ဖလုံ-စဝေါ်ပါတီ ဥက္ကဌဟောင်း စောသန်းကျော်ဦး ပါတီအသစ်တည်ထောင်ရန် လျှောက်ထား

ဖလုံ-စဝေါ်ပါတီ ဥက္ကဌဟောင်း စောသန်းကျော်ဦး ပါတီအသစ်တည်ထောင်ရန် လျှောက်ထား
by -
နန်းသူးလေ

ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ-PSDP ၏ ယခင် ဥက္ကဌ စောသန်းကျော်ဦး ခေါင်းဆောင်သည့် အဖွဲ့ဝင် ၁၆ ဦးသည် ကရင်ဒီမို ကရက်တစ်ပါတီ

ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ-PSDP ၏ ယခင် ဥက္ကဌ စောသန်းကျော်ဦး ခေါင်းဆောင်သည့် အဖွဲ့ဝင် ၁၆ ဦးသည် ကရင်ဒီမို ကရက်တစ်ပါတီ အမည်ဖြင့် ပါတီထောင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထား ကြောင်း ယနေ့ထုတ် အစိုးရပိုင်သ တင်းစာတွင် ဖော်ပြထားသည်။

DSC01196PSDP

စောသန်းကျော်ဦးသည် ပါတီစည်းကမ်းဖောက်ဖျက်မှုဖြင့် ပါတီဥက္ကဌရာထူးမှ နုတ်ထွက်ပေးရန်အောက်တို ဘာလ ၃၀ရက်နေ့ ၌ ဖလုံ-စဝေါ်ပါတီအဖွဲ့ဝင်များက အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့ပြီး နောက် နိုဝင်ဘာ ၆ရက်နေ့တွင် ရာထူးမှ နုတ်ထွက်ကာ ယခုလိုနိုင်ငံရေးပါတီ အသစ်တည်ထောင်ရေးလျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ဖလုံ-စဝေါ်ပါတီ၏ အထွေထွေ အတွင်းရေးမှူး စဘီကျင်ဦးက “ကျနော်တို့ ပါတီကနေ ဦးစောသန်းကျော်ဦး နုတ်ထွက်သွားပါ ပြီ။ ဒါကြောင့် သူ့သဘော သူ့ဆန္ဒနဲ့ ပါတီထောင်ဖို့လုပ်တာကို ကျနော်တို့အနေနဲ့ဘာမှ မပြောလိုပါဘူး။ သူပါတီထောင်လိုက်လို့ လည်း ကျနော်တို့ ပါတီအတွက် ဆိုးဆိုးဝါးဝါး ထိခိုက်တာမျိုးလည်း မရှိပါဘူး။”ဟု ပြောသည်။
Karen_New_party
ပါတီသစ်ထောင်ရန် လျှောက်ထားသည့် ကရင်ဒီမိုကရက်တစ်ပါတီထဲတွင် စောသန်းကျော်ဦးအပြင် ဖလုံ-စဝေါ်မှ အဖွဲ့ဝင် ၂ဦး ထက်မနည်း ပါ၀င်မည်ဟု ခန့်မှန်းရကြောင်းနှင့် မည်သူပါ၀င်မည်ကိုမူ တိကျစွာ မသိရသေးကြောင်း သူက ဆက်ပြောသည်။

မြန်မာအစိုးရ၏ ၂၀၀၈ပုံဖွဲ့စည်းပုံအရ နိုင်ငံရေးပါတီ တည်ထောင်လိုသူ ပုဂ္ဂိုလ်များသည် နိုင်ငံရေး မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၄နှင့် ပုဒ်မ ၆ပါ ပြဌာန်းချက်များနှင့် ညီညွှတ်မှုရှိမရှိ စိစစ်ပေးနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သက် ဆိုင်ရာ ၀န်ကြီးများဌာနများထံ မေတ္တာရပ်ခံညှိနှိုင်း ထားကြောင်းလည်း အစိုးရသတင်းစာတွင် ဖော်ပြထားသည်။

စောသန်းကျော်ဦးသည် လက်ရှိ ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဖြစ်သူ ယခင် ဖလုံ-စဝေါ်ပါတီ၏ ဥက္ကဌ စော ခင်မောင်မြင့်၏နေရာတွင် အစားထိုး အရွေးခံရသူဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ အတွင်း ကျိုက်မရောမြို့နယ် အမှတ်(၁)တွင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက် အရွေးခံခဲ့ရာ မဲရှုံးနိမ့်ခဲ့သည်။

Most read this week