တနှစ်အတွင်း သုံးကြိမ်မြောက် အဆင့်မြှင့် ဗမာ စစ်ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလာသို့ ရောက်ရှိ

တနှစ်အတွင်း သုံးကြိမ်မြောက် အဆင့်မြှင့် ဗမာ စစ်ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလာသို့ ရောက်ရှိ
by -
မောင်အေး

ရေတပ် ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ဦးဆောင်သော တနှစ်အတွင်း သုံးကြိမ်မြောက် ဗမာ အဆင့်မြင့် စစ်ဘက် ကိုယ်စားလှယ် အဖွဲ့သည် ဘင်္ဂလာဒေချ့်သို့ လည်ပတ်ရန် ယမန်နေ့ (ဒီဇင်္ဘာလ ၁၂ ရက်) က ဒက္ကားမြို့တော်သို့ ရောက်ရှိလာခဲ့သည်။

Myanmar-Navy-Vice-Admiral-Nyan-Tun
သူ၏ ခရီးစဉ်မှာ ချစ်ကြည်ရေး ခရီးစဉ် ဖြစ်သော်လည်း နှစ်နိုင်ငံ အကြား တည်ရှိနေသော စစ်ရေး ဆိုင်ရာ ကိစ္စရပ်များကို သူ၏ ခရီးစဉ်တွင် အလေးပေး ဆွေးနွေးဖွယ်ရှိကြောင်း သုံးသပ်သူများက ပြောသည်။

ဗမာ ရေတပ် ဦးစီးချုပ်သည် ယမန်နေ့က ဘင်္ဂလာဒေချ့် ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာနှင့် တွေ့ဆုံခဲ့ပြီး ဘင်္ဂလာဒေချ့် ရေတပ် ဦးစီချုပ် Z U Ahmed နှင့်လည်း တွေ့ဆုံခဲ့သည်။

ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းမှ ဘင်္ဂလာဒေချ့် တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် စစ်ရေး ဆိုင်ရာ ကိစ္စရပ်များကို သာမက စီးပွားရေး ကိစ္စရပ်များ ဖြစ်ကြသော နှစ်နိုင်ငံ လေကြောင်းပျံသန်းရေး၊ ချစ်ကြည်ရေး လမ်းဖောက် လုပ်ရေးနှင့် ရေကြောင်းလမ်း တိုးချဲ့ ပြေးဆွဲရေး စသည့် ကိစ္စရပ်များ ကိုလည်း ဆွေးနွေး ခဲ့ကြောင်း သိရသည်။

မြန်မာနှင့် ဘင်္ဂလာဒေချ့် အကြားတွင် နယ်စပ် တလျှောက် အကြမ်းဖက် အုပ်စုများ နှိမ်နှင်းရေး၊ မူးယစ်ဆေးဝါးနှင့် လူမှောင်ခို နှိမ်နှင်းရေး ကိစ္စရပ်များအပေါ် သဘောတူ ညီမူ ရရှိထားသည့် အပြင် နှစ်ဘက် စစ်တပ်များ အနေဖြင့် အပြန်အလှှန် သင်တန်းများ ပူးပေါင်း လုပ်ဆောင်ရေး၊ စေလွှတ် ရေးနှင့် စစ်ရေးပူးပေါင်း လေ့ကျင့်ရေးများကိုလည်း အကောင်အထည် ဖေါ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ဗမာ စစ်တပ်မှ အဆင့့်မြင့် အရာရှိများ တစ်ဦးပြီး တစ်ဦး ဘင်္ဂလာဒေချ့်သို့ လာရောက် လည်ပတ်နေခြင်း အပေါ် မြန်မာ အရေးကို လေ့လာနေသူ ဒက္ကားမြို့မှ ဦးကျော်မြသာက ယခုလို သုံးသပ် ပြောဆိုသည်။

" ဗမာပြည်က အဆင့်မြင့် စစ်အရာရှိတွေ ခဏခဏလာနေတာက ဘင်္ဂလားနဲ့ မြန်မာ ရေပြင် နယ်နိမိတ် သတ်မှတ် ရေးကိစ္စ၊ ပြီးတော့ ဘင်္ဂလာဒေချ့် နိုင်ငံ ကော့ဘဇား ( ဖလောင်းချိတ်) မှာ ဘင်္ဂလာဘက်က လေတပ်စခန်း တည်ဆောက် နေတဲ့ ကိစ္စ၊ အာရှလမ်းမ ဖောက်လုပ်ရေး ကိစ္စနဲ့ အခုအချိန်ထိ မပြီးပြတ် နိုင်သေးတဲ့ မွတ်ဆလင် ဒုက္ခသည် ကိိစ္စနဲ့ မွတ်ဆလင် သောင်းကျန်းသူ လက်နက်ကိုင် တပ်ဖွဲ့တွေ ခိုအောင်းနေတဲ့့ ကိစ္စတွေကို ဆွေးနွေးလိုတဲ့ အတွက် ခုလို ခဏခဏ လာနေတာ ဖြစ်တယ်လိုု့ကျွန်တော်က သုံးသပ်ပါတယ် " ဟု ပြောသည်။

ယခုရောက်ရှိလာသည့် ကိုယ်စားလှယ်အဖွဲ့တွင် ကျောက်ဖြူ အခြေစိုက် ဓညဝတီရေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်ချုပ် တင်အောင်စန်းလည်း လိုက်ပါလာခဲ့သည်။

ယခု့ကဲ့သို့ ဓညဝတီ ရေတပ် စခန်း ဌာနချုပ်မှူးလည်း ယခု ခရီးစဉ်တွင် လိုက်ပါလာသဖြင့် နှစ်နိုင်ငံ ရေတပ် အချင်းချင်း စစ်ရေး အရ ပူးပေါင်း ဆောင်ရွက်နိုင်မည့် အလားအလာများရှိနေကြောင်း သူက လေ့လာသုံးသပ်သူများက ပြောဆိုသည်။

"UNFC ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ က အနောက်ဘက်ဒေသမှာ စစ်ရေး တိုးချဲ့မဲ့ အလားအလာတွေ ရှိနေတယ်လို့ သိရတယ်။ ဒါကြောင့် ဘင်္ဂလာအစိုးရနဲ့ ရင်းနှီးမှု ယူပြီး ဒီဘက် အပိုင်းကို ထိမ်းချုပ်ဖို့ အတွက် ခုလို လုပ်တာ ဖြစ်တယ်လို့ ထင်ရပါတယ်" ဟု AIO တွင် နှစ်ပေါင်းများစွာ ဗဟို ကော်မီတီ အဖွဲ့ဝင် တစ်ဦး အဖြစ် ပါ၀င် လူပ်ရှားခဲ့သူ ဦးသာသာမောင်က ပြောသည်။

ဗမာ ရေတပ်ဦးစီးချုပ် ခရီးစဉ်တွင် ဘင်္ဂလာဒေ့ချ် အစိုးရမှ ဒက္ကားမြို့တွင် မြန်မာသံရုံး ဆောက်လုပ်ရန် အတွက် မြေနေရာ ပေးအပ်သွား မည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ယခု ဗမာ ရေတပ်ဦးစီးချုပ် ခရီးစဉ်မှာ ယခု နှစ်အတွင်း တတိယ အကြိမ်မြောက် မြန်မာ စစ်ဘက် ဆိုင်ရာ အဆင့်မြင့် ကိုယ် စားလှယ်အဖွဲ့ ခရီးစဉ် ဖြစ်ပြီး ယခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ကလည်း ဗမာ့တပ်မတော် ဒု ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ဦး ဆောင်သည့် ၁၄ ဦးပါ ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလာသို့ လာရောက် လည်ပတ်ခဲ့သည်။ ယခုနှစ် ဧပြီလ အတွင်းကလည်း ဗမာ့ လေတပ် ဦးစီးချုပ် မြတ်ဟိန်း ဘင်္ဂလာသို့ လာရောက် လည်ပတ်ခဲ့သည်။

Most read this week