သံတွဲနှင့် တောင်ကုတ်တွင် ရခိုင် သဘာဝ ဓါတ်ငွေ့ဖြင့် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး လူပ်ရှား

သံတွဲနှင့် တောင်ကုတ်တွင် ရခိုင် သဘာဝ ဓါတ်ငွေ့ဖြင့် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး လူပ်ရှား
by -
မောင်အေး

ရခိုင်ပြည်နယ် ကမ်းလွန် ပင်လယ်ပြင်မှထွက်ရှိ သည့် သဘာဝဓါတ်ငွေ့နှင့် ရခိုင်ပြည်နယ်တွင် ၂၄ နာရီ လျှပ်စစ် မီးရရှိရေး အတွက် ပိုစတာကပ် လှုပ်ရှားကို တစ်ခုကို ဒီဇင်္ဘာလ ၅ ရက်နေ့က သံတွဲနှင့် တောင်ကုတ် မြို့များတွင် တပြိုင်နက် တည်း လှုပ်ရှားခဲ့ကြသည်။

24-hr-action-group
24 Hours Action Groups-Rakhine State အဖွဲ့မှ တက်ကြွသူ လူငယ်များမှ ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး ပိုစတာ စာရွက်များအား လမ်းဘေး ဓါတ်မီးတိုင်များ၊ စာသင်ကျောင်း လမ်းဝများနှင့် ဆိုင်းဘုတ်များ၊ အိမ်ခြံစည်းရိုးများ လမ်းဘေး ဆိုင်းဘုတ်များတွင် ယနေ့ နံနက်ပိုင်းက ကပ်ပြီး အဆိုပါ လူူပ်ရှားမူကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

"ကျွန်တော်တို့ တောင်ကုတ်နဲ့ သံတွဲမြို့တွေမှာ ဒီကနေ့ နံနက်က လူပ်ရှားခဲ့ကြပါတယ်။ ရခိုင်ပြည်နယ် ကထွက်တဲ့ သဘာဝဓါတ်ငွေ့ ကို ကျွန်တော်တို့ ပြည်နယ်မှာ လျှပ်စစ်မီး ရရှိရေး အတွက် အသုံးပြုသင့် တယ်လို့ ယုံကြည်တဲ့အတွက် ဒီလှုပ်ရှားမှုကို လုပ်ဆောင် ရတာ ဖြစ်တယ်"ဟု လှုပ်ရှားမှုတွင် ဦးဆောင် ပါ၀င်သူ တဦးက နိရဥ္စရာသို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ရခိုင်ကထွက်သော သဘာဝဓါတ်ငွေ့ဖြင့် လျှပ်စစ်မီး ၂၄ နာရီ ရရှိရေးကို မြို့နယ် အများအပြားတွင် ကျယ်ကျယ်ပြန်ပြန့် တောင်းဆို လူပ်ရှားလျက်ရှိကြရာ သံတွဲနှင့် တောင်ကုတ်မြို့များ တွင် ဆက်လက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

" ကျွန်တော်တို့ ဒီလှုပ်ရှားမှုကို ဘယ်လိုဘဲ ဟန့်တား နှောင့်ယှက်မူတွေ ရှိပါစေ။ ရခိုင်ပြည်အနှံ့မှာ ဆက်လုပ်သွားမယ်။ ရတဲ့ နည်းလမ်း တွေနဲ့ လုပ်သွားမယ်။ အာဏာပိုင် တွေကတော့ အခုအချိန်ထိ ကျွန်တော်တို့ လူူပ်ရှားမူ အအပေါ်မှာ တုန့်ပြန်တာ မရှိသေးဘူး။ တခြား စစ်တွေနဲ့ မြို့နယ်တချို့မှာ တော့ ခြိမ်းခြောက်တာ၊ ထိန်းသိမ်းတာ တချို့တော့ ရှိပါတယ်။ အခု သံတွဲနဲ့ တောင်ကုတ် မှာတော့ ရဲအဖွဲ့က ကပ်ထားတဲ့ စာရွက် တချို့ကိုတော့ ခွာယူ သွားတာတွေ ရှိတယ်။ စာရွက် စုစုပေါင်း ၂၀၀၀ ကျော်ဖြန့်ဝေခဲ့တဲ့အတွက် အကုန်လုံးကိုတော့ သူတို့ ခွာယူ မသွားနိုင်ပါဘူး" သူက ဆက်ပြောသည်။
24hr-actiong-for-Arakan-Gas
ရခိုင်ပြည်နယ်မှာ လျှပ်စစ် ဓါတ်အားကို ဒီဇယ်သုံး မီးစက်များမှ ထုတ်ယူ သုံးစွဲနေရပြီး တယူနစ်ကို ကျပ် ၅၀၀ ကျော်ပေးနေရချိန်တွင် စွမ်းအင်ဝန်ကြီး ဦးသန်းဌေးမှ ပြည်သူ့ လွှတ်တော်တွင် ရခိုင်မှထွက်သည့် သဘာဝဓါတ်ငွေ့ကို ရခိုင်ပြည်နယ်တွင် အသုံးပြုမည် မဟုတ်ဟု စက်တင် ဘာလ၂၇ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်။

ရခိုင်ကမ်းလွန်မှ တရုတ်နိုင်ငံထိ ကီလီုမီတာ (၂၈ဝဝ) ရှည်လျှားသည့် တရုတ်-မြန်မာ ဓါတ်ငွေ့ပိုက်လိုင်း ကြီးဖြင့် ၂ဝ၁၃ ခုနှစ်တွင် စတင် တင်ပို့တော့မည် ဖြစ်သည်။ ရခိုင်ကမ်းလွန် A1 နှင့် A3 လုပ်ကွက်များမှ ထွက်ရှိသည့် သဘာဝဓါတ်ငွေ့ ကို ဓါတ်ငွေ့ထွက်ရှိရာ ရခိုင်ပြည်နယ် ဖွံဖြိုးတိုးတက်ရေး ကဏ္ဍများတွင် အနည်းငယ်မျှ အသုံးမပြုဘဲ တစ်နှစ်လျှင် သဘာဝဓါတ်ငွေ့ပမာဏ ၁၂ ဘီလီယံ ကုဗမီတာ ခန့် ကို တရုတ်နိုင်ငံ သို့နှစ်ပေါင်း (၃ဝ)ကြာအောင်ထိ တင်ပို့ ရောင်းချ မည်ဖြစ်ကြောင်း 24 Hours Action Groups-Rakhine State အဖွဲ့မှ ပေးပို့သော စာတွင် ရေးသားဖေါ်ပြသည်။

မကြာသေးမီကလည်း စစ်တွေမြို့တွင် လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး အတွက် လူပ်ရှားမူများ ပေါ်ပေါက် ခဲ့ပြီး လူပ်ရှားသူ အများအပြားကို ထိန်းသိမ်းကာ စစ်ဆေး ခြိမ်းခြောက်မူများ ပေါ်ပေါက်ခဲ့သည်။

ရခိုင်ပြည်သူများမှာ မိမိပြည်နယ်မှ ထွက်သော သဘာဝ ဓါတ်ငွေ့၏ အကျိုးကျေးဇူးကို တစုံတရာ မခံစားရကြသည့် အပြင် လယ်မြေများ သိမ်းပိုက်ခံရခြင်း၊ ရပ်ရွာများ ရွေ့ပြောင်းခံရခြင်း၊ အတင်း အဓမ္မ လုပ်အားပေး စေခိုင်းခြင်း၊ လယ်ယာမြေများ ပျက်စီးခြင်း၊ နိုင်ငံခြားသား တရုတ်လူမျိုးများ၏ နှိမ့်ချ စော်ကားခြင်း စသည့် ဆိုးကျိုးများကိုသာ ခံစားနေကြရသဖြင့် အစိုးရမှ လုပ်ကိုင် ဆောင်ရွက်လျှက်ရှိ သော ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းကို တပြည်နယ်လုံး အတိုင်းအတာဖြင့် ဆန့်ကျင် နေကြခြင်း ဖြစ်ကြောင်း သိရသည်။

Most read this week