မလေးရှားတွင် ရခိုင် ၆ ဦး ဖမ်းဆီးခံရ

မလေးရှားတွင် ရခိုင် ၆ ဦး ဖမ်းဆီးခံရ
by -
ထွန်းထွန်း

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင်ဒုက္ခသည် အရေးကို ကူညီဆောင်ရွက်ပေးနေသော ရခိုင်ရုံး တစ်ရုံးမှ လူ ၆ ဦးကို ရဲက မနေ့က ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သတင်း ရရှိသည်။

အဆိုပါ ရုံး၏ ဒုတိအထပ်မှ မလေးရှား လဝက ရဲတပ်ဖွဲ့မှ ဖမ်းဆီးသွားကြောင်း ARRC ရုံးမှ ဥက္ကဌဖြစ်သူ ကိုစိုးထွန်းက နိရဥ္စရာသို့ ယခုလို ပြောသည်။

"မနေ့က ည ၅ နာရီ ၁၅ မိနစ်ခန့် မှာ ကျွန်တော်တို့ ARRC အဆောင်ကို မလေးရှား လဝက ရဲ ၆ ယောက် ၀င််လာတယ်။ အဆောင်တခုလုံးမှာ ရှိတဲ့ လူပေါင်း ၆၀ ကျော် ရ၀ လောက်ကို စစ်ဆေး ပါတယ်။ အဲဒီ အထဲက ၆ ဦးကိုဖမ်းဆီး သွားပါတယ်။ ဘာကြောင့် ဖမ်းသွားလဲ ဆိုတာတော့ အတိအကျမသိရသေးဘူး" ဟုပြောသည်။

ဖမ်းဆီးခံရသူများမှာ ရခိုင် အမျိုးသား ၄ ဦးနှင့် ရခိုင် အမျိုးသမီး ၂ ဦးဖြစ်ကြောင်း သူက ဆက်ပြောသည်။

"အမျိုးသား လေးဦးမှာတော့ ယူအန် အထောက်အထားတွေ ရှိပါတယ်။ နောက်အမျိုးသမီး ၂ ဦးက တော့ လျှောက်ထားဆဲ ယူအန်ကဒ်တွေ ရှိတယ်။ ပြီးရင်အဲဒီ အမျိုးသမီးတွေရဲ့ အမျိုးသား တွေမှာတော့ ယူအန်ကဒ်ရပြီး သားဖြစ်ပါ တယ်။ ဖမ်းဆီးသွားတဲ့ ပုံစံကို ကြည့်ရင် သူတို့ အပေါ် မကျေနပ်မူတွေ ရှိပုံရပါတယ်" ဟု သူက ပြောသည်။

အဆောင်ထဲကို ၀င်ဖမ်းစဉ် လဝက အရာရှိတဦးက "မင်းတို့တွေဒီနေရာမှာ စည်းမဲ့ ကမ်းမဲ့ နေလို့ မရဘူး" ဟု ပြော သွားခဲ့သည်ဟု သူက ဆိုသည်။

ARRC အဆောင်အနီးတွင် High School တစ်ခုရှိပြီး အဆောင်အောက်တွင်လည်း ၂၄ နာရီ ဖွင့်လှစ်ထားသော Seven Eleven စျေးဆိုင် တစ်ခုရှိကြောင်း၊ စည်းကမ်းတကျ မနေရာမှ ရဲက အမြင်ကပ်ပြီး လာဖမ်းခြင်း ဖြစ်နိုင်ကြောင်း သူက သုံးသပ် ပြောဆိုသည်။

ယခုအခါ ဖမ်းဆီးခံရသူ ၆ ဦးကို မလေးရှား လဝကရုံးတွင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း၊ သို့သော်လည်း သူတို့၌ တစုံတရာ အဖြစ်မရှိသည့် အတွက် များမကြာခင် ပြန်လည် လွတ်မြောက်ဖွယ်ရှိ ကြောင်း သူက ဆက်ပြောသည်။

သို့သော်လည်း လူအများထဲမှ ၆ ဦးကိုသာ ရွေးချယ် ဖမ်းဆီးခြင်း ဖြစ်သဖြင့် သူတို့ အတွက်စိုးရိမ်နေ သူများလည်း ရှိကြောင်း သိရသည်။

Most read this week