ပိတ်ထားရသည့် နယ်စပ် စာသင်ကျောင်း ပြန်ဖွင့်နိုင်ပြီ

ပိတ်ထားရသည့် နယ်စပ် စာသင်ကျောင်း ပြန်ဖွင့်နိုင်ပြီ
by -
စောသိန်းမြင့်

အစိုးရစစ်တပ်၏ စစ်ရေးလှုပ်ရှားမှုကြောင့် နှစ်ပတ် ကြာ ပိတ်ထားရသည့် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်မှ စာသင်ကျောင်းတစ်ကျောင်းသည် ယခုလ ၂၃ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ ပြီဖြစ်သည်။

ယခုလ ၁၂ရက်နေ့က အစိုးရစစ်တပ် တပ်မ(၁၁) လက်အောက်ခံ ခမရ(၂၁၈)တပ်ရင်းသည် ဖာပွန်မြို့နယ်၊ လယ်ထူ့ဖိုးဂွင်သို့ ၀င် ရောက်လှုပ်ရှားရာတွင် ရတန်းအထိ သင်ကြားပို့ချပေးသည့် အလယ်တန်းစာသင် ကျောင်းကို လုံခြံုရေးအခြေအနေကြောင့် ယာယီ ပိတ်ထားခဲ့ရခြင်း ဖြစ်သည်။

လယ်ထူ့ဖိုးဂွင်ရှိ KTWG အဖွဲ့ဝင် ဆရာစောလွဲထူးက “လုံခြံုရေးအခြေအနေကြောင့် နှစ်ပတ်ကြာကျောင်းပိတ် လိုက်ရတယ်။ အခု စစ်တပ်က တိုသေ့ဖူးဘက်မှာ ပြန်ဆုတ်သွားတဲ့အတွက် အခု ကျောင်းသားတွေ ပုံမှန် ကျောင်းပြန်တက်နိုင်ပြီ။”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါစာသင်ကျောင်းသည် ကေအဲန်ယူ ထိန်းချုပ်ရာနယ်မြေတွင်ရှိပြီး ကျောင်းသူကျောင်းသားဦးရေ ၁၀၇ဦးနှင့် ကျောင်းဆရာ ၉ဦးရှိသည်ဟု KTWG က ပြောဆိုသည်။

ထိုနေရာသည် ဖာပွန်မြို့၏ အနောက်ဘက်ခြမ်းတွင် တည်ရှိပြီး ကားဖြင့် ရနာရီ ခရီးကြာ မောင်းနှင်ရသည်။

ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းမှ ယခုလလယ်ပိုင်းအထိ ပဲခူးတိုင်း-ကျောက်ကြီးမြို့နယ် အခြေစိုက် အစိုးရတပ် တပ်မ(၁၁) မှ ၎င်းတို့ရှေ့တန်းတပ်စခန်းချရာ ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ နယ်စပ်သို့ ရိက္ခာပို့ဆောင်ရာ လမ်းတလျှောက်ရှိ မသင်္ကာဖွယ်ရာ နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် စာသင်ကျောင်းတချို့ ပိတ်ပစ်ခဲ့ရသည်။

Most read this week