အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး လာရောက်မူ အကောင်းသဘောမြင်

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး လာရောက်မူ အကောင်းသဘောမြင်
by -
နိရဥ္စရာ

ယမန်နေ့က ရောက်ရှိလာသော အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်၏ မြန်မာပြည် ခရီးစဉ်ကို အကောင်းမြင်ကြောင်း ရခိုင်ကိုယ်စားပြု RNDP ပါတီက ပြောသည်။

hillary-clinton-day-one-burma" ကျွန်တော် RNDP က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တယောက်အနေနဲ့ကတော့ နိုင်ငံတကာမှာ ဗမာပြည်နဲ့ ပတ်သက်လို့ စိတ်ဝင်စားမှုတွေရှိနေတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကို လည်း နိုင်ငံတကာက အထူး သဖြင့် အမေရိကန်က စိတ်ဝင်စားမှု ရှိနေတဲ့ အချိန်၊ လိုလားနေချိန်မှာ မစ္စက် ကလင်တန် လာတာကတော့ ကျွန်တော်တို့ နိုင်ငံအတွက် ကောင်းကျိုးတခု ရလိမ္မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်" ဟု မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးဖေသန်းက ပြောသည်။

ဦးဖေသန်း ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီး ရန်ကုန်သို့ ခေတ္တရောက်ရှိနေစဉ် ထိုသို့ ပြောဆိိုခဲ့ခြင်း ဖြစ်သည်။

၎င်းအပြင် သူက " အဲဒီ ကောင်းကျိုးဟာလည်း ကျွန်တော်တို့ တနိုင်ငံလုံးရဲ့ အကျပ်အတည်း ဒုက္ခက လွတ်မြောက် နိုင်အောင် အမေရိကန်က ပိတ်ဆို့ထားတဲ့ Sanction တွေကိုလည်း ဖွင့်ပေး လိမ္မယ် လို့ယူဆ တယ်။ ဒီလို ဖွင့်ပေးနိုင်ဖို့ အတွက် ကိုယ့်ဖက်ကလည်း တောင်းဆိုမှုတွေကို လိုက်လျောဖို့လိုအပ်တယ် လို့ မြင် ပါတယ်။ မစ္စက် ကလင်တန် လာတာဟာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ကောင်းကျိုးကိုဆောင်တယ် လို့ မြင်ပါ တယ်။

ဦးဖေသန်းက နိုင်ငံ ခေါင်းဆောင်များကိုလည်း ယခုလို ပြောကြားသည်။

"အထူးသဖြင့် ဒီနိုင်ငံက ခေါင်းဆောင်တွေလည်း အပြုသဘော တုန့်ပြန်ဖို့လိုပါတယ်။ အဲဒါကြောင့် ကျွန်တော် တို့က မစ္စက် ကလင်တန် ရောက်လာပြီးတဲ့ နောက်ပိုင်းမှာ နိုင်ငံရဲ့ ပြောင်းလဲလာမှုတွေကို ကျွန်တော်တို့ စိတ်ဝင်တစားနဲ့ စောင့်ကြည့် နေပါတယ်။ အမေရိကန် နိုင်ငံနဲ့ ကျွန်တော်တို့ နိုင်ငံတို့ နွေးထွေး တဲ့ဆက်ဆံမှု မရှိခဲ့တာတွေ ဒီနေ့အချိန်မှာ အားလုံး (ပြေပြေလည်လည်) နဲ့ ရှေ့ကိုခြေလှမ်းမှန်မှန် နဲ့ဆက်လျှောက်သွားတဲ့ အခါမှ ကျွန်တော်တို့ မြန်မာပြည်ဟာ တိုးတက်လာဖို့လို့ ကျွန်တော် လွတ်တော် ကိုယ်စားလှယ်တယောက်အနေနဲ့ လုံးဝ ယုံကြည်ပါတယ်။"

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်လည်း မစ္စက် ကလင်တန်နှင့် တွေ့ဆုံမည့် အအထဲတွင် ပါ၀င်ကြောင်း သူက ဆက်ပြောသည်။

"ကျွန်တော်တို့ ဥက္ကဌ ဒေါက်တာအေးမောင်လည်း မစ္စကလင်တန်နဲ့ တွေ့ဖို့အတွက် နေပြည်တော်မှာ အဆင်သင့် စောင့်ဆိုင်းလို့ရှိပါတယ်။ သူက တခြား ပါလီမန် အမတ်တွေနဲ့ အတူတွေ့ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ ရခိုင် ပြည်နယ် အတွက် ဒေါက်တာအေးမောင်က အခွင့်အရေး ရရင်ရသလို ပြောပေး နိုင်လိမ္မယ်လို့ မျှော်လင့်ထားပါတယ်။"

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စက် ကလင်တန်သည် ယမန်နေ့ ညနေပိုင်းက နေပြည်သို့ရောက်ရှိလာ ပြီး ယနေ့တွင် အစိုးရ အရာရှိကြီးများ၊ အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်များနှင့် တွေ့ဆုံမည် ဖြစ်သည်။

ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း အင်လျားလမ်း နေအိမ်တွင် တွေ့ဆုံမည် ဖြစ်ပြီး တွေ့ဆုံ အပြီးတွင် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ လုပ်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနှင့့် အမေရိကန် ဆက်ဆံရေး အေးခဲနေရာမှ ယခုနှစ်ပေါင်း ၅၆ နှစ် အတွင်း အဆင့်မြင့်ဆုံး အမေရိကန် အရာရှိကြီး တစ်ဦး မြန်မာကို ပထမဆုံး လာရောက် လည်ပတ်ခြင်း ဖြစ်သည်။

Most read this week