RCSS/SSA အပစ်ရပ်ကြောင်း ရပ်ရွာအတွင်း အသံချဲ့စက်ဖြင့်အော်

RCSS/SSA အပစ်ရပ်ကြောင်း ရပ်ရွာအတွင်း အသံချဲ့စက်ဖြင့်အော်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်မတော်တောင်ပိုင်း နှင့်သျှမ်းပြည် နယ် အစိုးရကိုယ်စားလှယ်တို့ တွေ့ဆုံပြီးနောက် ပိုင်း သျှမ်းပြည်အရှေ့ ပိုင်းမိုင်းတုံ မြို့နယ် ပုံပါကျင်မြို့နယ် ခွဲ ရပ်ကွက်ထဲ၌ သျှမ်းတပ်က အပစ်ရပ်ပြီဟု ရပ်ရွာ အုပ်ချုပ်ရေးမှူးကအသံချဲ့ စက်ဖြင့် ကြေငြာကြောင်းဒေသခံတဦးကပြော သည်။

“ ဗျူဟာမှူးက ဆော်ခိုင်းတယ်တဲ့။ SURA  နဲ့ မြန်မာအစိုးရ တို့ကြားအပစ်ရပ်ကြပြီ။ တိုင်းပြည် အေးချမ်းပြီ။ သျှမ်းတပ် ကိုမြင်ရင်လဲကြောက်စရာမလိုတော့ဘူး - လို့ညတုန်းက အသံချဲ့စက်နဲ့ အော်တာ” ဟု  ဒေသခံ လူငယ်တဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

တောထဲရှိ သျှမ်းတပ်ဖွဲ့များလည်း လက်နက်မပါပါက မြို့ထဲသို့ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင် ကြောင်း၊ ရွာသားများ လယ်ထဲ ယာထဲလွတ်လွတ်လပ်လပ် အလုပ်သွားလုပ်နိုင်ပြီဖြစ်ကြောင်း၊ အကယ်၍လယ်ယာသွား လုပ်ရင်း သျှမ်းစစ် သားများနှင့်တွေ့ပါက ၎င်းတို့ခေါင်းဆောင်များ ‘ မြန်မာအစိုးရနှင့် အပစ်ရပ်ပြီ ပူးပေါင်းကြပြီ ’ ဟုပြောပေးခိုင်းကြောင်း၊ အသံချဲ့စက်ဖြင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများကကြေငြာခဲ့သည်ဟု  အဆိုပါဒေသခံက ဆက်လက်ပြောပြသည်။

“ကျမတို့က မသိဘူးလေ။ ရွာသူကြီးက အော်ပြောနေတော့ ဟုတ်ကောဟုတ်ရဲ့လားပေါ့။ဘာလို့ လဲဆိုတော့ မနေ့ည တုံးက အခြေအနေမကောင်းဘူး ဆိုပြီး ည ၆ နာရီ နောက်ပိုင်းအပြင်တောင် မထွက်ရဲတော့ဘူး။ တကယ်အပစ်ရပ်သွား ရင်လဲ ကောင်းတယ်” ဟု အိမ်ရှင်မ တဦးကလည်း ပြောသည်။

ဒုဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် သျှမ်းပြည်တပ်မတော်  RCSS/SSA  နှင့် မြန်မာအစိုးရ ကိုယ်စား လှယ်များ ယမန် နေ့က သျှမ်းပြည်မြို့တော် တောင်ကြီး၌ ဒုတိယ အကြိမ်တွေ့ဆွေနွေးရာ မှာနှစ်ဘက်အပစ်ရပ် ကြောင်း သဘောတူ လက်မှတ်ရေးထိုးလိုက်ပြီဟု သတင်းများကဆိုပါသည်။

နိုဝင်ဘာလလယ်ပိုင်း ပထမ အကြိမ်တွေ့ဆုံမှုတွင် အစိုးရကိုယ်စားလှယ်ဘက်ကအပစ်ရပ်ရေးကိုယ်စား လှယ် ရုံးဖွင့် လှစ် ရေး၊ လက်နက်ကိုင်ဆောင်သွားလာရေး၊ နယ်မြေဖွံ့ဖြိုးရေးများပါဝင်သည့်သဘော ထား ၄ ချက် ဖြင့် ပေးကမ်းခဲ့သည်။

သျှမ်းပြည်တပ်မတော်တောင်ပိုင်းတပ်ဖွဲ့ဟု လူသိများသည့် RCSS/SSA ဘက်ကလည်း အပစ်ရပ်ရေး၊ နိုင်ငံ ရေးစကား ဝိုင်းဖြစ်မြောက်ရေး၊ နယ်မြေဖွံ့ဖြိုးရေး၊ မူးယစ်ဆေးဝါးပူးပေါင်းတိုက်ဖျက်ရေး စသည့် အချက် ၄ ချက် တင်ပြခဲ့ပါသည်။ အဆိုပါအချက်များအား ပြည်နယ်အဆင့် တောင်ကြီးမြို့ပဏာမ တွေ့ဆုံပွဲ၌ နှစ်ဦးနှစ်ဘက် စလုံး လက်ခံကြောင်း လက်မှတ်ရေးထိုးခဲ့သည်ဟု ကျားဖြူအမတ်များက ပြောပါသည်။

Most read this week