ခိုးဝင်လာသည့် မြန်မာနိုင်ငံသား (၃၉) ဦး ရောင်းစားခံရ

ခိုးဝင်လာသည့် မြန်မာနိုင်ငံသား (၃၉) ဦး ရောင်းစားခံရ
by -
အဖေ့သား

ထိုင်းနိုင်ငံ မဲဆောက် လမ်းမှတဆင့် ခိုးဝင် လာသည့် မြန်မာနိုင်ငံသား (၂၁) ဦးသည်၊ ကာမ်ဖန်ဖစ်မြို ့တွင် အဖမ်းခံခဲ့ရပြီးမှ ရဲ၏ရောင်း စားခြင်းကို ခံခဲ့ ရသည်ဟု ရွှေ့ပြောင်းအလုပ်သမား များ၏

ထိုင်းနိုင်ငံ မဲဆောက် လမ်းမှတဆင့် ခိုးဝင် လာသည့် မြန်မာနိုင်ငံသား (၂၁) ဦးသည်၊ ကာမ်ဖန်ဖစ်မြို ့တွင် အဖမ်းခံခဲ့ရပြီးမှ ရဲ၏ ရောင်းစားခြင်းကို ခံခဲ့ ရသည်ဟု ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေးကို လိုက်လံ အကျိုးဆောင် ပေးနေသည့် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် FTUB  မှ ပြောခွင့်ရ ပုဂ္ဂိုလ် ကိုဖိုးခွားက ပြောပါသည်။

“ကားပေါ် တက်တုန်းက သူတို့က မြန်မာပြည် ပြန်ပို့မယ်ပြောတာ၊ နောက်တော့ မဟုတ်ဘဲနဲ့ ကားတွေ ခွဲပြီး သူတို့ကို ခေါ်သွား ကြတယ်။ တအုပ်စုက (21) ယောက်ကို ချွန်ဘူရီကို ခေါ်သွားတယ်၊ အဲဒီမှာ ယောက်ကျာ်းလေး (၁၅) ယောက်နဲ့ မိန်းကလေး (၆) ယောက်ပါတယ်။ ယောက်ကျားလေး အားလုံးကို လှေပိုင်ရှင် တစ်ယောက် ဆီကို ရောင်းစားလိုက်တယ်၊ လှေပေါ် ရောင်းစားလိုက်တဲ့ အထဲမှာ အသက် (၁၇) နှစ်လည်း တစ်ယောက် ပါသေးတယ်၊ မိန်းကလေး (၆) ယောက်ထဲက နှစ်ယောက်ကိုတော့ တစ်ယောက် ကို ဘတ်(၁၁၀၀၀) နဲ့ ဆွေမျိုးတွေက ပြန်ရွေး သွားပါတယ်၊ လေးယောက်ကိုတော့ မဟာချိုင်မှာ ရှိတဲ့ စာခွန် ပုဇွန်ရုံမှာ ရောင်းစား လိုက်ပါတယ်၊ အဲဒီလေးယောက်ကို ဒီနေ့ မနက်ပဲ မဟာချိုင်မှာရှိတဲ့ ခွန့်ခါမ် ရဲစခန်းက ရဲတွေနဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ ကယ်ထုတ် လာနိုင်ခဲ့တယ်” ဟု ကိုဖိုးခွားမှ ပြောကြားခဲ့ပါသည်။
Human_02
အဆိုပါ အလုပ်သမားများသည် ပြီးခဲ့တဲ့ အောက်တိုဘာလ လောက်ကတည်းက မဲဆောက်လမ်းမှ တဆင့် ဝင်ရောက် လာကြပါသည်။ ကာမ်ဖန်ဖေစ် မြို့တွင် (၂၁) ယောက် အဖမ်းခံရပြီးမှ ကာမ်ဖန်ဖေစ် အချုပ်ထဲက နောက်ထပ် မြန်မာနိုင်ငံသား (၁၈) ယောက် နှင့်စုစုပေါင်း (၃၉) ဦးဖြစ်သွားခဲ့ပါသည်၊ ၄င်းတို့ အားလုံး လေးရက် အချုပ်ကျပြီး ငါးရက် မြောက်သောနေ့၌ အားလုံးကို ပုလိပ်ကားနဲ့ခေါ်ထုတ် သွားခဲ့ပြီး၊ ပုလောပီနံများ စိုက်ပျိုးသည့် ခြံတစ်ခြံ၌ ဆင်းခိုင်းခဲ့ပါသည်၊ ထိုနေရာ၌လက်နက် ကိုင် အရပ်ဝတ်တချို ့သည် လူခွဲကာ ကားလေးစီးပေါ်ကို ခြိမ်းခြောက် တက်ခိုင်းခဲ့ပြီး (၂၁) ယောက် အဖွဲ့ကို ချွန်ဘူရီသို့ ခေါ်ဆောင် သွားခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါ အမှုအား ထိုင်းနိုင်ငံခြား အလုပ်သမားများ ကူညီကယ်ဆယ်ရေးနှင့် ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး အထူးမှုခင်း တပ်ဖွဲ့ များက ဆက်လက် စစ်ဆေးနေဆဲ ရှိပါသည်။ ဤအရောင်းစား ခံရသူများသည် လူကုန်ကူးမှု စည်းမျဉ်း ဥပဒေများနှင့် ငြိစွမ်းခဲ့လျှင် ဖော်မော်ချောဟု အတိုကောက် ခေါ်ဆိုသည့် ထိုင်းအမျိုးသမီးနှင့် ကလေးအခွင့်အရေး ဂေဟာသို့ လုံခြံုရေးအရ ပို့ဆောင်သွားရန် ရှိပါသည်။ အကယ်၍ ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ခိုးဝင်မှုမြောက်ပါက မြန်မာနိုင်ငံသို့ပြန်လည်ပို့ ဆောင်ခြင်း ခံရမည် ဖြစ်ကြောင်းလည်း မှုခင်း ရဲတပ်ဖွဲ့ ခေါင်းဆောင်မှ ပြောကြားခဲ့ပါသည်။

(ဓါတ်ပုံ - အင်တာနက်)

“ကျွန်တော်တို့ဘက်က ဒီကိစ္စကို အနီးကပ် လိုက်လုပ်ပေးနေပါတယ်၊ သူတို့ ဘယ်နေရာကို ရောက်တယ်၊ လုံခြံုမှု ရှိမရှိ၊ နောက်ဆုံး မြန်မာနိုင်ငံကို ပြန်ပို့ခံရတော့မယ်ဆိုရင် တော်မော် (Immigration) အချုပ်ကို ရောက်မရောက် လုံခြံုမှု ရှိမရှိကိုလည်း ကျွန်တော်တို့ လိုက်လံဆောင်ရွက်ပေးမှာပါ” ဟု ကိုယ်တိုင် သွားရောက် ကယ်ဆယ်ခဲ့သည့် FTUB  မှ တာဝန်ရှိ ပုဂ္ဂိုလ် ကိုနိုင်က ထပ်လောင်း ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံရှိ နယ်စပ် ဒေသများတွင် အဆိုပါဖြစ်ရပ်များ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ မြန်မာနိုင်ငံသား အလုပ်သမား အများစုမှာလည်း နပ်စပ်ဖြတ်ကျော်ခြင်းနှင့် လူကုန်ကူးမှုကို ကာကွယ်ရန် အသိပညာ အားနည်းခြင်းနှင့် အဆက်အသွယ် မရှိခြင်းများမှ အခွင့်ကောင်းယူကာ ထိုင်းအကျင့်ပျက် ၀န်ထမ်းများနှင့် စီးပွားရေး လုပ်ငန်းရှင်များက အမြတ်ထုတ်နေကြပါသည်။ ထိုင်းနိုင်ငံသည် ကမ္ဘာ့ ခြစားမှု ကင်းရှင်းသည့် နိုင်ငံများ စာရင်းတွင် သတ်မှတ်ချက်အရ နံပါတ် (၇၈) တွင်ရှိပါသည်။