ရွှေတမာကျေးရွာသားများ လယ်မြေ ပြန်ရလိုကြောင်း ပြည်နယ်ဝန်ကြီးကိို စာတင်

ရွှေတမာကျေးရွာသားများ လယ်မြေ ပြန်ရလိုကြောင်း ပြည်နယ်ဝန်ကြီးကိို စာတင်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ရွှေတမာကျေးရွာ မှ ရွာသားများက သူတို့ရွာမှသိမ်းဆည်း ထား သော လယ်မြေများကို ပြန်ရလိုကြောင်း ပြည် နယ် ၀န်ကြီးချုပ်ထံ စာရေးတောင်းဆိုလိုက် ကြောင်း သတင်း ရရှိသည်။

minbya285ရွာသား စုစုပေါင်း ၁၁၅ ဦးက လက်မှတ်ထိုးပြီး မြို့နယ် အုပ်ချုပ်ရေးမှူးမှ သိမ်းယူထားသော လယ်ဧက (၂၂) ဧက ကို ပြန်လည် ပေးအပ်ရန် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ထံသို့ ယခုလ ၂၇ ရက်နေ့က စာရေးပို့ပေး လိုက််ကြောင်း ကျေးရွာသား တစ်ဦးက ပြောသည်။

" သိမ်းထားတဲ့ လယ်က ရွာသားတွေ စုပေါင်းပိုင်ဆိုတဲ့ လယ်တွေ ဖြစ်ကြပါတယ်။ အဲဒီတုန်းက မြို့နယ် မယက မှ နေပြီးတော့ မြို့နယ် သက်သာ ရံပုံငွေ အတွက် အကြောင်းပြသိမ်းသွားပါတယ်။ ၂၀၀၆ ခုနှစ်က ဖြစ်ပါတယ်" ဟု သူက ပြောသည်။

ယခုအခါ အဆိုပါ ကျေးရွာသားများ ပိုင်ဆိုင်သော လယ် ၂၂ ဧကအား ဦးမောင်ဝင်း (ရွှေတမာကျေးရွာ)၊ ဦးမောင်တင်ဝင်း (လက်မ ကျေးရွာ)နှင့် ဦးခင်မောင်ဝင်း (ရွွှေှတမာကျေးရွာ)အား မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ တနှစ်အတွက် တဧက ၅၀၀၀၀ နုန်းဖြင့် သီးစားချထားသည်ဟု သိရသည်။

" ဟိုတုန်းကတော့ ရွာသားတွေ စုပေါင်းပိုင်ဆိုင်တာ ဖြစ်တဲ့ အတွက် အဲဒီလယ်က ရတဲ့ လယ်ဌားခနဲ့ ကျေးရွာမှာ လိုအပ်တဲ့ ဘာသာရေး၊ လူမူရေး၊ ပညာရေး စတဲ့ နေရာတွေမှာ အသုံးပြုခဲ့ပါတယ်။ အခုတော့ ဘုန်းကြီးကျောင်းလည်း ပြင်မရ။ စာသင်ကျောင်းအတွက်လည်း သုံးလို့ မရ ဖြစ်နေကြပါတယ်" ဟု သူက ဆက်ပြောသည်။

ယခင် မင်းပြားမြို့နယ် မယက ဥက္ကဌမှ သက်သာ ရံပုံငွေ အတွက် အကြောင်းပြပြီး သိမ်းယူသွားသော လယ်မြေများကို သီးစားချပြီး ရရှိလာသော ငွေကြေးများကို နိုင်ငံတော် အတွက်သော်၎င်း၊ မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက်သော်၄င်း တစ်စုံတစ်ရာ အသုံးပြုခြင်း မရှိဘဲ ကိုယ်ကျိုး အတွက် အသုံးပြုခဲ့သည်ဟု မင်းပြားမြို့က စာရေးကြီး တစ်ဦးက ပြောသည်။

" အခုလည်း သက်သာအတွက်ဆိုပြီး အကြောင်းပြ သိမ်းထားတာပါ။ ရလာတဲ့ ငွွေတွေကို သူတို့က သူတို့ အိတ်ကပ်ထဲ ထည့်တာပါဘဲ။ ဒါပေမယ့် အခု အသစ်ကျလာတဲ့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးကတော့ မသိရသေးဘူး။ သူက ဒီကိစ္စတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ မသိရသေးဘူး" ဟု သူက ပြောသည်။

မင်းပြားမြို့နယ်တွင် လယ်သမားများထံမှ ခေါင်းစဉ် အမျိုးမျိုးဖြင့် အမည်တပ်ကာ အုပ်ချုပ်သူ အာဏာရှိသူများက သိမ်းယူထားသောလယ်မြေဧက မြောက်များစွာ ရှိပြီး အဆိုပါ သိမ်းယူသွားသော လယ်များကို လယ်သမားများက ပြန်လည် ရရှိရန် ဥပဒေဘောင် အတွင်းမှ ယခုအခါ တိုက်ပွဲဝင် တောင်းဆိုလျှက် ရှိကြောင်း သိရသည်။

Most read this week