တိုကျို မြန်မာသံရုံးရှေ့တွင် ရွှေသဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်း ရပ်တန့်ရန် ဆန္ဒပြ

တိုကျို မြန်မာသံရုံးရှေ့တွင် ရွှေသဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်း ရပ်တန့်ရန် ဆန္ဒပြ
by -
မောင်ရမ္မာ

အင်အား ၁၀၀ ကျော်ခန့်ပါ၀င်သော မြန်မာနိုင်ငံ သားများသည် နိုဝင်္ဘာလ ၂၇ ရက် တနင်္ဂနွေနေ့က တိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့ုသို့ သွားရောက်ကာ ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းကို ရပ်တန့်ရန်တောင်း ဆို ဆန္ဒပြခဲ့ကြသည်။

Stop-China-Trans-Burma-Oil-And-Gas-Pipelineဆန္ဒပြပွဲကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ- ဂျပန်ဌာနခွဲ)မှ ဦးဆောင် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

" ကျွန်တော်တို့ ဆန္ဒပြပွဲကို နေ့လည် ၃ နာရီမှာ စတင်နိုင်ခဲ့ပါတယ်။ အဓိကတော့ ရခိုင်ပြည်နယ်ထဲမှာ ရခိုင်က ထွက်တဲ့ ရွှေသဘာဝ ဓါတ်ငွေ့နဲ့ ၂၄ နာရီ မီးရရှိရေး တောင်းဆိုသူတွေကို ဖမ်းတာ ဆီးတာတွေ ရှိ်နေတဲ့ အပြင် နောက်ထပ် ဆန္ဒပြပွဲတွေကို မပေါ်ပေါက်နိုင်အောင် ခြိမ်းခြောက် နှိမ်နှင်းမူတွေ ပြုလုပ်နေ တယ်။ သမ္မတ ဦးသိန်းစိန်က ဒီမိုကရေစီ အစိုးရဆိုပြီး ခုလို တရားသဖြင့် တောင်းဆိုနေသူတွေကိုနှိမ်နှင်း နေတာဟာ လုံးဝ လက်မခံနိုင်တဲ့ ကိစ္စ ဖြစ်တဲ့ အတွက် ဒီနေရာမှာ လာပြီး ရခိုင်က ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းကို ရပ်တန့်ရေး၊ ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး အတွက် လာရောက် ဆန္ဒပြရတာဖြစ်ပါတယ်" ဟုု ရခိုင်ဒီမုုိကရေစီ အဖွဲ့ချုပ် (ဂျပန်) အထွေထွေ အတွင်းရေးမှူး ကိုကျော်သန်းလိူင်က ပြောသည်။

ဆန္ဒပြပွဲတွင် ပါ၀င်သူများက သံရုံးရှေ့တွင် ရွှေသဘာဝဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းရပ်တန့်ရေး၊တရုတ် ကိုလိုနီ အကျိုးစီးပွားကို ဆန့်ကျင်ကြ၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်မြောက်ရေး စသည့်ကြွေးကြော် သံများကို ကြွေးကြော်ပြီး ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

"ဒီစီမံကိန်းဟာ စစ်အစိုးရ လက်ထက်ကတည်း စတင်ခဲ့တဲ့ စီမံကိန်း ဖြစ်တယ်။ အခု ဦးသိန်းစိန်အစိုးရက လည်း အရပ်သား အစိုးရဆိုပြီး ဆက်လုပ်တယ်။ လူထုတွေရဲ့ သဘောထားကိုလည်း ဆန်းစစ်တာ မရှိဘူး။ ဒီစီမံကိန်းကြောင့် ပိုက်လိုင်းတည်ဆောက်မဲ့ တခြားတိုင်းနဲ့ပြည်နယ်တွေမှာလည်း လယ်မြေတွေကိုသိမ်းယူ ထာတို့ အမျိုးသမီးတွေကို နိုင်ထက် စီးနှင်း လုပ်နေတာတွေ ရှိတယ်။ အဲဒီ စီမံကိန်းဟာ မြန်မာ ပြည်သူတွေ အတွက် ဘာအကျိုးမရှိတဲ့ စီမံကိန်း ဖြစ်ပါတယ််။ တရုတ်အတွက် စီမံကိန်း ဖြစ်ပါတယ်" ဟု သူကဆက် ပြောသည်။

Stop-China-Trans-Burma-Oil-And-Gas-Pipelines
၎င်းပြင်သူက "နိုင်ငံတကာမှာ ကျွန်တော်တို့ သိရသလောက် အဲသလို ဖက်စပ် စီမံကိန်းကြီးတွေကို လုပ်ကိုင်တဲ့ အခါ သက်ဆိုင်ရာ နိုင်ငံတွေက အကျိုးအမြတ် ၅၀ ရာနုန်းတို့ ၆၀ ရာနုန်းတို့ ရကြတယ်လို့ သိရပါတယ်။ မြန်မာမှာကျတော့ ၂၀ နဲ့ ၃၀ ရာနုန်းဘဲ ရတယ်လို့ သိရပါတယ်။ အဲဒီရတဲ့ ရာနုန်းတွေက လည်း စစ်ယူနီဖေါင်းဝတ်ထားတဲ့သူတွေနဲ့ ချွတ်ထားတဲ့သူတွေ အတွက်ဘဲဆိုတော့ ဒီစီမံကိန်းက တိုင်းပြည် အတွက် ဘာမှ အကျိုး မရှိနိုင်ဘူးလို့ ပြောလို့ရပါတယ်" ဟု သူက ဆက်ပြောသည်။

ဆန္ဒပြ တောင်းဆိုရခြင်း၏ ရည်ရွယ်ချက်ကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပြည်ပ (ဂျပန်) ဥက္ကဌကိုလှအေးမောင် ကလည်း နိရဥ္စရာသို့ ယခုကဲ့သို့ ထပ်မံ ပြောကြားသည်။

" ပြည်သူလူထုတရပ်လုံးက လက်ခံတဲ့ ဒီမိုကရေစီ အစိုးရတရပ် ပေါ်ပေါက်လာတဲ့ အထိ ဒီစီမံကိန်းကို ရပ် တန့်ထားဖို့၊ နောက်တခုက ရခိုင်ပြည်နယ် တခုလုံး ၂၄ နာရီ လျှပ်စစ်မီး ရရှိဖို့ အဓိကထားတောင်းဆိုခဲ့ပါ တယ်။"

ပိုက်လိုင်းတလျှောက်တွင် စစ်တပ်ပေါင်း ၃၆ ရင်း ချထားပြီး ဂတ်စ်ပိုက်လိုင်း လမ်းတလျှောက်တွင် လူ့အခွင့်အရေး ချိုးဖေါက်မှုများ ၊ လယ်ယာမြေ အသိမ်းခံရမှုများ ဖြစ်ပေါ်နေကြောင်း သူကပြောကြား သည်။

ရွှေသဘာဝဓါတ်ငွေ့စီမံကိန်း ရပ်တန့်ရေး လူပ်ရှားမူများ ကမ္ဘာ အဝန်းတွင် ပေါ်ပေါက်အောင် ဆက်လက် လုပ်ဆောင် သွားမည်ဟု ထိုင်းအခြေစိုက် ရွှေဂတ်စ် လှုပ်ရှားမှု အဖွဲ့ တာဝန်ခံ ကိုဝင်းအောင်ကလည်း နိရဥ္စရာသို့ ပြောသည်။

"ကျနော်တို ့အနေ နှင့် အခုလို ကိုယ့်တိုင်းပြည်က ထွက်တဲ့ သဘာဝဓါတ်ငွေ ့ကို ဒေသခံ တိုင်ရင်းသား ပြည်သူတွေအတွက် အသုံးမပြုဘဲ ၊အစိုးရအနေနှင့် တရုတ်ကို အကုန်လုံး ရောင်းမယ်ဆိုပြီး ပြောဆို လိုက်တာ ဟာ ပြည်သူလူထုအားလုံးကို စော်ကားရန် ပြုလိုက်တာပါဘဲ ။ ပြည်သူလူထု အကျိုး မခံစားရတဲ့ မတရားတဲ့ ရင်းနှီးမြုပ်နှံမှုတွေကို အကုန်လုံး ၀ိုင်းဆန့်ကျင်ဖို ့လိုတယ်။ ကိုယ့်ပြည်သူတွေ အကျိုး အမြတ် တွေ ခံစားပိုင်ခွင့် ရတဲ့အထိ တောင်းဆိုဆန္ဒပြမှုတွေကို ပြည်တွင်းမှာရော နိုင်ငံတကာ အသီးသီးမှာပါ အရှိန်အဟုန် မြှင့်တင်ပြီး ပူးပေါင်း လုပ်ဆောင်းသွားမှာပါ။"

ဆန္ဒပြနေစဉ် အတွင်း မြန်မာသံရုံး ၀င်းတံခါးကို ပိတ်ထားပြီး မည်သည့် တုန့်ပြန်မူကိုမှ ပြုလုပ်ခဲ့ခြင်းမရှိ ကြောင်း သိရသည်။

Most read this week