Arakan နှင့် ပတ်သက်သော စာတန်း ဟီလာရီ ကလင်တန်သို့ ပေးအပ်

Arakan နှင့် ပတ်သက်သော စာတန်း ဟီလာရီ ကလင်တန်သို့ ပေးအပ်
by -
နိရဥ္စရာ

ရခိုင်စာပေနှင့် ယဉ်ကျေးမူကော်မီတီ (ရန်ကုန်) မှ ရခိုင်နှင့် ပတ်သက်ပြီး ရေးသားပြုစုထားသော စာတန်းတစ်စောင်နှင့် အိတ်ဖွင့််ပေးစာ တစ်စောင်ကို ရခိုင်တိုုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်မှ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်သို့ ပေးအပ် ခဲ့ကြောင်း သိရှိရသည်။

hillary-clinton-meet-Burma-ethinic-leaders
တိုင်းရင်းသား လွတ်တော် အမတ်များနှင့် တွေ့ဆုံစဉ် ။ ဒေါက်တာ အေးမောင်က ထိုသို့ပေးအပ်နိုင်ခဲ့ကြောင်း ကို ယခုလို ပြောသည်။

" ဒေါ်စောခင်တင့် တို့ ဦးဆောင်တဲ့ ရန်ကုန် - ရခိုင်် စာပေနဲ့ ယဉ်ကျေးမူ ကော်မီတီက Arakan နဲ့ ပတ်သက် ပြီး ရေးသား ပြုစုထားတဲ့ စာတန်း တစ်စောင်နဲ့ အိတ်ဖွင့်ပေးစာ တစ်စောင်ကို အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးကို ပေး ပေးပါဆိုပြီး လွှတ်တော် ကိုယ်စားလှယ်တွေကို အကူအညီတောင်းလာတဲ့ အတွက်ကျွန်တော် က သူ့ကို ဒီကနေ့ တွေ့ဆုံတဲ့အခါ ပေးအပ်လိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးကကျေကျေနပ် နပ်နဲ့ကို လက်ခံ ယူသွားပါတယ်။"

အမျိုးသားလွှတ်တော်မှ လွတ်တော် ဥက္ကဌ၊ ဒုဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ် ၃၃ ဦးတို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးနှင့် ယနေ့ (ဒီဇင်္ဘာ ၁ ရက်နေ့) တွင် တွေ့ဆုံစဉ် ဒေါက်တာ အေးမောင်က အဆိုပါ စာများကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

" စာထဲမှာ ပါတာတွေကတော့ ရခိုင် (Arakan) နဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ စာတွေ ဖြစ်ပါတယ်။ အဓိကတော့ Arakan နဲ့ ပတ်သက်ပြီး အမေရိကန် ဆီးနိတ်မှာ အရင်က တင်ပြထားတာတွေကိုရှင်းလင်း ထားတာတွေ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ပြည်သူတွေ သိအောင် ရခိုုင်စာပေနဲ့ ယဉ်ကျေးမူ ကော်မီတီက ဖြန့်ဝေမယ် ထင်ပါတယ်။ ကျနော်တို့က ကူညီတာ သက်သက်ပါ" ဟု ဒေါက်တာ အေးမောင်က ပြောသည်။

စာတန်းနှင့် အိတ်ဖွင့်ပေးစာတွင် ပါ၀င်သော အကြောင်းအရာများကို အသေးစိတ် မပြောသော်လည်း ရခိုင်နှင့် ပတ်သက်ပြီး အသေးစိတ် ရှင်းလင်းထားသော အကြောင်းအရာ များဖြစ်ကြောင်း သိရသည်။

ယနေ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးနှင့် တွေ့ဆုံပွဲအပေါ် အားရ ကျေနပ်မူရှိကြောင်းနှင့် နောင်တွင် အမေရိကန်နှင့် မြန်မာ ဆက်ဆံရေးမှာ ယခုထက် ပိုမို ပွင့်လင်း တိုးတက် လာလိမ့်မည်ဟု သူထင်မြင်ကြောင်း ဒေါက်တာ အေးမောင်က ပြောကြားသွားသည်။

Most read this week