ကျောက်ဖြူ ဘောရဘာ ရွံ့မီးတောင် တတိယ အကြိမ်ပေါက်ကွဲ

ကျောက်ဖြူ ဘောရဘာ ရွံ့မီးတောင် တတိယ အကြိမ်ပေါက်ကွဲ
by -
ထွန်းထွန်း

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် တည်ရှိ သော ဘောရဘာ ရွံ့မီးတောင််မှာ နိုဝင်္ဘာလ ၂၆ ရက်နေ့က ပေါက်ကွဲခဲ့ကြောင်း သတင်း ရရှိ သည်။

Volcano_Rambree_island

အဆိုပါ မီးတောင်မှာ ဘောရဘာကျေးရွာနှင့် တမိုင်ခန့်အဝေးတွင် တည်ရှိပြီး ၁၉၉၀ ခုနှစ်က တစ်ကြိမ်၊ ၂၀၀၀ ခုနှစ်က တစ်ကြိမ် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယခု ပေါက်ကွဲမူမှာ တတိယ အကြိမ်ဖြစ်ပြီး အသံများ မြည်ဟီးကာ ရွ့ံရည်များကို မီးတောင်နုတ်ခမ်းမှ မူတ်ထုတ်ခဲ့သည်ဟု မျက်မြင် ရွာသားများက ပြောသည်။

မီးတောင် ပေါက်ကွဲရာကို သွားကြည့်ခဲ့သူ လူငယ် တစ်ဦးက ဘောရဘာ ရွာသားများကို ကိုးကားပြီး မီးတောင် ပေါက်ကွဲပုံကို ယခုလို ပြောသည်။

" ရွာသားတွေ ပြောတာက နို၀င်္ဘာလ ၂၆ ရက်နေ့ နံနက် ရနာရီမှာ စပေါက်ကွဲတယ်။ အသံတွေ မြည်ဟီးပြီး ရွံ့ရည်တွေကို တွင်းဝကနေ အမြင့်ပေ ၂၀ လောက်ထိ မူထုတ်ခဲ့တယ်လို့ ပြောပါတယ်။ ပေါက်ကွဲ သံကတော့ ၂ ကြိမ် ကြားရတယ်လို့ ပြောပါတယ်။ ဒုတိယ အကြိမ်ကတော့ မွန်းလွဲပိုင်း ပေါက်ကွဲတာဖြစ် တယ်။ ရွံ့ရည်တွေက အမြင့် ၁၀ ပေထိ မြင့်တက်ခဲ့ပါတယ်။ ညနေ ၅ နာရီခန့်မှာ ငြိမ်သွားတယ်လို့ ရွာသားတွေက ပြောပါတယ်။"

Mud-Volcano-Erupts-in-Arakan
မီးတောင် ပေါက်ကွဲမူကြောင့် ရွံ့ရည်များက အနီးပတ်ဝန်းကျင်ရှိိ နေရာ အတော်များများကို ဖုံးလွှမ်း သွားခဲ့သည်ဟု သိရသည်။

ကျောက်ဖြူမြို့ နယ်တွင် ရွံ့မီးတောင် အများအပြား တည်ရှိပြီး ၂၀၀၈ ခုနှစ် ဇန်နဝါရီ လကလည်း စိုင်ခြံု ကျေးရွာ အနီးရှိ နဂါးကြီး မီးတောင် မိနစ် ၂၀ ကြာ ပေါက်ကွဲခဲ့ပြီး ရွှံရည်များကို ပေ ၁၀၀ ခန့် အမြင့်ထိ မူတ်ထုတ် ခဲ့ကြောင်း သိရသည်။ မီးတောက် မီးလျှံမျာလည်း ပေ ၄၀၀ ခန့်မြင့်တက်ခဲ့ပြီး မီးတောင်ပေါက်ကွဲ မှုကြောင့် စပါးစိုက် လယ် (၂) ဧကထိ ချော်ရည် ဖုံးလွှမ်းကာ ပျက်စီး သွားခဲ့သည်။

အဆိုပါ နဂါးတောင် မီးတောင်သည် ၁၉၉၆ ခုနှစ်ကလည်း တစ်ကြိမ် ပေါက်ကွဲခဲ့ပြီး မီးတောင်မှ ချော်ရည်များ ပန်းထွက်လာကာ လယ်မြေ ဧက ၄၀ ကျော် ပျက်စီးစေခဲ့ကြောင်း သိရသည်။

Most read this week