၀န်ထမ်း လင်မယားနှစ်ဦး ကားတိုက်ခံရမှု တရားမစွဲရန် ဒကစမှူး ဖိအားပေး

၀န်ထမ်း လင်မယားနှစ်ဦး ကားတိုက်ခံရမှု တရားမစွဲရန် ဒကစမှူး ဖိအားပေး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် နိုဝင်္ဘာလ ၂၇ ရက်နေ့က အစိုးရ ၀န်ထမ်း လင်မယားနှစ်ဦး စီးလာသော ဆိုင်ကယ်အား ရခိုင်ပြည်နယ် ဒေသ ကွပ်ကဲမူ စစ်ဌာနချုပ်မှ ဒကစမှူး ကိုယ် တိုင် စီးလာသော ကား ၀င်တိုက်ခဲ့သဖြင့် အမျိုးသမီး ဖြစ်သူမှာ ပြင်းထန် စွာဒဏ်ရာရရှိ သွားကြောင်း သိရသည်။

old-market-sittweစစ်တွေမှာ ဆိုင်ကယ်မြို့တော်ဟု တင်စားရအောင် ဆိုင်ကယ်များ ပေါလွွန်းလှသည်။ ထိုသို့ ဒဏ်ရာ ရရှိသွားသော်လည်း တရားမစွဲဆိုရန် ဒကစမှူးက အဆိုပါ ၀န်ထမ်း လင်မယားနှစ်ဦးကိုဖိအားပေးထား ကြောင်း သူတို့နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

" ဟုတ်ပါတယ်။ ဖြစ်တာက နိုဝင်္ဘာလ ၂၇ ရက် ညနေ ၁၀ နာရီကျော် မှာ ပဒိုးမော် နားမှာ ဖြစ်တာပါ။ လင်မယားနှစ်ယောက် စီးလာတဲဲ့ ဆိုင်ကယ်ကို ကားက ၀င်တိုက်တာ ဖြစ်ပါတယ််။ အမျိုးသမီးက ဆေးရုံကို တင်ရပါတယ်။ မနေ့့ကတော့ ဆေးရုံက ဆင်းလာပါပြီ။ ခြေထောက်မှာ ငါးချက်တိတိ ချုပ်ရတယ်။ ခုလို ဖြစ်ပေမယ့် သူတို့ကို တရားမစွဲဖို့။ အပြင် သတင်း မပေါက်ကြားဖို့ ဖိအားပေး ပြောဆိုထားတယ်လို့ သိရပါတယ်" ဟု သူက ပြောသည်။

လင်မယားနှစ်ဦးမှာ ဆည်မြောင်း ဦးစီးဌာနမှ ဖြစ်ကြပြီး အဆိုပါ အခင်း ဖြစ်ပွားပြီးနောက် အမျိုးသမီး ဖြစ်သူအား ကားပေါ် တင်ကာယူဆောင်ရာမှ အခင်း ဖြစ်ရာ အနီးတဝိုက်တွင် ရုတ်ရုတ််သည်းသည်း ဖြစ်သွားခဲ့ကြောင်း သူက ပြောသည်။

" ကားနဲ့ ၀င်တိုက်တာနဲ့ ဆိုင်ကယ်ပေါ်က အမျိုးသားက အဝေးကို လွင့်ကျသွားတယ်။ အမျိုးသမီး ခြေထောက်က ဆိုင်ကယ်နဲ့ ညှပ်သွားတယ်။ သူတို့က ယောကျင်္ား ဖြစ်သူကို ထားခဲ့ပြီး အမျိုးသမီးကို ကားပေါ် တင်ပြီး ဆေးရုံကို ယူတယ်။ ဒါပေမယ့် အမျိုးသမီးက အိမ်ဖြူတော် အနှိပ်ခန်းဘက်ကို ယူတော့ ကြောက်ပြီး အော်တာနဲ့ လူတွေ လိုက်လာတော့ သူမကို ချပြီးကားကို မောင်းထွက် သွားကြတယ်" ဟုသူက ဆက်ပြောသည်။

အနီးအနားမှ လူများ၏ အကူအညီဖြင့် သူမတို့ လင်မယားနှစ်ဦးအား စစ်တွေ ဆေးရုံကြီးသို့ ပို့ပေးခဲ့ရပြီး အမျိုးသမီး ဖြစ်သူမှာ ဒဏ်ရာ ပြင်းထန်သဖြင့် ဆေးရုံတွင် နိုဝင်္ဘာလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့ထိကုသ ခဲ့ရကြောင်း သိရသည်။

နောက်တစ်နေ့တွင် ဒစကမှူးနှင့် အတူ ကားတိုက်စဉ်က ကားပေါ်တွင် ပါလာသူ ပုဇွန်လုပ်ငန်းပိုင်ရှင် စောအောင်သိန်းမှ ကျပ်ငွေ တစ်သိန်းနှစ်သောင်းအား အဆိုပါ အမျိုးသမီးသို့ လျော်ကြေး အဖြစ် လာရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

" သူတို့ကတော့ ပျက်စီးသွားတဲ့ ဆိုင်ကယ်ကိုလည်း လျော်ပေးမယ်ဆိုပြီး ပြောတယ်။ ကုန်ကျတဲ့ ဆေးဝါး စရိတ်ကိုလည်း ပေးမယ်။ ဒါပေမယ့် ဘယ်မှာမှ မတိုင်ရဘူးဆိုပြီး ပြောတယ်။ ပီးရင် အဲဒီ ကားတိုက်တဲ့ အကြောင်း ဘယ်သတင်းဌာနကိုမှ မပြောရဘူဆိုပြီး ပြောထားတယ်လို့ သိရပါတယ်" ဟု သူကဆက် ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး တခြား ဆေးရုံ သတင်းရပ်ကွက်မှလည်း အတည်ပြု ပြောကြားသည်။

ကာယကံရှင် အမျိုးသမီးအား နိရဥ္စရာမှ ဖုံးထဲမှ တဆင့် ဆက်သွယ်မေးမြန်းရာ ကားတိုက်မူ ဖြစ်ပွားသည် အပေါ် ဟုတ်မှန်ကြောင်း ပြောဆိုသာ်လည်း အသေးစိတ် ပြောဆိုရန် ငြင်းဆိုသည်။

Most read this week