၂၄ နာရီ လျှပ်မီးရရှိရေး ဆန္ဒပြမည့် အစီအစဉ် ဖြိုခွင်းခံရပြီး နောက် ရခိုင်လူငယ် များကို စစ်ဆေးမှုပိုများလာ

၂၄ နာရီ လျှပ်မီးရရှိရေး ဆန္ဒပြမည့် အစီအစဉ် ဖြိုခွင်းခံရပြီး နောက် ရခိုင်လူငယ် များကို စစ်ဆေးမှုပိုများလာ
by -
မောင်အေး

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လွန်ခဲ့သည့် စနေနေ့က ရခိုင်မှ ထွက်သည့် ရွှေသဘာဝ ဓါတ်ငွေ့ဖြင့် ရခိုင် တပြည်နယ်လုံး မီး ၂၄ နာရီ ရရှိရေး တောင်းဆိုဆန္ဒပြမည့် အစီအစဉ်ကို အာဏာပိုင်များမှ ဖြိုခွင်းပြီးနောက် ရခိုင်လူငယ် များကို စစ်ဆေးမှု ပိုများလာနေကြောင်းသိရှိရ သည်။

ယခုကဲ့သို့ စစ်ဆေးမှုများလာကြောင်းကို လှုပ်ရှားမှုကို ဦးဆောင်ခဲ့ပြီး ယခုအခါ တိမ်းရှောင်နေသူ တဦးက ယခုကဲ့သို့ပြာသည်။

our-gas-ous-future-Shwe-gas
" သူတို့က အဓိက ခေါင်းဆောင်ခဲ့တဲ့ မာမာကို လိုက်ရှာနေတယ်။ ဟိုတနေ့ ကလည်း မာမာယောကျင်္ားကို မင်း ပြားမှာ စစ်ဆေးတယ်လို့ သိရတယ်။ သူမရဲ့သား ကံထွန်းကြည်ကိုလည်း စစ်ဆေးမေးမြန်းတယ်လို့ သိရပါတယ်။"

ကိုကံထွန်းကြည်အား ခေါ်ယူ စစ်ဆေးခံရပုံကို သူက ယခုလို ပြောသည်။

"မနေ့က စစ်တွေမှာ ကိုကံထွန်းကို ခေါ်ယူ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ မင်းအမေနဲ့ အဆက်အသွယ်ရှိ လား။ မင်းအမေအရုပ်က ဘယ်ပုံစံလည်း ဆိုပြီးမေးတယ်။ ကံထွန်းကြည်ပြောတာက အမေနဲ့ အဆက် အသွယ် မရှိဘူး။ အမေကို မမြင်ဖူးရင် ကျွန်တော်အရုပ်ကိုကြည့် ဆိုပြီး ပြောခဲ့တယ်လို့ ပြောတယ်။ နောက်ပြီး မိသားစု နောက်ကြောင်းတွေကို မေးတယ်လို့ပြောတယ်။ ပြီးတော့ ကံထွန်းကြည်ကလည်း ပြန်မေးခဲ့ တယ်လို့ပြောတယ်။ ကျွန်တော့်အမေမှာ ဘာအဖြစ်ရှိလို့ဒီလောက် လိုက်ရှာနေရတာလဲ။ ကျွန်တော့် အမေ က မဟုတ်မခံဘူး။ ဒါပေမဲ့ ကျွန်တော်နဲ့ အဆက်အသွယ်မရှိတဲ့ အတွက် မသိဘူးဆိုပြီး ပြန်ပြောခဲ့တယ်လို့ သိရတယ်" ဟု ပြောသည်။

အခုအခါ စစ်တွေမြို့တွင် ကံထွန်းကြည်နှင့် ဆက်စပ်သူများကို အဓိကထား စစ်ဆေးနေပြီး စစ်ဆေးရာတွင် လည်း ရဲစခန်းတွင် စစ်ဆေးခြင်းမဟုတ်ဘဲ လ္ဘက်ရည်ဆိုင်များကို ခေါ်ယူ စစ်ဆေး နေခြင်းဖြစ်သည်။

"ကံထွန်းကြည်ကို ခေါ်စစ်တာက ရဲစခန်းကို ခေါ်စစ်တာမဟုတ်ဘူး။ လ္ဘက်ရည်ဆိုင်မှာ ခေါ်စစ်တာ။ ဒီနေ့လည်း ကျော်ခင်သန်းဆိုတဲ့ လူငယ် တစ်ဦးကို လ္ဘက်ရည်ဆိုင် တစ်ဆိုင်ကို ခေါ်ထားတယ်လို့ သိရတယ်။ နောက်ပြီး အဆိုတော်ကို ဒိုးရ်ရီကို လည်း ခေါ်ထားတယ်ဆိုပြီး သတင်းတွေ ထွက်နေတယ်" သူက ပြောသည်။

ရဲစခန်းကို ခေါ်ယူစစ်ဆေးပါက ဖမ်းဆီးထားသည်ဆိုသော သတင်းများ ထွက်ပေါ်မည်ကို စိုးရိမ်သဖြင့် လူငယ်များကို ရဲစခန်းသို့ မခေါ်ယူဘဲ လဘက်ရည်ဆိုင်များတွင် ခေါ်ယူ စစ်ဆေးနေခြင်းဖြစ်ဟန်တူသူ သည်ဟု သူက ဆက်ပြောသည်။

ယခုအခါ မာမာကို သဲကြီးမဲကြီး လိုက်ရှာနေပြီး ရခိုင်ပြည်နယ်ရှိ ရဲစခန်းများနှင့် ရန်ကုန်အပါအဝင် ထိုင်းနယ်စပ် ရနောင်းမြို့ထိ လိုက်ရှာနေသည်ဟု ရဲက ကံထွန်းကြည်ကို ပြောလိုက်ကြောင်း သိရသည်။

ယခုလ ၁၉ ရက်နေ့ညနေကလည်း ဆရာမ ခိုင်ခိုင်နေအိမ်ကို ရဲမှစစ်ဆေးခဲ့ကြောင်း သူမ၏ ဆွေမျိုးတစ်ဦးက ယခုကဲ့သို့ ပြောသည်။

" ဒီလ ၁၉ ရက်နေ့ ညနေကပေါ့နော်။ စစ်တွေမှာ ဆရာမခိုင်ခိုင်အိမ်ကို ရဲတွေဝိုင်းပြီး စစ်ဆေးတယ်။ အဲဒီ အချိန်မှာ မာမာက မရှိဘူး။ အဲဒီ အိမ်မှာရှိတဲ့ ကျောင်းသား ၅ ယောက်ကိုလည်း မာမာဆိုတာ သိလား သူနဲ့အဆက်အသွယ် ရှိလား ဆိုပြီးစစ်တယ်။ တအိမ်လုံးကို မွေနှောက်သွားတယ်။"

အလားတူး ကျောက်ဖြူမြို့တွင်လည်း အမျိုးသမီးငယ်တဦးကို ရဲတပ်ဖွဲ့ အသည်းအသန်လိုက်ရှာနေပြီး သူ တည်းခိုခဲ့သည့် ဟိုတယ်အပါအဝင် ဆက်စပ်သူများကို ခေါ်ယူ စစ်ဆေးမှုများရှိနေကြောင်း သိရှိရသည်။

Most read this week