သက်ထောင်မှာ ကာဖျူးထုတ်ပြန်ပြီ

သက်ထောင်မှာ ကာဖျူးထုတ်ပြန်ပြီ
by -
နိရဥ္စရာ

ရခိုင်တွေက သက်ထောင်လို့ လူသိများတဲ့ ဘင်္ဂလာဒေချ့် နိုင်ငံက စစ်တကောင်းတောင်တန်း နယ် ရကန္တာမတီမှာ သက်လူမျိုး ဒေသခံတွေနဲ့ အခြေချ နေထိုင်ရန် ရောက်လာတဲ့ ဘင်္ဂလီတွေ အကြား အဓိဂရုန်း ဖြစ်ပေါ်မယ့် အခြေအနေကြောင့် အရေးပေါ် ကာဗျူး ထုတ်ထားရတယ်လို့သိရပါ တယ်။

Proster-in-Bangladesh-Indigenous-people
သက်အမျိုးသမီးများက သူတို့ အခွင့်အရေးအတွက် ယခုလို မကြာခဏ ဘင်္ဂလာဒေချ့်တွင် ဆန္ဒပြတောင်းဆိုကြသည်။

အခုလို ကာဗျူး ထုတ်ထားရတာကတော့ ရကန္တာမတီ ခရိုင် Baghaichari နယ်ဒေသ တစ်ခုမှာ ဘင်္ဂလီ မော်တော်ဆိုင်ကယ် မောင်းသူ တစ်ဦးကို အမည်မသိသူတွေက သတ်သွားပြီးတဲ့ နောက်ပိုင်းမှာ အဲဒီ ဒေသမှာ အခြေချနေထိုင် နေကြတဲ့ ဘင်္ဂလီတွေက ဒေသခံ သက်လူမျိုးတွေက တိုက်ခိုက်ရာကနေ ပြဿနာ စတင် ဖြစ်ပွားလာတာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို တိုက်ခိုက်တာကြောင့် သက်လူမျိုး အသက် (၅၀) နှစ် အရွယ် စိန်ခေါင်မီလာဟာ သေဆုံးသွားခဲ့ပြီး တခြား အများအပြားလည်း ဒဏ်ရာ ရသွားခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် တခြား လမ်းသွား လမ်းလာတွေကိုလည်း ဘင်္ဂလီတွေက တိုက်ခိုက်တဲ့ အတွက် ဒက်ခိနာလ ဆေးရုံက ပြန်လာတဲ့ သက်လူမျိုးနှစ်ဦးလည်း နောက်ထပ် ဒဏ်ရာ ရရှှိသွားခဲ့တယ်လို့ သတင်းတွေက ဖေါ်ပြပါတယ်။

အခုလို အခြေအနေတွေကြောင့် ပြဿနာ တင်းမာလာပြီး နှစ်ဘက် အပြန်အလှန် တိုက်ခိုက်မူတွေကြောင့် လက်နက်ကိုင် တပ်ဖွဲ့တွေက သေနတ် (၁၅) ချက် မိုးပေါ်ကို ထောင်ပစ်ပြီး လူူစု ခွဲခဲ့ရတာတွေ ရှိတယ်လို့လည်း သိရပါတယ်။

အခုလို တိုက်ခိုက်မူတွေကြောင့် ဒေသခံ သက်လူမျိုးတွေ ထွက်ပြေးနေကြတယ်လို့လည်း The Independent သတင်းစာက ဒီကနေ့မှာ ဖေါ်ပြပါတယ်။

တစ်ခြားနေရာတွေမှာလည်း တိုက်ခိုက်မူတွေ ဆက်ဖြစ်နေတာကြောင့် မနေ့က စပြီး Section 144 ( ပုဒ်မ ၁၄၄) အရေးပေါ် ထုတ်ပြန်လိုက််တယ်လိ်ု့ သိရပါတယ်။

စစ်တကောင်းတောင်တန်းနယ်မှာ ဒေသခံ သက်၊ မာရမာ စတဲ့ လူမျိုးတွေနဲ့ အဲဒီ ဒေသကို အခြေချနေထိုင်ဖို့ ပြောင်းရွှေ့လာတဲ့ မြေပြန့်က ဘင်္ဂလီ အခြေချနေထိုင်သူတွေ အကြားမှာ များမကြာခဏ အဓိဂရုဏ်းတွေ ဖြစ်ပေါ်နေပြီး လူတွေ သေဆုံးမူလည်း ရှိနေပါတယ်။

စစ်တကောင်းတောင်တန်းနယ်မှာ နေထိုင်ကြတဲ့ အများစု ဒေသခံတွေဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပြီး အခြေချ နေထိုင်ဖို့ ရောက်ရှိလာတဲ့ သူတွေကတော့ အစ္စလာမ် ဘာသာဝင်တွေ ဖြစ်ကြပါတယ်။

အခြေချနေထိုင်ရန် ရောက်လာတဲ့ သူတွေဟာ အစိုးရရဲ့ စီမံကိန်းအရ စစ်တကောင်းတောင်တန်းနယ်မှာ ၁၉၈၀ ၀န်းကျင်လောက်က စပြီး ပြောင်းရွှေ့နေရာချ ခံထားကြရသူတွေ ဖြစ်ကြပြီး အခုအချိန်ထိလည်း မြေပြန့်က လူတွေ ၀င်ရောက်နေတာကြောင့် လူများစုကနေ လူနည်းစု ဘဝကို တဖြည်းဖြည်းနဲ့ ရောက်သွားကြရတဲ့ ဒေသခံတွေကတော့ ခုလို ၀င်ရောက်လာတဲ့ အပေါ် အထူး မကျေနပ်ကြဘူးလို့ သိရပါတယ်။

Most read this week