်မာ ဒုက္ခသည်များ အနေဖြင့်လည်း အချက် (၄) ချက်နှင့် ပြည့်စုံရမည် ဖြစ်ကြောင်း သို့သော်လည်း အဆိုပါ အချက် (၄) ချက်ကို သတင်းတွင် ထည့်သွင်းဖေါ်ပြခြင်း မရှိချေ။

ယခု လက်ခံမည့် အထဲတွင် မြန်မာနိုင်ငံမှ ရောက်ရှိနေသူ ဒုက္ခသည် ၂၅၀၀ ခန့် အကျံုးဝင် မည်ဖြစ် ကြောင်း ဖေါ်ပြသည်။

ဘင်္ဂလာဒေချ့်တွင် ရောက်ရှိနေသော ဒုက္ခသည် (၂) မျိုးရှိရာ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှ ရောက်ရှိလာသော ရခိုင်၊ချင်းစသော ဒုက္ခသည်များကို မြို့ပေါ်( Urban) ဒုက္ခသည်များ အဖြစ် အသိအမှတ်ပြုထားပြီး မြို့ပေါ် တွင် ယူအန်အိပ်ချ်စီအာရ် အစောင့်အရှောက်ဖြင့် နေထိုင်ကြသူများ ဖြစ်သည်။ လက်ရှိ စာရင်းအရအရေ အတွက် (၃၀၀) နီးပါးခန့် ရှိကြောင်း သိရသည်။

ထိုကဲ့သို့ မြို့ပေါ် ဒုက္ခသည်များကို ပြန်ပို့မည်ဆိုသော သတင်းကြောင့် မြန်မာနိုင်ငံကို မပြန် လိုသေးသည့် ဒုက္ခသည်များ အကြား စိုးရိမ်မူများ တိုးပွားနေကြောင်း သိရသည်။

ရခိုင်ဒုက္ခသည် တစ်ဦးဖြစ်သူ ဦးနီမင်းက သူ့ အနေဖြင့် မပြန်လိုကြောင်းကို ယခုလို ပြောသည်။

" ဒီအစိုးရ နှစ်ရပ်က သဘောတူလို့ ပြန်ပို့ရင်လည်း ကျနော်တို့က မသွားနိုင်ဘူးခင်ဗျား။ ဘာဖြစ်လို့လည်း ဆိုတော့ ဗမာပြည်မှာ နိုင်ငံရေး၊ လူမူရေး၊ စီးပွားရေးက ဘာတစ်ခုမှ ပြောင်းလဲတာ မရှိသေးသလို ဘာမှ အခွင့့်အရေးမှလည်း မရှိသေးဘူး။ ဒါကြောင့် ဒီမိုကရေစီ အရေးနဲ့ တန်းတူ ညီမျှမူ အခွင့်အရေးတွေ မရလို့ရှိရင် ကျွန်တော်တို့ မပြန်ဘူးလို့ ဆုံးဖြတ်ချက် ချထားပါတယ်" ဟု ပြောသည်။

ရခိုင် ဒုက္ခသည်တဦးဖြစ်သူ ကိုစိုးလင်းကလည်း "မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တည်ငြိမ်မှုမရှိတဲ့ အနေ အထားမှာ ပြည်ပကိုရောက်နေတဲ့ ဒုက္ခသည်တွေအ နေနဲ့ ပြန်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဘာကြောင်းလည်း ဆိုရင် တကယ်လို့ ပြန်သွားရင်လည်း မြန်မာအစိုးရက တာဝန်ယူမှုအပိုင်းနဲ့ နိုင်ငံရေးအရ တည်ငြိမ်မှု မရှိသေးတဲ့ အခါ လူ့အခွင့်အရေးအရ ဘာမှ အာမခံချက်ပေး နိုင်တဲ့ အနေထားမှာ ရှိမနေတဲ့အတွက် ပြည်ပကိုရောက်နေတဲ့ ဒုက္ခသည်တွေ အခုလောလောပြန်ဖို့ဆိုတာ လုံးဝမဖြစ် နိုင်ဘူး။"

ဘင်္ဂလာဒေ့ချ်နိုင်ငံတွင် နိုင်ငံရေးဒုက္ခသည်အဖြစ် ခိုလုံနေသည့် ရခိုင်အမျိုးသမီးအစည်းအရုံး အဖွဲ့ဝင် စောမီမီသန်းကလည်း ယခုကဲ့သို့ ပြောသည်။

"ကိုယ့်တိုင်းပြည်ကိုတော့ ပြန်ချင်ပါတယ်။ ဒါပေမဲ့ တိုင်းပြည်အခြေအနေကဘာမှ မပြောင်းလဲ သေးဘူး။ ဘာအာမခံချက်မှမရှိဘဲ ပြန်ဖို့ဆိုတာတော့မဖြစ်နိုင်ဘူး။ တကယ်လို့ ဘင်္ဂလာအစိုးရ ဖိအားပေးပြန်ခိုင်း ရင်လည်း ဒါကလက်ခံနိုင်စရာ အကြောင်းမရှိဘူး"ဟု ပြောသည်။

ယခုကဲ့သို့ သတင်းများထွက်ပေါ်လာသည့်အတွက် ဒက္ကားမြို့ရှိ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကို ဆက်သွယ်မေးမြန်းရာ ရုံးမှ အမျိုးသမီးတဦးက ယခုကဲ့သို့ပြောသည်။

"ဒါကတော့ ကျမတို့လည်းကြားတယ်။ ဒါပေမဲ့ အတည်တော့မဟုတ်သေးဘူး။ တကယ်လို့ ဒီအစီအစဉ် စမယ်ဆိုရင် ကျမတို့က အားလုံးကို ခေါ်ပြီးအသိပေးသွားမှာပါ။"

ဘင်္ဂလာဝန်ကြီးချုပ် ရှိတ်ဟာဆီးနား မြန်မာခရီးစဉ်အပြီးတွင် ကော့စ်ဘာဇားခရိုင်အတွင်းရှိ နာဝါပါရာနှင့် ကော့တော့ပလောင် ဒုက္ခသည်စခန်းတွင် ရှိသည့် မူဆလင်ဒုက္ခသည်များကို ပြန်ပို့မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

Most read this week